တရုတ်ထံမှ ယွမ် ၄ဘီလီယံတန်ဖိုးရှိ အကူအညီများ တောင်းခံသွားမည့် စစ်ကောင်စီ( ဘာတွေနဲ့ အပေးအယူလုပ်ဦးမလဲမသိ…)

စစ်ကောင်စီက တရုတ်ထံမှ ယွမ် ၄ဘီလီယံတန်ဖိုးရှိ အကူအညီများ တောင်းခံရန်ရှိ

▪️ ရေကြောင်းရဲတပ်ဖွဲ့အတွက် ကင်းလှည့်ရေယာဉ် (၆)စီး

▪️ Shooting Simulation System ၁၃ခု

▪️ ကင်းလှည့်ယာဉ်ငယ် ၂၅၉စီး

▪️ အမေရိကန်ဒေါ်လာ ၂.၅သန်းဖိုးတန်တဲ့ Online Reporting System / analysis ️အပါအဝင် ယွမ် ၄ဘီလီယံဖိုး စီမံကိန်းဆိုင်ရာ အကူအညီတွေကို စကစက တရုတ်ဆီကို တောင်းထားတဲ့အကြောင်း ကျွန်တော်တို့ ပြည်သူ့ရင်ခွင် – People’s Embrace ကို သတင်းပေး အကြောင်းကြားလာပါတယ်။

ယွမ်၄ဘီလီယံထဲမပါဘဲ ရန်ကုန်ရဲကွပ်ကဲမှု ဗဟိုဌာနတည်ဆောက်ရေးအတွက်လည်း CCTV ကင်မရာ အလုံး၂၄၀အပါအဝင် တခြားအကူအညီတွေကိုလည်း သီးသန့်ပေးသွားဖို့ရှိတယ်လို့ ဆိုပါတယ်။

တရုတ်နဲ့ အကောင်အထည်ဖော်ဖို့ စာချုပ်စာတမ်း၃၃ခုရှိပြီး Covid ဖြစ်နေလို့ ရန်ကုန်နဲ့ ကျောက်ဖြူလမ်းကနေ သွင်းလို့ရမယ့် စီမံကိန်းတွေကို ဦးစားပေးသွားမယ်လို့လည်း သိရပါတယ်။

သက်ဆိုင်ရာအဖွဲ့အစည်းတွေအတွက် အသုံးတည့်မယ်ထင်လို့ ပြန်တင်ပေးရခြင်းပါ။ အခုလို အပြင်မထွက်လာသေးပေမဲ့ တပ်ထဲက ဖရဲသီးတွေရှိတာလည်း တော်လှန်ရေးအတွက် အားတစ်ရပ်ပါပဲ။

———–

စစ္ေကာင္စီက တ႐ုတ္ထံမွ ယြမ္ ၄ဘီလီယံတန္ဖိုးရွိ အကူအညီမ်ား ေတာင္းခံရန္ရွိ

▪️ ေရေၾကာင္းရဲတပ္ဖြဲ႕အတြက္ ကင္းလွည့္ေရယာဥ္ (၆)စီး

▪️ Shooting Simulation System ၁၃ခု

▪️ ကင္းလွည့္ယာဥ္ငယ္ ၂၅၉စီး

▪️ အေမရိကန္ေဒၚလာ ၂.၅သန္းဖိုးတန္တဲ့ Online Reporting System / analysis ️အပါအဝင္ ယြမ္ ၄ဘီလီယံဖိုး စီမံကိန္းဆိုင္ရာ အကူအညီေတြကို စကစက တ႐ုတ္ဆီကို ေတာင္းထားတဲ့အေၾကာင္း ကြၽန္ေတာ္တို႔ ျပည္သူ႔ရင္ခြင္ – People’s Embrace ကို သတင္းေပး အေၾကာင္းၾကားလာပါတယ္။

ယြမ္၄ဘီလီယံထဲမပါဘဲ ရန္ကုန္ရဲကြပ္ကဲမႈ ဗဟိုဌာနတည္ေဆာက္ေရးအတြက္လည္း CCTV ကင္မရာ အလုံး၂၄၀အပါအဝင္ တျခားအကူအညီေတြကိုလည္း သီးသန္႔ေပးသြားဖို႔ရွိတယ္လို႔ ဆိုပါတယ္။

တ႐ုတ္နဲ႔ အေကာင္အထည္ေဖာ္ဖို႔ စာခ်ဳပ္စာတမ္း၃၃ခုရွိၿပီး Covid ျဖစ္ေနလို႔ ရန္ကုန္နဲ႔ ေက်ာက္ျဖဴလမ္းကေန သြင္းလို႔ရမယ့္ စီမံကိန္းေတြကို ဦးစားေပးသြားမယ္လို႔လည္း သိရပါတယ္။

သက္ဆိုင္ရာအဖြဲ႕အစည္းေတြအတြက္ အသုံးတည့္မယ္ထင္လို႔ ျပန္တင္ေပးရျခင္းပါ။ အခုလို အျပင္မထြက္လာေသးေပမဲ့ တပ္ထဲက ဖရဲသီးေတြရွိတာလည္း ေတာ္လွန္ေရးအတြက္ အားတစ္ရပ္ပါပဲ။

Be the first to comment on "တရုတ်ထံမှ ယွမ် ၄ဘီလီယံတန်ဖိုးရှိ အကူအညီများ တောင်းခံသွားမည့် စစ်ကောင်စီ( ဘာတွေနဲ့ အပေးအယူလုပ်ဦးမလဲမသိ…)"

Leave a comment

Your email address will not be published.


*