တာလီဘန်တွေနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးအတွက် အဆင့်သင့်ဖြစ်နေပြီလို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောဆို

တာလီဘန်တွေနဲ့ ချစ်ကြည်ရင်းနှီးတဲ့ ဆက်ဆံရေးအတွက် အဆင့်သင့်ဖြစ်နေပြီလို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောဆို

အာဖဂန်ကို တာလီဘန်တွေ ထိန်းချုပ်ခဲ့ပြီးနောက် တရုတ်က အာဖဂန်နဲ့ ဆက်ဆံရေးတွေကို ပိုမိုမြှင့်တင်ဖို့အဆင့်သင့်ဖြစ်နေပြီလို့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောခွင့်ရအမျိုးသမီးက ဒီနေ့မှာ ပြောဆိုလိုက်ပါတယ်။ အမေရိကန်က အာဖဂန်ကနေ ထွက်ခွာခဲ့ချိန်ကစပြီး တရုတ်ဟာ တာလီဘန်တွေနဲ့ တရားမဝင်ဆက်ဆံရေးကို စတင်ခဲ့ပြီး သဘောတူညီမှုတွေပါ ရယူနိုင်ခဲ့ပါတယ်။

တရုတ် နဲ့ အာဖဂန်ကတော့ ၇၆ မိုင်အထိ နယ်နိမိတ်ချင်းထိစပ်နေတဲ့ နိုင်ငံတွေဖြစ်ပါတယ်။ Xinjiang ဒေသမှာဖြစ်ပွားနေတဲ့ ဝီဂါလူနည်းစုအပေါ် တရုတ်တို့ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုပြသနာတွေနဲ့အတူ အစ္စလာမ္မစ်လှုပ်ရှားမှုတွေ ပေါ်ပေါက်ခဲ့ရာမှာ အာဖဂန်က အချက်အချာဒေသဖြစ်လာနိုင်တဲ့အပေါ် တရုတ်က ကြာမြင့်စွာစိုးရိမ်နေခဲ့ပါတယ်။

ဒါပေမယ့်လည်း တာလီဘန်ထိပ်တန်းခေါင်းဆောင်တွေနဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိတို့ ပြီးခဲ့တဲ့လအတွင်းက တီယန်ကျင်းမှာ တွေ့ဆုံခဲ့ကြပါတယ်။ ဒီတွေ့ဆုံမှုမှာ တာလီဘန်တွေက အာဖဂန်တွေကို အသုံးချခံနယ်မြေမဖြစ်စေရဘူးလို့ ကတိကဝတ်ပြုခဲ့ပြီး တရုတ်ကလည်း အာဖဂန်ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်တွေမှာ ကူညီပေးဖို့ အပြန်အလှန်ကတိပေးခဲ့ပါတယ်။

ဒီနေ့မှာတော့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက “အာဖဂန်နဲ့ ပိုမိုရင်းနှီးတဲ့ဆက်ဆံရေးတွေကို ထူထောင်ဖို့အတွက် ကြိုဆိုပါတယ်၊ တာလီဘန်တွေကလည်း တရုတ်နဲ့ ဆက်ဆံရေးကောင်းတွေတည်ဆောက်ချင်တဲ့ သူတို့ရဲ့မျှော်လင့်ချက်ကို အကြိမ်ကြိမ်ထုတ်ဖော်ပြောဆိုခဲ့ပါတယ်၊ သူတို့က အာဂဖန်ပြန်လည်ထူထောင်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးမှာ တရုတ်ရဲ့ပါဝင်မှုကို မျှော်လင့်နေကြပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။

“တရုတ်က အာဖဂန်လူမျိုးတွေရဲ့ ကံကြမ္မာကို ကိုယ်တိုင်လွတ်လပ်စွာဆုံးဖြတ်ခွင့်ရှိမှုအပေါ်မှာ လေးစားမှုရှိပြီး ဆက်လက်ဖွံ့ဖြိုးတိုးတက်စေဖို့ ဆန္ဒရှိပါတယ်၊ အာဖဂန်နဲ့ချစ်ကြည်ရင်းနှီးတဲ့ဆက်ဆံရေးကိုလည်း ဆက်လက်လုပ်ဆောင်သွားမှာပါ” လို့ ပြောခွင့်ရအမျိုးသမီး Hua Chunying က သတင်းထောက်တွေကို ပြောဆိုခဲ့ကြောင်း Al Jazeera က ဖော်ပြခဲ့ပါတယ်။

ကဘူးလ်က တရုတ်သံရုံးကတော့ မူလအတိုင်းဆက်လက်ဖွင့်လှစ်ထားဆဲဖြစ်တယ်လို့လည်း သူမကဆိုပါတယ်။ ဒါပေမယ့်လည်း ဘေဂျင်းဟာ အာဖဂန်မှာလုံခြုံရေးအခြေအနေယိုယွင်းချိန်ကတည်းက တရုတ်နိုင်ငံသားတွေကို အာဖဂန်ကနေ ကယ်ထုတ်ဖို့အတွက် ကြိုးစားနေတာ တစ်လကျော်ကြာနေပြီဖြစ်ပြီး ဒီနေ့မှာတော့ လုံခြုံရေးအရပ်ရပ်ကို ဂရုစိုက်ပြီး အိမ်ထဲမှာသာနေထိုင်ဖို့အတွက် တိုက်တွန်းထားပါတယ်။

The River News TRN

————-

တာလီဘန္ေတြနဲ႔ ခ်စ္ၾကည္ရင္းႏွီးတဲ့ ဆက္ဆံေရးအတြက္ အဆင့္သင့္ျဖစ္ေနၿပီလို႔ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာဆို

အာဖဂန္ကို တာလီဘန္ေတြ ထိန္းခ်ဳပ္ခဲ့ၿပီးေနာက္ တ႐ုတ္က အာဖဂန္နဲ႔ ဆက္ဆံေရးေတြကို ပိုမိုျမႇင့္တင္ဖို႔အဆင့္သင့္ျဖစ္ေနၿပီလို႔ ႏိုင္ငံျခားေရးဝန္ႀကီးဌာနရဲ႕ ေျပာခြင့္ရအမ်ိဳးသမီးက ဒီေန႔မွာ ေျပာဆိုလိုက္ပါတယ္။ အေမရိကန္က အာဖဂန္ကေန ထြက္ခြာခဲ့ခ်ိန္ကစၿပီး တ႐ုတ္ဟာ တာလီဘန္ေတြနဲ႔ တရားမဝင္ဆက္ဆံေရးကို စတင္ခဲ့ၿပီး သေဘာတူညီမႈေတြပါ ရယူႏိုင္ခဲ့ပါတယ္။

တ႐ုတ္ နဲ႔ အာဖဂန္ကေတာ့ ၇၆ မိုင္အထိ နယ္နိမိတ္ခ်င္းထိစပ္ေနတဲ့ ႏိုင္ငံေတြျဖစ္ပါတယ္။ Xinjiang ေဒသမွာျဖစ္ပြားေနတဲ့ ဝီဂါလူနည္းစုအေပၚ တ႐ုတ္တို႔ရဲ႕ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈျပသနာေတြနဲ႔အတူ အစၥလာမၼစ္လႈပ္ရွားမႈေတြ ေပၚေပါက္ခဲ့ရာမွာ အာဖဂန္က အခ်က္အခ်ာေဒသျဖစ္လာႏိုင္တဲ့အေပၚ တ႐ုတ္က ၾကာျမင့္စြာစိုးရိမ္ေနခဲ့ပါတယ္။

ဒါေပမယ့္လည္း တာလီဘန္ထိပ္တန္းေခါင္းေဆာင္ေတြနဲ႔ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီး ဝမ္ယိတို႔ ၿပီးခဲ့တဲ့လအတြင္းက တီယန္က်င္းမွာ ေတြ႕ဆုံခဲ့ၾကပါတယ္။ ဒီေတြ႕ဆုံမႈမွာ တာလီဘန္ေတြက အာဖဂန္ေတြကို အသုံးခ်ခံနယ္ေျမမျဖစ္ေစရဘူးလို႔ ကတိကဝတ္ျပဳခဲ့ၿပီး တ႐ုတ္ကလည္း အာဖဂန္ျပန္လည္ထူေထာင္ေရးလုပ္ငန္းစဥ္ေတြမွာ ကူညီေပးဖို႔ အျပန္အလွန္ကတိေပးခဲ့ပါတယ္။

ဒီေန႔မွာေတာ့ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက “အာဖဂန္နဲ႔ ပိုမိုရင္းႏွီးတဲ့ဆက္ဆံေရးေတြကို ထူေထာင္ဖို႔အတြက္ ႀကိဳဆိုပါတယ္၊ တာလီဘန္ေတြကလည္း တ႐ုတ္နဲ႔ ဆက္ဆံေရးေကာင္းေတြတည္ေဆာက္ခ်င္တဲ့ သူတို႔ရဲ႕ေမွ်ာ္လင့္ခ်က္ကို အႀကိမ္ႀကိမ္ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္၊ သူတို႔က အာဂဖန္ျပန္လည္ထူေထာင္ေရးနဲ႔ ဖြံ႕ၿဖိဳးတိုးတက္ေရးမွာ တ႐ုတ္ရဲ႕ပါဝင္မႈကို ေမွ်ာ္လင့္ေနၾကပါတယ္” လို႔ ေျပာဆိုခဲ့ပါတယ္။

“တ႐ုတ္က အာဖဂန္လူမ်ိဳးေတြရဲ႕ ကံၾကမၼာကို ကိုယ္တိုင္လြတ္လပ္စြာဆုံးျဖတ္ခြင့္ရွိမႈအေပၚမွာ ေလးစားမႈရွိၿပီး ဆက္လက္ဖြံ႕ၿဖိဳးတိုးတက္ေစဖို႔ ဆႏၵရွိပါတယ္၊ အာဖဂန္နဲ႔ခ်စ္ၾကည္ရင္းႏွီးတဲ့ဆက္ဆံေရးကိုလည္း ဆက္လက္လုပ္ေဆာင္သြားမွာပါ” လို႔ ေျပာခြင့္ရအမ်ိဳးသမီး Hua Chunying က သတင္းေထာက္ေတြကို ေျပာဆိုခဲ့ေၾကာင္း Al Jazeera က ေဖာ္ျပခဲ့ပါတယ္။

ကဘူးလ္က တ႐ုတ္သံ႐ုံးကေတာ့ မူလအတိုင္းဆက္လက္ဖြင့္လွစ္ထားဆဲျဖစ္တယ္လို႔လည္း သူမကဆိုပါတယ္။ ဒါေပမယ့္လည္း ေဘဂ်င္းဟာ အာဖဂန္မွာလုံၿခဳံေရးအေျခအေနယိုယြင္းခ်ိန္ကတည္းက တ႐ုတ္ႏိုင္ငံသားေတြကို အာဖဂန္ကေန ကယ္ထုတ္ဖို႔အတြက္ ႀကိဳးစားေနတာ တစ္လေက်ာ္ၾကာေနၿပီျဖစ္ၿပီး ဒီေန႔မွာေတာ့ လုံၿခဳံေရးအရပ္ရပ္ကို ဂ႐ုစိုက္ၿပီး အိမ္ထဲမွာသာေနထိုင္ဖို႔အတြက္ တိုက္တြန္းထားပါတယ္။

The River News TRN

Be the first to comment on "တာလီဘန်တွေနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးအတွက် အဆင့်သင့်ဖြစ်နေပြီလို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောဆို"

Leave a comment

Your email address will not be published.


*