မြန်မာ-အိန္ဒိယနယ်စပ်မှာ မူးယစ်ဆေးကိစ္စနဲ့ ညှိနေကြပြီ

မြန်မာနိုင်ငံနဲ့ နယ်ချင်းထိစပ်နေတဲ့ အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်း အာသံပြည်နယ်မှာ တရားမဝင် မူးယစ်ဆေး ကူးသန်းရောင်းဝယ်မှုတွေကို မေလကတည်းကစပြီး အကြီးအကျယ် နှိမ်နင်းလာခဲ့တာမှာ မူးယစ်ဆေးတွေ စံချိန်ကျိုးလောက်အောင် သိမ်းဆည်းရမိနေသလို လူပေါင်း ၂ ထောင်နီးပါးကိုလည်း ဖမ်းဆီးခဲ့ပါတယ်။

၂၀၁၈ ကနေ ၂၀၂၀ အတွင်း မြန်မာနိုင်ငံနယ်စပ်မှာ ဖမ်းဆီးမိတဲ့ မူးယစ်ဆေးဝါးနဲ့ လက်နက်မှောင်ခိုကုန်သည်တွေဟာ ပါကစ္စတန်နဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်တွေမှ ာဖမ်းမိတာထက် ပိုများကြောင်း ပြီးခဲ့တဲ့သီတင်းပတ်အတွင်းမှာပဲ အိန္ဒိယ ဒုတိယပြည်ထဲရေးဝန်ကြီးက လွှတ်တော်မှာ တင်ပြသွားပါတယ်။

မြန်မာနိုင်ငံဟာ အာရှတိုက်တွင်း ရူးသွပ်စိတ်ကြွဆေး ရာဘ ဒါမှမဟုတ် မက်သက်အမ်ဖက်တမင်းနဲ့ ဘိန်းဖြူတွေကို တရားမဝင်ထုတ်လုပ်တဲ့ အဓိကဒေသတွေထဲက တခုဖြစ်ကြောင်း ကုလ သမဂ္ဂ မူးယစ်ဆေးဝါးနဲ့ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) က ထုတ်ပြန်ထားပါတယ်။

အခု အိန္ဒိယအရှေ့မြောက်ပိုင်း မူးယစ်ဆေးကုန်ကူးမှုတွေဟာ မကြာခင်နှစ်တွေအတွင်း ဘင်္ဂလားဒေ့ရှ်မှာ မက်သ်အမ်ဖက်တမင်းဆေးတွေ မှောင်ခိုကုန်ကူးတဲ့ပုံစံမျိုးဖြစ်နေကြောင်း အာရှ ပစိဖိတ်ဒေသဆိုင်ရာ UNODC ဌာနေကိုယ်စားလှယ် Jeremy Douglas က ပြောပါတယ်။

အိန္ဒိယအရှေ့မြောက်ပိုင်းက လူဦးရေအထူထပ်ဆုံး ာသံပြည်နယ်ဟာ ဘိန်းဖြူနဲ့ မက်သ်အမ်ဖက်တမင်းလို မူးယစ်ဆေးတွေကို စုဆောင်းသိုလှောင်ထားတဲ့နေရာဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။ မူးယစ်ဆေးတွေရဲ့ ၅ ပုံ ၁ ပုံကို ဒေသတွင်းမှာ ရောင်းချပြီး ကျန်တာတွေကိုတော့ အိန္ဒိယနိုင်ငံရဲ့ စီးပွါးရေးပိုကောင်းတဲ့ မြို့ကြီးတွေမှာ ရောင်းချတယ်လို့ ရဲတပ်ဖွဲ့က ခန့်မှန်းထားပါတယ်။

အာသံပြည်နယ်ဟာ မူးယစ်ဆေးဝါးတွေအစပြုရာ မြန်မာနိုင်ငံနဲ့ သွားလာရခက်ခဲတဲ့ လမ်းကြာင်းတွေကနေ တိုက်ရိုက်ဝင်ထွက်နိုင်တဲ့ နယ်ချင်းထိစပ်နေပြီး အိန္ဒိယနိုင်ငံရဲ့ ကျန်တဲ့ပြည်နယ်တွေနဲ့ လည်း ဆက်စပ်နေတာဖြစ်ပါတယ်။

ဒီမူးယစ်ဆေးတိုက်ဖျက်ရေးလုပ်ငန်းအပေါ်မှာ အာဏာရပါတီကရော အတိုက်အခံနိုင်ငံရေးသမားတွေဘက်ကပါ ချီးကျူးကြပေမယ့်လည်း မူးယစ်ဆေးကုန်သည်တွေလို့ သံသယရှိသူတွေကို ပစ်ခတ်တာအပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိနေတယ်ဆိုပြီးတော့လည်း အဝေဖန်ခံနေရတာပါ။

Be the first to comment on "မြန်မာ-အိန္ဒိယနယ်စပ်မှာ မူးယစ်ဆေးကိစ္စနဲ့ ညှိနေကြပြီ"

Leave a comment

Your email address will not be published.


*