NUG ၏ “အောင်လံလွှင့်ချီ နွေဦးထီ” စတင်ရောင်းချမည့်အချိန်ကို ပြောင်းလဲသက်မှတ်

NUG ၏ “အောင်လံလွှင့်ချီ နွေဦးထီ” စတင်ရောင်းချမည့်အချိန်ကို ပြောင်းလဲသက်မှတ်

NUG ၏ “အောင်လံလွှင့်ချီ နွေဦးထီ”ကို စတင်ရောင်းချမည့်အချိန်ကို ယနေ့ ဩဂုတ်လ ညနေ ၄ နာရီသို့ ပြောင်းလဲသက်မှတ်ကြောင်း “အောင်လံလွှင့်ချီ နွေဦးထီ”၏ တရားဝင် ဖေ့စ်ဘွခ်စာမျက်နှာမှ အသိပေးကြေညာထားသည်။

အကြမ်းဖက်စစ်ကောင်စစ်မှ နည်းမျိုးစုံသုံးပြီး နွေဦးထီ အစီအစဉ်အား ပျက်ဆီးစေရန် လုပ်ဆောင်နေသည့်အတွက် လိုအပ်သည့် နည်းပညာပိုင်းဆိုင်ရာ အကာအကွယ်တချို့အား အချိန်မီပြင်ဆင်ရန် လိုအပ်လျှက်ရှိသောကြောင့် ထီစတင်ရောင်းချမည့်အချိန်အား မနက် ၁၀ နာရီအစား ညနေ ၄နာရီသို့ ပြောင်းလဲရောင်းချသွားမည် ဖြစ်ကြောင်းသိရသည်။

ကျန်ရက်များတွင် ပုံမှန်အတိုင်း မနက် ၁၀ နာရီမှ ည ၁၀ အချိန်အတွင်း ထီလက်မှတ်များကို ရောင်းချပေးသွားမည်ဖြစသည်။

““အောင်လံလွှင့်ချီ နွေဦးထီ” နှင့်စပ်လျဉ်းပြီး ပြည်သူများ၏ တော်လှန်ရေးစိတ်တက်ကြွမှုအား မျက်ဝါးထင်ထင် တွေ့မြင်ရသည့်အတွက် လွန်စွာဝမ်းမြောက်ဂုဏ်ယူမိပါသည်။

ကျွန်ုပ်တို့အနေဖြင့် “နွေဦးထီ” အစီအစဉ်အား အကောင်အထည်ဖော်ရာတွင် ပြည်သူများ၏ ဘေးကင်းလုံခြုံရေးသည်သာ အဓိကဦးစားပေးဖြစ်ပါသည်” ဟု အသိပေးကြေညာချက်တွင် ပါရှိသည်။

နွေဦးထီကို “အောင်လံလွှင့်ချီ နွေဦးထီ”၏ တရားဝင် ဖေ့စ်ဘွခ်စာမျက်နှာ၏ Messenger တစ်ခုတည်းတွင်သာ အဆင့်ဆင့် ရွေးချယ်ထိုးနိုင်မည်ဖြစ်ပြီး ထီပေါက်ခဲ့လျင် ဆုငွေကို ယူမှာလား ပြန်လှူမှာလား ဆိုတဲ့ ရွေးချယ်မှုလဲ ပါရှိမည် ဖြစ်သည်။

ပြန်လှူခဲ့လျင် လှူသည့်ငွေများကို အမျိုးသားညီညွတ်ရေးအစိုးရ၏ လိုအပ်နေသည့်နေရာများတွင် သုံးစွဲသွားမည်ဖြစ်ပြီး လှူဒါန်းသူကို ဂုဏ်ပြုလက်မှက် ချီးမြှင့်သွားမည် ဟု သိရသည်။

ထီတစ်စောင်ကို ၂၀၀၀ ကျပ်နှုန်းသတ်မှတ်ထားပြီး အနည်းဆုံး ငါးစောင်မှ အများဆုံးအစောင် ၅၀ အထိ ထိုးနိုင်မည် ဖြစ်သည်။ ထီရောင်းချရသည့်ငွေ ၇၀ ရာခိုင်နှုန်းကို ပြည်သူ့ဝန်ထမ်း CDM သမားများသို့ လွှဲအပ်သွားမည် ဖြစ်ပြီး ၃၀ ရာခိုင်နှုန်းကို ဆုမဲအဖြစ် ပြန်လည် ပေးအပ်သွားမည် ဖြစ်သည်။

ဆုကြေးတစ်ဆုလျှင် ၁၅ သိန်းစီဖြင့်အားလုံး တပြေးညီ အညီအမျှ ခွဲဝေပေးသွာမည် ဖြစ်ကြောင်းသိရသည်။

Source Mizzima

————–

NUG ၏ “ေအာင္လံလႊင့္ခ်ီ ေႏြဦးထီ” စတင္ေရာင္းခ်မည့္အခ်ိန္ကို ေျပာင္းလဲသက္မွတ္

NUG ၏ “ေအာင္လံလႊင့္ခ်ီ ေႏြဦးထီ”ကို စတင္ေရာင္းခ်မည့္အခ်ိန္ကို ယေန႔ ဩဂုတ္လ ညေန ၄ နာရီသို႔ ေျပာင္းလဲသက္မွတ္ေၾကာင္း “ေအာင္လံလႊင့္ခ်ီ ေႏြဦးထီ”၏ တရားဝင္ ေဖ့စ္ဘြခ္စာမ်က္ႏွာမွ အသိေပးေၾကညာထားသည္။

အၾကမ္းဖက္စစ္ေကာင္စစ္မွ နည္းမ်ိဳးစုံသုံးၿပီး ေႏြဦးထီ အစီအစဥ္အား ပ်က္ဆီးေစရန္ လုပ္ေဆာင္ေနသည့္အတြက္ လိုအပ္သည့္ နည္းပညာပိုင္းဆိုင္ရာ အကာအကြယ္တခ်ိဳ႕အား အခ်ိန္မီျပင္ဆင္ရန္ လိုအပ္လွ်က္ရွိေသာေၾကာင့္ ထီစတင္ေရာင္းခ်မည့္အခ်ိန္အား မနက္ ၁၀ နာရီအစား ညေန ၄နာရီသို႔ ေျပာင္းလဲေရာင္းခ်သြားမည္ ျဖစ္ေၾကာင္းသိရသည္။

က်န္ရက္မ်ားတြင္ ပုံမွန္အတိုင္း မနက္ ၁၀ နာရီမွ ည ၁၀ အခ်ိန္အတြင္း ထီလက္မွတ္မ်ားကို ေရာင္းခ်ေပးသြားမည္ျဖစသည္။

““ေအာင္လံလႊင့္ခ်ီ ေႏြဦးထီ” ႏွင့္စပ္လ်ဥ္းၿပီး ျပည္သူမ်ား၏ ေတာ္လွန္ေရးစိတ္တက္ႂကြမႈအား မ်က္ဝါးထင္ထင္ ေတြ႕ျမင္ရသည့္အတြက္ လြန္စြာဝမ္းေျမာက္ဂုဏ္ယူမိပါသည္။

ကြၽႏ္ုပ္တို႔အေနျဖင့္ “ေႏြဦးထီ” အစီအစဥ္အား အေကာင္အထည္ေဖာ္ရာတြင္ ျပည္သူမ်ား၏ ေဘးကင္းလုံၿခဳံေရးသည္သာ အဓိကဦးစားေပးျဖစ္ပါသည္” ဟု အသိေပးေၾကညာခ်က္တြင္ ပါရွိသည္။

ေႏြဦးထီကို “ေအာင္လံလႊင့္ခ်ီ ေႏြဦးထီ”၏ တရားဝင္ ေဖ့စ္ဘြခ္စာမ်က္ႏွာ၏ Messenger တစ္ခုတည္းတြင္သာ အဆင့္ဆင့္ ေ႐ြးခ်ယ္ထိုးႏိုင္မည္ျဖစ္ၿပီး ထီေပါက္ခဲ့လ်င္ ဆုေငြကို ယူမွာလား ျပန္လႉမွာလား ဆိုတဲ့ ေ႐ြးခ်ယ္မႈလဲ ပါရွိမည္ ျဖစ္သည္။

ျပန္လႉခဲ့လ်င္ လႉသည့္ေငြမ်ားကို အမ်ိဳးသားညီၫြတ္ေရးအစိုးရ၏ လိုအပ္ေနသည့္ေနရာမ်ားတြင္ သုံးစြဲသြားမည္ျဖစ္ၿပီး လႉဒါန္းသူကို ဂုဏ္ျပဳလက္မွက္ ခ်ီးျမႇင့္သြားမည္ ဟု သိရသည္။

ထီတစ္ေစာင္ကို ၂၀၀၀ က်ပ္ႏႈန္းသတ္မွတ္ထားၿပီး အနည္းဆုံး ငါးေစာင္မွ အမ်ားဆုံးအေစာင္ ၅၀ အထိ ထိုးႏိုင္မည္ ျဖစ္သည္။ ထီေရာင္းခ်ရသည့္ေငြ ၇၀ ရာခိုင္ႏႈန္းကို ျပည္သူ႔ဝန္ထမ္း CDM သမားမ်ားသို႔ လႊဲအပ္သြားမည္ ျဖစ္ၿပီး ၃၀ ရာခိုင္ႏႈန္းကို ဆုမဲအျဖစ္ ျပန္လည္ ေပးအပ္သြားမည္ ျဖစ္သည္။

ဆုေၾကးတစ္ဆုလွ်င္ ၁၅ သိန္းစီျဖင့္အားလုံး တေျပးညီ အညီအမွ် ခြဲေဝေပးသြာမည္ ျဖစ္ေၾကာင္းသိရသည္။

Source Mizzima

Be the first to comment on "NUG ၏ “အောင်လံလွှင့်ချီ နွေဦးထီ” စတင်ရောင်းချမည့်အချိန်ကို ပြောင်းလဲသက်မှတ်"

Leave a comment

Your email address will not be published.


*