ကိုယ့်ဘာသာခြေရာခံနိုင်တဲ့ ဒရုန်းမှာတပ်တဲ့စနစ်ကို အမေရိကန်စမ်းသပ်

အမေရိကန်ကုမ္ပဏီတစ်ခုဖြစ်တဲ့ General Atomics Aeronautical Systems, Inc. (GA-ASI) ဟာ Avenger Unmanned Aircraft System ဒရုန်းစနစ်ကို လော့ဟိမာတင်ထုတ် ပစ်မှတ်အပေါ် အလိုအလျောက်ခြေရာခံလိုက်ရှာပေးသောစနစ် Legion Pod တပ်ဆင်ပြီး စမ်းသပ်မှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရှိရပါတယ်။

အဆိုပါဆောင်ရွက်ချက်ကို ကယ်လီဖိုးနီးယားတောင်ပိုင်း သဲကန္တရထူထပ်တဲ့ နေရာမှာ စမ်းသပ်ဆောင်ရွက်ခဲ့တယ်လို့ သိရှိရပါတယ်။

စစ်ဘက်တိုက်လေယာဉ်အများစုမှာ ပစ်မှတ်ကို ခြေရာခံဖို့အတွက် ဝေဟင်မှ ဝေဟင်ပစ်မှတ်ရှာရေဒါစနစ်ကို တပ်ဆင်အသုံးပြုလေ့ရှိပါတယ်။

ခုတော့ ဒရုန်းစနစ်အပေါ်ကို ရောက်ရှိလို့လာပါပြီ။ ဒါဟာတကယ့်ကို ထိရောက်မှုတစ်ခုပါ။

Legion Pod စနစ်ဟာ ဘက်စုံဆောင်ရွက်နိုင်တဲ့ အာရုံခံစနစ်တွေပါဝင်ပါတယ်။ ရေဒါကနေ ဖမ်းယူရရှိခြင်းမရှိနိုင်တဲ့ ပစ်မှတ်ရှာခြင်းစနစ်တွေအပေါ်မှာ ပူးပေါင်းဆောင်ရွက်နိုင်တယ်လို့ဆိုပါတယ်။

၁၆ လက်မအရွယ်တည်ဆောက်ထားတဲ့ ၎င်းစနစ်မှာ IRST21 အာရုံခံစနစ် အပါအဝင် ရန်သူကို ဝေဟင်မှဝေဟင်အပြစ် ကြည်လင်ပြတ်သားစွာ ထောက်လှမ်းခွဲခြားနိုင်ဖို့ အဆင့်မြှင့်အာရုံခံစနစ်တွေပါဝင်ပါတယ်။ ၎င်းစနစ်တွေကို အက်ဖ်-၁၆ နဲ့ အက်ဖ်-၁၅စီ တွေမှာ အောင်မြင်စွာ အသုံးပြုခဲ့ပြီးသား လည်းဖြစ်တယ်လို့ သိရှိရပါတယ်။

Be the first to comment on "ကိုယ့်ဘာသာခြေရာခံနိုင်တဲ့ ဒရုန်းမှာတပ်တဲ့စနစ်ကို အမေရိကန်စမ်းသပ်"

Leave a comment

Your email address will not be published.


*