နောက်ထပ် ၄ လအတွင်းမှာ ရုရှားက စစ်လက်နက်အကြီးစားတွေ ၁၀၀ ခန့်ရမည်

ရုရှားရေတပ်အနေနဲ့ ယခုနှစ်အတွင်းမှာပဲ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘော ၃ စီးနဲ့ ဒီဇယ်-လျှပ်စစ်ရေငုပ်သင်္ဘော ၂ စီးကို လက်ခံရရှိမှာ
ဖြစ်တယ်လို့ Deputy Defense Minister Alexei Krivoruchko က အင်္ဂါနေ့က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် နောက်ထပ် စစ်ရေယာဉ် ၆ စီးလည်း ပါဝင်မယ်လို့ဆိုပါတယ်။

ပြည်တွင်းထုတ် ကာကွယ်ရေးစက်ရုံတွေကနေ Su-57 ၄ စီး၊ တိုက်ချင်းပစ်ဒုံးကျည် ၁၅ စင်း၊ Bastion ကမ်းရိုးတန်းကာကွယ်ရေး
ဒုံးကျည်စနစ် ၃ ခု၊ မြေပြင်မှ ဝေဟင်ပစ်လွှတ်မှုစနစ် ၇ ယူနစ်တို့ကိုလည်း လက်ခံရရှိမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ဒုတိယကာကွယ်ရေး၀န်ကြီး Alexei Krivoruchko က “T-90M Proryv ‘တင့်ကား ၆၅ စီးနဲ့ T-14 ‘Armata’ တင့် အနည်းဆုံး
၂၀ စီးကို ယခုနှစ်အတွင်း မှာလည်းထပ်မံရရှိဖို့ရှိတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အလယ်အလတ်နဲ့အကြီးစား ကင်းထောက်ဒရုန်းစနစ် ၁၈ စင်းအပြင် Iskander-M မဟာဗျူဟာမြောက်ဒုံးကျည်စနစ်တွေကိုလည်း
ရရှိမှာဖြစ်တယ်လို့ သိရှိရပါတယ်။

Be the first to comment on "နောက်ထပ် ၄ လအတွင်းမှာ ရုရှားက စစ်လက်နက်အကြီးစားတွေ ၁၀၀ ခန့်ရမည်"

Leave a comment

Your email address will not be published.


*