အေျခခံပညာဆရာ၊ ဆရာမ ရာထူးတိုးမူအသစ္အရ အသက္(၅၉)ႏွစ္ႏွင့္အထက္ အသက္အ႐ြယ္ရွိသည့္ အလယ္တန္းျပဆရာ၊ ဆရာမမ်ားကို ဒီဇင္ဘာ ၁ ရက္ကစတင္ကာ အထက္တန္းျပလစာ တိုးျမႇင့္ေပးလိုက္ပါတယ္။
လက္ရွိတြင္ လစာႏႈန္းက်ပ္ (၁၉၈,၀၀၀ – ၂၀,၀၀၀-၂၀၈,၀၀၀) ရရွိေနသည့္ အသက္ (၅၉) ႏွစ္ႏွင့္အထက္ အလယ္တန္းျပဆရာ၊ ဆရာမမ်ားကို လစာႏႈန္းက်ပ္ (၂၁၆,၀၀၀-၂,၀၀၀ -၂၂၆,၀၀၀)သို႔ တိုးျမႇင့္ခံစားခြင့္ ျပဳေၾကာင္း အမိန႔္စာမ်ားကို အ ေျခခံပညာဦးစီးဌာနက ဒီဇင္ဘာ ၁၁ ရက္စြဲျဖင့္ ထုတ္ျပန္ထားပါတယ္။
အေျခခံပညာ ဆရာ၊ဆရာမမ်ားကို မူလတန္းအဆင့္၊ အလယ္တန္းအဆင့္၊ အထက္တန္း အဆင့္စသည့္ ပညာေရးအဆင့္ တစ္ခုအတြင္း ရာထူးတိုးျမႇင့္သည့္ စနစ္သစ္ကို ႏိုဝင္ဘာ ၁ ရက္က စတင္ေျပာင္းလဲခဲ့သည္။ ရာထူး တိုးစနစ္ေဟာင္းရွိ ဆရာ၊ ဆရာမ မ်ားအား ရာထူးတိုးစနစ္သစ္အရ ရာထူးအေခၚအေဝၚေျပာင္းလဲ ျခင္း၊ လစာႏႈန္းေျပာင္းလဲျခင္း မ်ားကို ပညာေရးဝန္ႀကီးဌာနက တစ္ဆင့္ခ်င္း ျပဳလုပ္ေနပါတယ္။
လုပ္သက္ (၁၀)ႏွစ္အထက္ မူလတန္း ေက်ာင္းအုပ္မ်ား၊ ပညာေရးဘြဲ႕ရမူလတန္းေက်ာင္းအုပ္မ်ားကို ႏိုဝင္ဘာ ၁ ရက္က စတင္ကာ အထက္တန္းျပလစာ တိုးျမႇင့္ေပးခဲ့ၿပီးေနာက္ အသက္ (၅၉)ႏွစ္ႏွင့္ (၅၉)ႏွစ္၊ ခုနစ္လ၊ ၂၉ ရက္အတြင္း အသက္အ႐ြယ္ ရွိသည့္ အလယ္တန္းျပဆရာ၊ ဆရာမမ်ားကို ဒီဇင္ဘာ ၁ ရက္ ကစကာ အထက္တန္းျပလစာတိုး ျမႇင့္ေပးျခင္းျဖစ္ပါတယ္။
ဖြဲ႕စည္းပုံအသစ္အရ လစာ တိုးျမႇင့္ေပးျခင္းကို မူလတန္း ေက်ာင္းအုပ္မ်ားအတြက္ စတင္ ေဆာင္႐ြက္ခဲ့ၿပီး လာမည့္ ၂ ႏွစ္မွ သုံးႏွစ္အတြင္း ဆရာ၊ ဆရာမ အားလုံး၏ လစာသတ္မွတ္ ခ်က္ကို စနစ္သစ္အတိုင္း ေျပာင္း လဲမည္ျဖစ္ေၾကာင္း အေျခခံပညာ ဦးစီးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးကိုေလးဝင္းက ေျပာပါတယ္။
“ဘ႑ာေရး လ်ာထားခ်က္ ကလည္း ဘီလီယံေပါင္းမ်ားစြာ သုံးရမွာဆိုေတာ့ရွိသမွ်လူ အကုန္ တိုးေပးလို႔ အဆင္မေျပဘူး။ ဘတ္ဂ်က္မေလာက္ငတာ ျဖစ္မွာေပါ့။ ဒါေၾကာင့္ လုပ္သက္အရင့္ဆုံးကို အရင္ဆုံး စဥ္းစားတာ။ အသက္ (၅၉)ႏွစ္၊ ပင္စင္ယူခါနီးသူေတြ ကေတာ့ အဓိကသတ္မွတ္ခ်က္နဲ႔ ကိုက္တဲ့သူေတြကေတာ့ ပထမ ဦးစားေပးေပါ့။ ၿပီးရင္မွ လုပ္သက္ကို တျဖည္းျဖည္းေလွ်ာ့လာမွာ။ ဒီတစ္ႏွစ္တည္းနဲ႔ အကုန္လုံးၿပီးေအာင္ လုပ္လို႔ မရဘူး။ အမ်ားဆုံး ၂ ႏွစ္၊ သုံးႏွစ္ေလာက္မွာ ျဖည္းျဖည္းခ်င္းေျပာင္းဖို႔ေပါ့” ဟု ဦးကိုေလးဝင္းက ေျပာပါတယ္။
————
အခြေခံပညာဆရာ၊ ဆရာမ ရာထူးတိုးမူအသစ်အရ အသက်(၅၉)နှစ်နှင့်အထက် အသက်အရွယ်ရှိသည့် အလယ်တန်းပြဆရာ၊ ဆရာမများကို ဒီဇင်ဘာ ၁ ရက်ကစတင်ကာ အထက်တန်းပြလစာ တိုးမြှင့်ပေးလိုက်ပါတယ်။
လက်ရှိတွင် လစာနှုန်းကျပ် (၁၉၈,၀၀၀ – ၂၀,၀၀၀-၂၀၈,၀၀၀) ရရှိနေသည့် အသက် (၅၉) နှစ်နှင့်အထက် အလယ်တန်းပြဆရာ၊ ဆရာမများကို လစာနှုန်းကျပ် (၂၁၆,၀၀၀-၂,၀၀၀ -၂၂၆,၀၀၀)သို့ တိုးမြှင့်ခံစားခွင့် ပြုကြောင်း အမိန့်စာများကို အ ခြေခံပညာဦးစီးဌာနက ဒီဇင်ဘာ ၁၁ ရက်စွဲဖြင့် ထုတ်ပြန်ထားပါတယ်။
အခြေခံပညာ ဆရာ၊ဆရာမများကို မူလတန်းအဆင့်၊ အလယ်တန်းအဆင့်၊ အထက်တန်း အဆင့်စသည့် ပညာရေးအဆင့် တစ်ခုအတွင်း ရာထူးတိုးမြှင့်သည့် စနစ်သစ်ကို နိုဝင်ဘာ ၁ ရက်က စတင်ပြောင်းလဲခဲ့သည်။ ရာထူး တိုးစနစ်ဟောင်းရှိ ဆရာ၊ ဆရာမ များအား ရာထူးတိုးစနစ်သစ်အရ ရာထူးအခေါ်အဝေါ်ပြောင်းလဲ ခြင်း၊ လစာနှုန်းပြောင်းလဲခြင်း များကို ပညာရေးဝန်ကြီးဌာနက တစ်ဆင့်ချင်း ပြုလုပ်နေပါတယ်။
လုပ်သက် (၁၀)နှစ်အထက် မူလတန်း ကျောင်းအုပ်များ၊ ပညာရေးဘွဲ့ရမူလတန်းကျောင်းအုပ်များကို နိုဝင်ဘာ ၁ ရက်က စတင်ကာ အထက်တန်းပြလစာ တိုးမြှင့်ပေးခဲ့ပြီးနောက် အသက် (၅၉)နှစ်နှင့် (၅၉)နှစ်၊ ခုနစ်လ၊ ၂၉ ရက်အတွင်း အသက်အရွယ် ရှိသည့် အလယ်တန်းပြဆရာ၊ ဆရာမများကို ဒီဇင်ဘာ ၁ ရက် ကစကာ အထက်တန်းပြလစာတိုး မြှင့်ပေးခြင်းဖြစ်ပါတယ်။
ဖွဲ့စည်းပုံအသစ်အရ လစာ တိုးမြှင့်ပေးခြင်းကို မူလတန်း ကျောင်းအုပ်များအတွက် စတင် ဆောင်ရွက်ခဲ့ပြီး လာမည့် ၂ နှစ်မှ သုံးနှစ်အတွင်း ဆရာ၊ ဆရာမ အားလုံး၏ လစာသတ်မှတ် ချက်ကို စနစ်သစ်အတိုင်း ပြောင်း လဲမည်ဖြစ်ကြောင်း အခြေခံပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ပြောပါတယ်။
“ဘဏ္ဍာရေး လျာထားချက် ကလည်း ဘီလီယံပေါင်းများစွာ သုံးရမှာဆိုတော့ရှိသမျှလူ အကုန် တိုးပေးလို့ အဆင်မပြေဘူး။ ဘတ်ဂျက်မလောက်ငတာ ဖြစ်မှာပေါ့။ ဒါကြောင့် လုပ်သက်အရင့်ဆုံးကို အရင်ဆုံး စဉ်းစားတာ။ အသက် (၅၉)နှစ်၊ ပင်စင်ယူခါနီးသူတွေ ကတော့ အဓိကသတ်မှတ်ချက်နဲ့ ကိုက်တဲ့သူတွေကတော့ ပထမ ဦးစားပေးပေါ့။ ပြီးရင်မှ လုပ်သက်ကို တဖြည်းဖြည်းလျှော့လာမှာ။ ဒီတစ်နှစ်တည်းနဲ့ အကုန်လုံးပြီးအောင် လုပ်လို့ မရဘူး။ အများဆုံး ၂ နှစ်၊ သုံးနှစ်လောက်မှာ ဖြည်းဖြည်းချင်းပြောင်းဖို့ပေါ့” ဟု ဦးကိုလေးဝင်းက ပြောပါတယ်။
Be the first to comment on "အသက် (၅၉) နှစ်အထက် အလယ်တန်းပြ ဆရာ၊ ဆရာမများ လစာတိုးပါပြီ"