ရုရှားအင်အားကို ပိုတောင့်စေဖို့ T-14 Armata တင့်ကားတွေထပ်ရရှိ

ရုရှားကြည်းတပ်အနေနဲ့ မကြာခင်အချိန်အတွင်းမှာ နာမည်ကျော်နေတဲ့ T-14 Armata ပင်မတိုက်ပွဲဝင်တင့်ကားစနစ်တွေကို လက်ခံရရှိတော့မှာဖြစ်တယ်လို့
Deputy Defense Minister Alexei Krivoruchko က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ယခုနှစ်အတွင်းမှာပဲ အစီးရေအနည်းဆုံး အသစ်စက်စက် ၂၀ စီး ရရှိမှာဖြစ်တယ်လို့လည်းဆိုပါတယ်။


ဒါ့အပြင် T-90M တင့်ကား ၆၅ စီးနဲ့အတူ ပြုပြင်မွမ်းမံထားတဲ့ T-90 တင့်ကား စနစ်တွေလည်းရရှိမယ်လို့သိရပါတယ်။

နောက်ထပ် T-15 ကျည်ကာယာဉ်စနစ်နဲ့ ကျည်ကာပြန်လည်ပြုပြင်ရေးယာဉ်T-16 တွေကိုလည်းထပ်မံရရှိမှာဖြစ်ပါတယ်။

နောက်ဆုံးအားဖြင့် T-14 Armata တင့်ကားတွေကို မောင်းသူမဲ့အဖြစ်အနေနဲ့လည်း စမ်းသပ်ဆောင်ရွက်လျက်ရှိတယ်လို့သိရှိရပါတယ်။

Be the first to comment on "ရုရှားအင်အားကို ပိုတောင့်စေဖို့ T-14 Armata တင့်ကားတွေထပ်ရရှိ"

Leave a comment

Your email address will not be published.


*