အကုန်မှင်သက်ရတော့မယ့် အမေရိကန်ရဲ့ မျိုးဆက်သစ်တိုက်လေယာဉ် F-36 Kingsnake

ပြီးခဲ့တဲ့လက အမေရိကန်လေတပ်ဦးစီးချုပ်ဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး C.Q. Brown က F-16 Viper တိုက်လေယာဉ်တွေနေရာမှာ အစားထိုးဖို့အတွက် တိုက်လေယာဉ်သစ်တစ်စီးကိုဝယ်ယူဖို့အတွက် ရှာဖွေနေတယ်လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

လက်ရှိအချိန်မှာ လိုချင်တာမျိုး တည်ရှိမနေသေးပေမယ့်လည်း အသစ်ထွက် ပေါ်လာနေတဲ့ ဒစ်ဂျစ်တယ်အင်ဂျင်နီယာနည်းပညာတွေကြောင့် ၂၀၃၀ ပြည့်နှစ်မတိုင်မီ တပ်တော်ဝင်နိုင်တယ်လို့တော့ ခန့်မှန်းထားပါတယ်။

လေကြောင်းဆိုင်ရာအဖွဲ့ Hush-Kit ရဲ့ ဖော်ပြချက် အရတော့ ကျွမ်းကျင်သူ တွေဟာ အက်ဖ်-၁၆ နေရာကိုအစားထိုးဖို့အတွက်F-36 Kingsnake အပေါ့စား တိုက်လေယာဉ်ပုံစံကို သဘောကျနေကြပါတယ်။


Hush-Kit ကိုကိုင်တွယ် သူတွေဖြစ်တဲ့ Stephen Mcparlin နဲ့James Smith တို့ဟာ F-35 Joint Strike Fighter နဲ့ Eurofighter Typhoon တို့ကို တကယ်ဖြစ်တည်လာအောင်ဆောင်ရွက်ပေးခဲ့ကြသူတွေပါ။ F-36 ပုံစံအတွက်တော့ Teasel Studio က Andy Godfrey က ဒီဇိုင်းထုတ်ပေးခဲ့တာလည်းဖြစ်ပါတယ်။

Hush-Kit ဟာ C.Q. Brown ပြောတဲ့အချက်အလက်တွေဖြစ်တဲ့ အပေါ့စား ဖြစ်ခြင်း၊ ဈေးနှုန်းမကြီးခြင်းနဲ့ စတဲ့လ်စွမ်းရည်ဖြစ်စရာမလိုခြင်းအစရှိတဲ့ အချက်တွေကို မူတည်ပြီးအက်ဖ်-၃၆ ကို ဒီဇိုင်းထုတ်ခဲ့ကြတာပါ။

အမေရိကန်လေတပ်မှာ အသုံးပြုနေတဲ့ အက်ဖ်-၁၆စီတွေဟာ ပျမ်းမျှသက်တမ်း အားဖြင့် ၂၉ နှစ်ခန့်ကိုရှိနေပါပြီ။ အကယ်၍ တိုက်လေယာဉ်သစ်တစ်စီးကို တည်ဆောက်မယ်ဆိုရင်လည်း နှစ်ပေါင်း ၂၀ လောက်အချိန်ယူရဖွယ်ရှိပါတယ်။

ဒါ့ကြောင့် ကျွမ်းကျင်သူတွေက လေယာဉ်ထုတ်လုပ်မှုလမ်းစဉ်ကို အချိန်တိုဖို့အတွက် ယနေ့နာမည်ကြီးနေတဲ့ 3D နည်းပညာနဲ့ထုတ်လုပ် ဖွယ်လည်းရှိနေပါတယ်။ ဒါ့အပြင် တည်ရှိပြီးသား နည်းပညာတွေကို အသုံးပြုတာဟာလည်း ထုတ်လုပ်မှုလုပ်ငန်းစဉ်ကိုပိုမိုမြန်ဆန်စေပါတယ်။ဉပမာ အက်ဖ်-၂၂ ရဲ့ အင်ဂျင်စနစ်ကို အသုံးပြုတာမျိုးပါ။

Kingsnake မှာလက်ရှိနောက်ဆုံးပေါ်အဖြစ် အဆင့်မြှင့်တင်ထားတဲ့ အက်ဖ်-၁၆ တွေမှာအသုံးပြုနေတဲ့ AN/APG-83 advanced electronically scanned array radar စနစ်ကို အသုံးပြုတာမျိုး၊ အနီအောက်ရောင် ခြည်အာရုံခံစနစ်လိုမျိုးတွေကို တပ်ဆင်လိုက်ရုံပါ။

တကယ်၍များ အက်ဖ်-၁၆ နေရာကို Kingsnake နဲ့သာ အစားထိုးမယ်ဆိုရင် အဆိုပါ တိုက်လေယာဉ်ဟာ ဝေဟင်မှဝေဟင်နဲ့ ဝေဟင်မှ မြေပြင် တိုက်ခိုက်ရေး တာဝန်တွေကို ထမ်းဆောင်နိုင်တဲ့ ဘက်စုံသုံးတိုက် လေယာဉ်ဖြစ်လာမှာပါ။ ကိုယ်အတွင်းပိုင်းမှာ ဒုံးကျည်စနစ်တွေ နဲ့ ပဲ့ထိန်းဗုံးတွေ သယ်ဖို့ဖြစ်လာပါလိမ့်မယ်။

စတဲ့လ်မလိုချင်တာကြောင့် တောင်ပံတွေမှာလည်း လက်နက်ချိတ်ဆွဲနေရာတွေ ရှိလာမှာပါ။ ဒါ့အပြင် ရန်သူ့မြေပြင်တပ်ဖွဲ့ အတွက် စက်လက်သေနတ်စနစ်တွေလည်း ရှိလာနိုင်တယ်လို့ဆိုပါတယ်။

F-36 ရဲ့ နာမည်ဖြစ်တဲ့ Kingsnake ဆိုတာက မြောက်အမေရိက မြွေအမျိုးအစားဖြစ်ပြီး နှစ်ပေါင်း ၃၀ အသက်ရှင်နိုင်ပါတယ်။

အက်ဖ်-၃၆ ရဲ့ သက်တမ်းကို ရည်ညွှန်းပြီး ခေါ်ဆိုတဲ့ပုံ လည်းရပါတယ်။ ဒါ့အပြင် Viper နေရာအစားထိုးဖို့အတွက် မြွေအချင်းချင်းကို စားလေ့ရှိတဲ့
Kingsnake ကိုအမည်ပေးလိုက်ပုံလည်းရပါတယ်

Be the first to comment on "အကုန်မှင်သက်ရတော့မယ့် အမေရိကန်ရဲ့ မျိုးဆက်သစ်တိုက်လေယာဉ် F-36 Kingsnake"

Leave a comment

Your email address will not be published.


*