ရုရှားသတင်းဌာနတွေရဲ့ထုတ်ပြန်ချက်အရ ရုရှားတပ်မတော်ဟာ တိုက်ချင်းပစ် ဒုံးပျံဖြစ်တဲ့ RS-28 SARMAT စနစ်တွေကို ၂၀၂၂ ခုနှစ်မှာ တပ်ဖြန့်ဖို့အတွက် ရည်မှန်းထားတယ်လို့ သိရှိရပါတယ်။
အဆိုပါစနစ်တွေကို Russian company Makeyev Rocket Design Bureau က ၂၀၀၉ ခုနှစ်ကတည်းက စတင်ထုတ်လုပ်နေတာလည်းဖြစ်ပါတယ်။
၎င်းစနစ်တွေကို သတ်မှတ်နှစ်မှာ တပ်ဖြန့်ဖို့အတွက် ယခုမကြာမီ ကာလအတွင်း အပြီးသတ်စမ်းသပ်ဖို့ လုပ်ဆောင်တော့မယ်လို့လည်း ဆိုပါတယ်။
အကယ်၍သာ သတ်မှတ်ထားတဲ့နှစ်အတိုင်း ရရှိလာခဲ့မယ်ဆိုရင် Uzhur မဟာဗျူဟာတပ်မဟာမှာ စတင်တပ်ဖြန့်ဖို့အတွက် မျှော်မှန်းရတယ်လို့ ဆိုပါတယ်။
တည်ရှိပြီးဖြစ်တဲ့ RS-25 SARMAT စနစ်ဟာ မြေအောက်အခြေစိုက် စနစ်ဖြစ်တာကြောင့် လက်ရှိမှာ ရုရှားတပ်ဖွဲ့အတွက်လည်း မြေအောက် အခြေစိုက်စနစ်အသစ်ကို တည်ဆောက်ထားခြင်း မရှိတာ ကြောင့်လည်း
တည်ရှိပြီး ဖြစ်တဲ့ စနစ်တွေနေရာမှာ RS-28 ကို အစားထိုးအသုံး ပြုနိုင်ဖို့အလို့ငှာ လိုက်လျော ညီထွေမှုရှိအောင်ပြုလုပ်ထားတယ်လို့ သိရပါတယ်။
SARMAT RS-28 မှာ နောက်ဆုံးပေါ်အင်ဂျင် RS-99 ကိုအသုံးပြုထားပါတယ်။ အလေးချိန် ၁၀ တန်သို့မဟုတ် အပေါ့စား MIRV ထိပ်ဖူး ၁၅ ခုကို သယ်ဆောင်နိုင်ပါတယ်။
ဒါ့အပြင် Avangard hypersonic glide vehicles (HGVs) သို့မဟုတ် ပေါင်းစပ်ထိပ်ဖူးများ၊သို့မဟုတ် ပဲ့ထိန်းတန်ပြန်ဒုံး ကျည်စနစ်တွေကိုလည်း သယ်ဆောင်နိုင်တယ်လို့သိရပါတယ်။
အဝေးဆုံး ၁၈၀၀၀ ကီလိုမီတာရောက်ရှိနိုင်ပြီး အမြင့်ဆုံးမြန်နှုန်း တစ်နာရီကို ၂၅၅၆၀ ကီလိုမီတာပျံသန်းနိုင်ကြောင်း သိရှိရပါတယ်။
Be the first to comment on "ကမ္ဘာကြီးရဲ့မည်သည့်နေရာကိုမဆို ပစ်ချလို့ရမယ့် RS-28 SARMAT ICBM ကို လာမယ့်နှစ် ရုရှားတပ်ဖြန့်မည်"