အိမ်နီးချင်းဘကုန်းတို့ရဲ့ လေတပ်အခြေအနေ

Yak-130 သည် Banglag Bangladesh Air Force ၏ စာရင်းတွင် ခေတ်အမီဆုံးနှင့်ခေတ်မီဆုံးသာဖြစ်သည့် တိုက်လေယာဉ်များဖြစ်သည်။

သို့သော်လည်း ၂၀၁၇ ခုနှစ်၊ ဇူလှိုင်လ ၁၁ ရက်နေ့က ၁ စီးစတင်ပျက်ကျခဲ့သလို အဆိုပါနှစ်၏ ဒီဇင်ဘာလ၌လည်း နောက်ထပ် ၂ စီး ဝေဟင်ပေါ်၌ မတော်တဆထိတွေ့မှုကြောင့် ပျက်ကျမှုဖြစ်ပေါ်ခဲ့ရသည်။ ၎င်းပျက်ကျမှုများသည် တိုက်လေယာဉ်မှူးအမှားကြောင့်ဟု ယူဆရပေသည်။

ဆိုလိုသည်မှာ ၎င်းတို့၏ Yak -130 တိုက်လေယာဉ်တပ်ဖွဲ့အနေဖြင့် အဆိုပါ ပျက်ကျမှု ၂ ခုကြောင့်ပင် ၂၀ ရာခိုင်နှုန်းဆုံးရှုံးခဲ့ရသည်။

F-7 များကို ပင်မတိုက်လေယာဉ်များအဖြစ် လက်ရှိအချိန်အထိ အသုံးပြုနေသော်လည်း Yak-130 ၃ စီး ဆုံးရှုံးမှုသည် ဘင်္ဂလားဒေ့ရှ်လေတပ်၏ အလုံးစုံ စွမ်းဆောင်နိုင်စွမ်းကို လျှော့ချပေးလိုက်သလိုဖြစ်စေခဲ့သည်။

မျက်နှာကို ဖြတ်ရိုက်လိုက်သည့် အခြေအနေမျိုးပင်ဖြစ်သည်။

၎င်းအဖြစ်အပျက်များသည် ခေတ်သစ်လေကြောင်းသမိုင်းတွင် လေယာဉ်အမျိုးအစားတစ်ခုတည်း ပါဝင်သော မတော်တဆမှုဖြစ်သည့် အမြင့်ဆုံးနှုန်းလည်းဖြစ်သည်။

လေတပ်များတွင် မတော်တဆဖြစ်မှုများသည် အသစ်အဆန်းမဟုတ်သော်လည်း ဝေဟင်အပေါ်၌ အချင်းချင်း တိုက်မိခြင်းမှာအလွန်ရှားပါးသည်။

တရားဝင်စုံစမ်းစစ်ဆေးမှုများပြုလုပ်၍ ဖြစ်ရပ်မှန်ကိုဖုံးကွယ်ပြီး ဇာတ်ကြောင်းကိုပြောင်းလဲထားသော်လည်း ဘင်္ဂလားဒေ့ရ်ှလေတပ် Yak 130s လေယာဉ်တိုက်မှုဖြစ်ရခြင်း၏ အဓိကအကြောင်းအရင်းမှာ လေယာဉ်မှူးအမှားနှင့်စနစ်တကျလေ့ကျင့်မှုမရှိခြင်းတို့ကြောင့်ဖြစ်သည်။

ထိုမတော်တဆမှုနှစ်ခုသည် ဘင်္ဂလားဒေ့ရှ်လေတပ်မှ လေယာဉ်မှူးများအားလေ့ကျင့်မှုညံ့ဖျင်းပုံကိုပြသပြီး ၎င်းသည် သင့်လျော်သော ပြုပြင်ထိန်းသိမ်းမှု မရှိကြောင်းလည်း သက်သေပြနေပေသည်။

Be the first to comment on "အိမ်နီးချင်းဘကုန်းတို့ရဲ့ လေတပ်အခြေအနေ"

Leave a comment

Your email address will not be published.


*