မိတ်ဆွေတို့ကို မေးခွန်းတစ်ခုလောက် မေးချင်တယ် ” ၈၈ မှာတုန်းက ဒီလိုအခြေအနေတွေရှိခဲ့သလား …?

မိတ်ဆွေတို့ကို မေးခွန်းတစ်ခုလောက် မေးချင်တယ် ” ၈၈ မှာတုန်းက ဒီလိုအခြေအနေတွေရှိခဲ့သလား ……?

WFP ( ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့) က မြန်မာပြည်အတွက် အကူအညီတွေ အရှိန်မြှင့်တော့မယ် ။ ကြေငြာချက်မှာတော့” WFP ဟာ မြန်မာနိုင်ငံမှာ အလျင်အမြန် ဖြစ်ပေါ်နေတဲ့ ငတ်မွတ်ခေါင်းပါးမှု့ကို တာဝန်ယူတဲ့အတွက် အကူအညီပေးရေး လုပ်ငန်းတွေကို အရှိန်မြှင့်နေပါတယ် “လို့ ဖော်ပြထားတာပါ ။

ရန်ကုန်ဆင်ခြေဖုန်းရပ်ကွက်တွေနဲ့ ပြည်နယ်အချို့ကို အရင်ဆုံး ထောက်ပံ့မှာပါ ။ ပထမအစီအစဉ်အနေနဲ့ လူ ၂ သန်းစာ စီစဉ်နေပါတယ် ။ နဂိုအခံ ဆင်းရဲမွဲတေမှု့ကနေ အာဏာသိမ်းမှု့ပြဿနာ ၊ ကပ်ရောဂါပြဿနာတွေကို ” ဆူနာမီ ” ဒဏ်ခံရသလို ပြင်းထန်စွာခံစားနေရတဲ့ မြန်မာပြည်ကို ကူညီဖို့အတွက် အရှိန်မြှင့်လိုက်ပါတယ် ။

WFP ရဲ့ ခန့်မှန်းချက်အရ မြို့ပြဒေသတွေမှာ လာမယ့်ခြောက်လအတွင်း လူဦးရေ ၃.၄ သန်းအထိ ငတ်မွတ်မှု့ပြဿနာ တွေ့ကြူံလာရနိုင်တယ်လို့ ဖော်ပြထားပါတယ် ။ WFP ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဒါရိုက်တာ STEPHEN ANDERSON က” ဆင်းရဲနွမ်းပါးသူတွေ ပိုများလာတယ် ။ အလုပ်အကိုင်တွေ ဆုံးရှုံးကြတယ် ။

စားနပ်ရိက္ခာဝယ်ယူဖို့ မတတ်နိုင်ကြတော့ဘူး ။ လုယက်မှု့တွေ တွေ့လာရတယ် ။ ဆင်းရဲဒုက္ခတွေ သက်သာစေဖို့လိုတယ် ။ ရိက္ခာအတွက် စိုးရိမ်စရာကောင်းလာတဲ့ ယိုယွင်းပျက်စီးမှု့တွေကို ကာကွယ်ဖို့လိုအပ်တဲ့အတွက် နိုင်ငံအားလုံးက စုပေါင်းကူညီပေးကြပါ “လို့ ပြောထားတာပါ ။

” ဘဝတွေကို ကူညီပေးတာဟာ ကောင်းမွန်တဲ့ဘဝတွေကို ဖန်တီးနေတာပါ “ဒါကတော့ WFP အဖွဲ့ကြီးရဲ့ ဆောင်ပုဒ်ပါ ။ ဒါရိုက်တာ မစ္စတာ စတီဗင်ရဲ့ လေ့လာမှု့အရ ၊ ရန်ကုန်အနီးတစ်ဝိုက်မှာ အစာအဟာရမပြည့်ဝမှု့ ၊ အဟာရမပြည့်ဝတဲ့ အစာတွေနဲ့ အသက်ဆက်နေရမှု့နဲ့ နွမ်းပါးမိသားစုတော်တော်များများဟာ အကြွေးတင်နေကြတယ်လို့ ပြောထားပါတယ် ။

လာမယ့်လမှာ လူဦးရေ ၁.၃ သန်းကနေ ၃.၃ သန်းအထိ ကူညီပေးသွားမှာပါ ။ ကူညီမှု့ဟာ ဘယ်အချိန်အထိဆိုတာ ပြောမထားသေးပါဘူး ။” ကြီးမားတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို ငါတို့မျက်စေ့ရှေ့မှာ မပြန့်ပွားအောင် ငါတို့ တားဆီးရမယ် ။ ကူညီရမယ် ။ မြန်မာနိုင်ငံသားတွေနဲ့အတူ ဆက်လက်ရပ်တည်ဖို့ နိုင်ငံတကာအသိုင်းအဝိုင်းက ကူညီကြလိမ့်မယ်လို့ ယုံကြည်ပါတယ် ။ “ဆိုပြီး နိုင်ငံတကာကိုလည်း ပါဝင်လှုဒါန်းကြဖို့ လှုံ့ဆော်ထားပါတယ် ။

ကဲ …၊ သုံးသပ်ကြည့်ရအောင် ။ UNHCR ဝင်လာတယ် ။ နိုင်ငံတကာကြက်ခြေနီအဖွဲ့ကြီးလာမယ် ။ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့က ကူညီမှု့တွေ အရင်ကတည်းကရှိခဲ့ပေမယ့် ဆင်းရဲမွဲတေမှု့ ၊ အဏာသိမ်းပြဿနာနဲ့ ကပ်ရောဂါကာလ ရိက္ခာအခက်အခဲအတွက် အရှိန်မြှင့်တော့မယ် ။ဆိုတော့ ………၊ မိတ်ဆွေတို့ကို မေးခွန်းတစ်ခုလောက် မေးချင်တယ် ။

” ၈၈ မှာတုန်းက ဒီလိုအခြေအနေတွေရှိခဲ့သလား ……?

စစ်ရေးအက်ရှင်မဟုတ်ပဲ ဒီလိုအကူအညီလောက်နဲ့ တက်မလာနဲ့ ဆိုတဲ့ ကွန်မန့်တွေလည်း တွေ့ရပါတယ် ။ စာရေးသူကတော့ ဒီလိုအကူအညီတွေအတွက် ကျေနပ်ပါတယ် ။ စဉ်းစားကြည့်ပါ ။ မြန်မာစစ်တပ်က ရွေးကောက်ခံအစိုးရကို ကြက်ကလေး ငှက်ကလေးဖမ်းသလို ဖမ်းပြီး အာဏာသိမ်းလိုက်တယ် ။

အဖမ်းခံရတာကမြန်မာ ။ ဖမ်းတဲ့သူကမြန်မာ ။ တော်လှန်တဲ့သူကို ခေါင်းပွင့်အောင် ပစ်တာကမြန်မာ ။ အာဏာသိမ်းတဲ့သူကို ခေါင်းငုံ့မခံနိုင်လို့ တော်လှန်နေတာကမြန်မာ ။ အောက်ဆီဂျင်အခက်အခဲဖြစ်တာကမြန်မာ ။ အောက်ဆီဂျင်ရှာတဲ့သူကို ဖမ်းတာကမြန်မာ ။ ရှင်းရှင်းလေးပါ ။ ဒီပြဿနာဟာ မြန်မာအချင်းချင်းဖြစ်နေတဲ့ ပြဿနာပါ ။

သို့ပေမယ့် ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက မြန်မာပြည်သူတွေကို မျက်နှာလွှဲမထားပါဘူး ။ ကလိန်ကကျစ်ကျနေတဲ့ စစ်ကောင်စီရဲ့ ကစားကွက်တွေအပေါ်မှာ လုပ်ထုံးလုပ်နည်းတွေနဲ့ ဖြည်းဖြည်းချင်း တင်းပေးနေတယ်လို့ မြင်ပါတယ် ။ ပြဿနာပေါင်းစုံကို ဖြေရှင်းခဲ့ရ ၊ ဖြေရှင်းနေရတဲ့ ကုလအဖွဲ့ကြီးမှာ ဘယ်လိုသွားရမယ်ဆိုတဲ့ အစီအစဉ်သေချာပေါက်ရှိနေပါတယ် ။

စာရေးသူရဲ့ အမြင်ကတော့ ကယ်ဆယ်ရေး ၊ ထောက်ပံရေးအဖွဲ့တွေ အရင်ဆုံးလွှတ်နေတယ်လို့ မြင်ပါတယ် ။အာဆီယံကိုယ်စားလှယ်ကလည်း ပွင့်လင်းမြင်သာမှု့ရှိတဲ့ တွေ့ဆုံဆွေးနွေးမှု့တွေကို လက်ခံပေးရမယ်လို့ စစ်ကောင်စီကို တောင်းဆိုထားတာပါ ။ စစ်ကောင်စီရဲ့ တုန့်ပြန်မှု့က ဘယ်လိုလာမယ်မသိသေးပါဘူး ။

အတည်မပြုနိုင်သေးတဲ့ ပြည်တွင်းသတင်းတစ်ခုကတော့ နေပြည်တော်မှာ လေကြောင်းရန်ကာကွယ်ရေး လေ့ကျင်းမှု့တွေ လုပ်နေပါသတဲ့ ။ ပြည်သူတွေကတော့ ခြောက်လုံး လှန့်လုံးတွေကို မကြောက်တတ်တော့ဘဲ D-Day ခေါ်ဖို့ကိုသာ မျှော်လင့်နေကြပါပြီ ။

အနှစ်ချုပ်ရရင် …၊ ပြည်တွင်းက NUG , PDF , တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့၊ ရဲရဲတောက်ပြည်သူတွေနဲ့ ပြည်ပအကူအညီတွေက အားရစရာကောင်းလှပါတယ် ။

ဘကြီးအောင် LA

Be the first to comment on "မိတ်ဆွေတို့ကို မေးခွန်းတစ်ခုလောက် မေးချင်တယ် ” ၈၈ မှာတုန်းက ဒီလိုအခြေအနေတွေရှိခဲ့သလား …?"

Leave a comment

Your email address will not be published.


*