သိန်းနဲ့ချီတန်တဲ့ ရတနာပစ္စည်းတွေကို ချစ်မေမေဝတ်ဆင်ဖို့အတွက် ဝယ်ပေးလိုက်တဲ့ ရွှေကစ်






Unicode

မင်းသမီးချောလေး ဝတ်မှုန်ရွှေရည်ကတော့ အခုချိန်အထိ ဆယ်ကျော်သက်လေးတစ်ယောက်လို နုပျိုလှပနေတဲ့ ပရိသတ်အချစ်တော်လေးတစ်ဦးပဲ ဖြစ်ပါတယ် ။

ရွှေကစ်က ဖြူဖွေးဝင်းဥတဲ့အသားအရေလေးအပြင် ကိုရီးယားမလေးလို့တောင်ထင်မှတ်ရတဲ့ မျက်နှာလှလှလေးကိုပါ ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ် ။ ဒါ့အပြင် ရွှေကစ်လေးက ဖက်ရှင်ကျကျဝတ်ဆင်တတ်သူလေးဖြစ်လို့ အမြဲတမ်းကျော့ရှင်းလှပနေတာ ဖြစ်ပါတယ် ။

အနုပညာအလုပ်တွေနဲ့ပတ်သက်ရင်လည်း ရွှေကစ်လေးက ကြိုးစားပမ်းစား လုပ်ကိုင်တတ်တာကြောင့် အောင်မြင်မှုတွေများစွာ ရရှိနေတာ ဖြစ်ပါတယ် ။ လက်ရှိမှာတော့ ရွှေကစ်လေးက အိမ်မှာပဲ မိသားစုနဲ့အတူ အေးချမ်းပျော်ရွှင်စွာ နေထိုင်နေတာပဲ ဖြစ်ပါတယ် ။

အခုလည်း ရွှေကစ်လေးက သူမရဲ့သူငယ်ချင်း Christina Linn ရောင်းချတဲ့ ရတနာ Live Sale ကနေ အမေ့အတွက်လက်ဆောင်တစ်ချို့ ဝယ်ပေးခဲ့တာပဲ ဖြစ်ပါတယ် ။

ရွှေကစ်လေးက သူမရဲ့ချစ်မေမေအတွက်ဆိုပြီး အဖိုးတန်ပုလဲနဲ့ တန်ဖိုးကြီးစိန်တွေ ပေါင်းစပ်ပြုလုပ်ထားတဲ့ နားကပ်လှလှလေးတစ်ရံကို ဝယ်ပေးလိုက်တာပဲ ဖြစ်ပါတယ် ။ ဒါ့အပြင် ရွှေကစ်လေးက သိန်းဆယ်ချီတန်ကြေးရှိတဲ့ ရတနာပစ္စည်းတွေကိုလည်း သူမအတွက်ပါ ဝယ်ယူအားပေးခဲ့သေးတာ ဖြစ်ပါတယ် ။ ကဲ ရွှေကစ်ဝယ်ထားတဲ့ ရတနာပစ္စည်းတွေနဲ့ သူမတို့သားအမိပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Be the first to comment on "သိန်းနဲ့ချီတန်တဲ့ ရတနာပစ္စည်းတွေကို ချစ်မေမေဝတ်ဆင်ဖို့အတွက် ဝယ်ပေးလိုက်တဲ့ ရွှေကစ်"

Leave a comment

Your email address will not be published.


*