မြန်မာကိုဗစ်သေဆုံးမှု အာဆီယံမှာ ၁ တူ ၃ ဝင်လာနေပြီနော်

ကိုဗစ်တတိယလှိုင်းဒဏ်နဲ့ ရင်ဆိုင်နေရဆဲဖြစ်တဲ့ မြန်မာနိုင်ငံမှာ တရားဝင်ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေအရကိုပဲ စုစုပေါင်း သေဆုံးသူအရေအတွက်ဟာ အရှေ့တောင်အာရှဒေသမှာ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်ပြီးရင် တတိယအများဆုံးဖြစ်နေပါပြီ။

မြန်မာနိုင်ငံမှာ COVID-19 ကြောင့် သေဆုံးသူအရေအတွက် ၁၃,၀၀၀ နီးပါး ရှိနေပြီး စတုတ္ထအများဆုံးဖြစ်တဲ့ မလေးရှားနဲ့ဆိုရင် အရေအတွက် ၁,၀၀၀ နီးပါးကွာပါတယ်။

အာဆီယံလူဦးရေ စုစုပေါင်းရဲ့ သုံးပုံတပုံကျော်၊ နိုင်ငံလူဦးရေစုစုပေါင်း သန်း ၂၇၀ ကျော်ရှိတဲ့ အင်ဒိုနီးရှားနိုင်ငံကတော့ အာဆီယံဒေသမှာ ကူးစက် သေဆုံးသူအရေအတွက် အများဆုံးဖြစ်ပြီး စုစုပေါင်း လူ ၁၁၅,၀၀၀ ကျော် ကိုဗစ်ကြောင့် အသက်ဆုံးပါးထားပြီးဖြစ်ပါတယ်။

အာဆီယံမှာ နိုင်ငံလူဦးရေစုစုပေါင်း တတိယအများဆုံးဖြစ်ပြီး မြန်မာနိုင်ငံလူဦးရေထက် နှစ်ဆကျော်ပိုများတဲ့ ဖိလစ်ပိုင်နိုင်ငံမှာတော့ ကိုဗစ်ရောဂါကြောင့်သေဆုံးသူ ၃၀,၀၀၀ နီးပါးရှိနေပါပြီ။

ကိုဗစ်တတိယလှိုင်းအတွင်း မြန်မာနိုင်ငံမှာ ကူးစက် သေဆုံးသူအရေအတွက်ဟာ တရားဝင်ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေထက် ပိုများမယ်လို့ ကျန်းမာရေးပညာရှင်တွေကရော၊ ပရဟိတ အကူအညီပေး လုပ်သားတွေကပါ ခန့်မှန်းထားပါတယ်။

Be the first to comment on "မြန်မာကိုဗစ်သေဆုံးမှု အာဆီယံမှာ ၁ တူ ၃ ဝင်လာနေပြီနော်"

Leave a comment

Your email address will not be published.


*