ဖားကန့်မှာ မြေစာပုံပြိုကျလို့ လူတွေ သေကြပြန်ပြီ

ကခ်င္ျပည္နယ္၊ ဖားကန႔္ၿမိဳ႕နယ္ဆိပ္မူေက်း႐ြာအုပ္စု၊ စေပါ့ေက်း႐ြာနားက ျမန္မာသူရေက်ာက္မ်က္ ကုမၺဏီလုပ္ကြက္ေဟာင္းမွာ ေျမစာပုံၿပိဳက်ခဲ့တဲ့အတြက္ သုံးေယာက္ေသဆုံးၿပီး ႏွစ္ေယာက္ထိခိုက္ ဒဏ္ရာရရွိခဲ့တယ္လို႔ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးဆီက သိရပါတယ္။

“အဲ့ဒီမွာ ျဖစ္တဲ့ေနရာမွာ သုံးေယာက္ကေတာ့ ေသသြားတယ္။ ႏွစ္ေယာက္ကေတာ့ ဖားကန႔္ေဆး႐ုံကို ပို႔ထားရပါတယ္။ ေဆး႐ုံေရာက္တဲ့ႏွစ္ေယာက္ကေတာ့ တစ္ေယာက္က ေျခေထာက္က်ိဳးသြားတယ္ ေနာက္တစ္ေယာက္ကေတာ့ ေခါင္းေပါက္သြားပါတယ္။” လို႔ ဆိပ္မူေက်း႐ြာအုပ္စု အုပ္ခ်ဳပ္ေရးမႉးဦးတိုးမိုင္က ေျပာပါတယ္။

ေျမစာပုံၿပိဳက်မႈက ဒီေန႔ ဒီဇင္ဘာလ (၁၅) ရက္ မနက္အေစာပိုင္းမွာ ျဖစ္ခဲ့တာျဖစ္ၿပီး အျမင့္ေပ ၁၅၀ အက်ယ္ေပ ၂၀ ရွိတဲ့ ေျမစာပုံၿပိဳက်ခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။

ေသဆုံးသူေတြထဲက အငယ္ဆုံးမွာ အသက္(၁၇) ႏွစ္အ႐ြယ္နဲ႔အႀကီးဆုံးမွာ အသက္(၄၀) ေက်ာ္အ႐ြယ္ျဖစ္တယ္လို႔ သိရပါတယ္။

ဖားကန႔္ၿမိဳ႕ ရတနာေျမမွာ ေျမစာပုံ ၿပိဳက်တာေတြေၾကာင့္ မၾကာခဏ လူေသဆုံးတာေတြ ရွိေနတာေတြျဖစ္ေနၿပီး ၿပီးခဲ့တဲ့ ဇူလိုင္လ (၂) ရက္ေန႔ကလည္း ေဝွခါေမွာ္ ေျမၿပိဳက်မႈေၾကာင့္ ေသဆုံးသူ ႏွစ္ရာနီးပါး ရွိခဲ့ပါတယ္။

———-

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ဆိပ်မူကျေးရွာအုပ်စု၊ စပေါ့ကျေးရွာနားက မြန်မာသူရကျောက်မျက် ကုမ္ဗဏီလုပ်ကွက်ဟောင်းမှာ မြေစာပုံပြိုကျခဲ့တဲ့အတွက် သုံးယောက်သေဆုံးပြီး နှစ်ယောက်ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူးဆီက သိရပါတယ်။

“အဲ့ဒီမှာ ဖြစ်တဲ့နေရာမှာ သုံးယောက်ကတော့ သေသွားတယ်။ နှစ်ယောက်ကတော့ ဖားကန့်ဆေးရုံကို ပို့ထားရပါတယ်။ ဆေးရုံရောက်တဲ့နှစ်ယောက်ကတော့ တစ်ယောက်က ခြေထောက်ကျိုးသွားတယ် နောက်တစ်ယောက်ကတော့ ခေါင်းပေါက်သွားပါတယ်။” လို့ ဆိပ်မူကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဦးတိုးမိုင်က ပြောပါတယ်။

မြေစာပုံပြိုကျမှုက ဒီနေ့ ဒီဇင်ဘာလ (၁၅) ရက် မနက်အစောပိုင်းမှာ ဖြစ်ခဲ့တာဖြစ်ပြီး အမြင့်ပေ ၁၅၀ အကျယ်ပေ ၂၀ ရှိတဲ့ မြေစာပုံပြိုကျခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

သေဆုံးသူတွေထဲက အငယ်ဆုံးမှာ အသက်(၁၇) နှစ်အရွယ်နဲ့အကြီးဆုံးမှာ အသက်(၄၀) ကျော်အရွယ်ဖြစ်တယ်လို့ သိရပါတယ်။

ဖားကန့်မြို့ ရတနာမြေမှာ မြေစာပုံ ပြိုကျတာတွေကြောင့် မကြာခဏ လူသေဆုံးတာတွေ ရှိနေတာတွေဖြစ်နေပြီး ပြီးခဲ့တဲ့ ဇူလိုင်လ (၂) ရက်နေ့ကလည်း ဝှေခါမှော် မြေပြိုကျမှုကြောင့် သေဆုံးသူ နှစ်ရာနီးပါး ရှိခဲ့ပါတယ်။

Be the first to comment on "ဖားကန့်မှာ မြေစာပုံပြိုကျလို့ လူတွေ သေကြပြန်ပြီ"

Leave a comment

Your email address will not be published.


*