နွေဦးတော်လှန်ရေး အောင်မြင်ပြီးဆုံးမယ့်နိမိတ်တွေ ကျွန်မတို့ မျက်စိရှေ့ရောက်လာခဲ့ပါပြီ

နွေဦးတော်လှန်ရေး အောင်မြင်ပြီးဆုံးမယ့်နိမိတ်တွေ ကျွန်မတို့ မျက်စိရှေ့ရောက်လာခဲ့ပါပြီ။

မကွေးလေယာဉ်ကွင်းမှာ ဗုံးနှစ်လုံးဆင့် ပေါက်တာလည်း ဟုတ်တယ်(ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်ကဖောက်ခွဲခဲ့ခြင်းဖြစ်တယ်)

ဖက်ဆစ်စာသားပါတဲ့ဗီနိုင်းသွားဖြုတ်မိလို့ ဗုံးမှန်သွားတာလည်းဟုတ်တယ်(တစ်ကောင်သေပြီး တစ်ကောင်ကဒုက္ခိတဖြစ်သွားတယ်)

နဝတ နအဖ ခေတ်ကလို နိုင်ငံတကာက လွယ်လွယ်နဲ့ အလျော့ပေးမယ် လို့ထင်ရင် အမှားကြီးမှားသွားလိမ့်မယ်လို့ အင်ဒိုသံအမတ်ကပြောတာလည်းဟုတ်တယ်(ဒါဟာ ပြည်သူ့ဖက်ကနေအဆုံးထိရပ်တည်သွားမယ် လို့ နိုင်ငံတကာနားထဲအရိပ်ပြလိုက်ခြင်းဖြစ်တယ်)

ဂျပန်အစိုးရက သူ့နိုင်ငံသားတွေကို ပြန်ခေါ်တာလည်းဟုတ်တယ်(ပြည်သူ့အသက်ကိုတန်ဖိုးထားတဲ့အစိုးရဖြစ်ကြောင်းသက်သေထူလိုက်ခြင်းဖြစ်တယ်)

ဦးကျော်မိုးထွန်းကိုလုပ်ကြံရန်ကြံစည်လိုက်လို့ လူ့အခွင့်ရေးအဖွဲ့အစည်းကအံ့အားသင့်သွားတယ်လို့ပြောလိုက်တာလည်းဟုတ်တယ်(လူ့အခွင့်အရေး အဖွဲ့အစည်းတွေကလည်းစကစကိုဝိုင်းကြပ်လာဖို့ရှိ တယ်)

နယ်နိမိတ်ခြားပြီး အကြမ်းဖက်လုပ်လိုက်တာပဲလို့ အမေရိကန်သံတမန်ကပြောလိုက်တာလည်းဟုတ်တယ်(အမေရိကန်ရဲ့အမျိုးသားလုံခြုံရေးကိုသွေးတိုးစမ်းလိုက်တာလို့မပြောရုံတမယ်)

နိုင်ငံတကာရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်းချိုးဖေါက်တာပဲလို့ US အဆင့်မြင့်ရဲအရာရှိချုပ်ကပြောတာလည်းဟုတ်တယ်(ဒီတစ်လအတွင်းစကစကိုဝိုင်းကြပ်ကြတော့မယ်)

ဒီကိစ္စနဲ့ပတ်သက်ပြီး အမေရိကန် FBI က ဆက်လက်စုံစမ်းရှာဖွေနေတာတယ်ဆိုတာလည်းဟုတ်တယ်(FBIဆိုတာတရားခံရဲ့လာရာကိုရေဆုံး ရေဖျားရှာဖွေဖော်ထုတ်နိုင်တဲ့မှတ်တမ်းကောင်းရှိတယ်)

အဲဒီလိုစုံစမ်းနေလို့ ဘယ်သူတွေပါတယ်ဆိုတာပေါ်လိမ့်မယ်လို့ယုံကြည်နေတာလည်းဟုတ်တယ်(ယုန်ထောင်ရင်း ကြောင်ပါမိတော့မယ်)

ပေါ်ခဲ့တဲ့အချိန်မှာလည်း ပြတ်ပြတ်သားသားအရေးယူမယ်ဆိုတာလည်းဟုတ်တယ်(မြန်မာနိုင်ငံလိုပရဆေးဥယျာဉ်မရှိတော့ မြန်မြန်ဆန်ဆန်ပေါ်လာနိုင်ဖွယ်ရှိတယ်)

ကျူးလွန်ထားတဲ့ နောက်ကွယ်ကလက်မည်းကြီးတွေ အခုဆိုမအိပ်နိုင်မစားနိုင်ဖြစ်‌နေပြီဆိုတာလည်းဟုတ်တယ်(မျောက်မီးခဲကိုင်သလိုပတ်ရှို့နေတာအားလုံးမျက်မြင်ပါ)

အခုလိုဖြစ်လိုက်လို့ လာမယ့်လထဲမှာကျင်းပမယ့်ကုလညီလာခံမှာ ဦးကျော်မိုးထွန်းကိုဆက်လက်နေရာပေးအသိအမှတ်ပြုပြီး NUG အစိုးရကိုတရားဝင်အစိုးရလို့ကြေညာတော့မယ်ဆိုတာလည်းဟုတ်တယ်(အကောင်းကြိုက်လွန်းတဲ့၂၁က မြန်မာပြည်သူတွေအတွက်အကောင်း တွေချည်းပြန်ပေးလိမ့်မယ်)

အဲဒီလို … တရားဝင်အစိုးရလို့ကြေညာလိုက်ပြီဆိုရင် နဂိုကတည်းက အကြမ်းဖက်အဖွဲ့အစည်းဖြစ်နေတဲ့စကစဟာ သူ့အလိုလိုသူပုန်ဘဝရောက်သွားရတော့မယ်ဆိုတာလည်းဟုတ်တယ်(သူပုန်တွေရဲ့အဆုံးသတ်ကို မကြာခင်မြင်ရဖွယ်ရှိတယ်)

သူပုန်ဘဝရောက်သွားပြီဆိုရင် တရားဝင်အစိုးရကိုစစ်ရေးအရအကူအညီ‌တွေပေး အာဖဂန်နစ္စတန်ကတာလီဘန်တွေလိုဖြစ်သွားရတော့မယ်ဆိုတာလည်းဟုတ်တယ် (#အကြမ်းဖက်သူပုန်အဖွဲ့အမြစ်ပြတ်သွားရင်မြန်မာပြည်ဟာနေချင့်စဖွယ်နိုင်ငံစာရင်းထဲဝင်လာမယ်)

အမေ့သား #ထွန်းတောက်

Zawgyi

ေႏြဦးေတာ္လွန္ေရး ေအာင္ျမင္ၿပီးဆုံးမယ့္နိမိတ္ေတြ ကြၽန္မတို႔ မ်က္စိေရွ႕ေရာက္လာခဲ့ပါၿပီ။

မေကြးေလယာဥ္ကြင္းမွာ ဗုံးႏွစ္လုံးဆင့္ ေပါက္တာလည္း ဟုတ္တယ္(ဗိႆႏိုးျပည္သူ႔ကာကြယ္ေရးတပ္ကေဖာက္ခြဲခဲ့ျခင္းျဖစ္တယ္)

ဖက္ဆစ္စာသားပါတဲ့ဗီႏိုင္းသြားျဖဳတ္မိလို႔ ဗုံးမွန္သြားတာလည္းဟုတ္တယ္(တစ္ေကာင္ေသၿပီး တစ္ေကာင္ကဒုကၡိတျဖစ္သြားတယ္)

နဝတ နအဖ ေခတ္ကလို ႏိုင္ငံတကာက လြယ္လြယ္နဲ႔ အေလ်ာ့ေပးမယ္ လို႔ထင္ရင္
အမွားႀကီးမွားသြားလိမ့္မယ္လို႔ အင္ဒိုသံအမတ္ကေျပာတာလည္းဟုတ္တယ္(ဒါဟာ ျပည္သူ႔ဖက္ကေနအဆုံးထိရပ္တည္သြားမယ္ လို႔ ႏိုင္ငံတကာနားထဲအရိပ္ျပလိုက္ျခင္းျဖစ္တယ္)

ဂ်ပန္အစိုးရက သူ႔ႏိုင္ငံသားေတြကို ျပန္ေခၚတာလည္းဟုတ္တယ္(ျပည္သူ႔အသက္ကိုတန္ဖိုးထားတဲ့အစိုးရျဖစ္ေၾကာင္းသက္ေသထူလိုက္ျခင္းျဖစ္တယ္)

ဦးေက်ာ္မိုးထြန္းကိုလုပ္ႀကံရန္ႀကံစည္လိုက္လို႔ လူ႔အခြင့္ေရးအဖြဲ႕အစည္းကအံ့အားသင့္သြားတယ္လို႔ေျပာလိုက္တာလည္းဟုတ္တယ္(လူ႔အခြင့္အေရး အဖြဲ႕အစည္းေတြကလည္းစကစကိုဝိုင္းၾကပ္လာဖို႔ရွိ တယ္)

နယ္နိမိတ္ျခားၿပီး အၾကမ္းဖက္လုပ္လိုက္တာပဲလို႔ အေမရိကန္သံတမန္ကေျပာလိုက္တာလည္းဟုတ္တယ္(အေမရိကန္ရဲ႕အမ်ိဳးသားလုံၿခဳံေရးကိုေသြးတိုးစမ္းလိုက္တာလို႔မေျပာ႐ုံတမယ္)

ႏိုင္ငံတကာရာဇဝတ္မႈကို ေျပာင္ေျပာင္တင္းတင္းခ်ိဳးေဖါက္တာပဲလို႔ US အဆင့္ျမင့္ရဲအရာရွိခ်ဳပ္ကေျပာတာလည္းဟုတ္တယ္(ဒီတစ္လအတြင္းစကစကိုဝိုင္းၾကပ္ၾကေတာ့မယ္)

ဒီကိစၥနဲ႔ပတ္သက္ၿပီး အေမရိကန္ FBI က ဆက္လက္စုံစမ္းရွာေဖြေနတာတယ္ဆိုတာလည္းဟုတ္တယ္(FBIဆိုတာတရားခံရဲ႕လာရာကိုေရဆုံး ေရဖ်ားရွာေဖြေဖာ္ထုတ္ႏိုင္တဲ့မွတ္တမ္းေကာင္းရွိတယ္)

အဲဒီလိုစုံစမ္းေနလို႔ ဘယ္သူေတြပါတယ္ဆိုတာေပၚလိမ့္မယ္လို႔ယုံၾကည္ေနတာလည္းဟုတ္တယ္(ယုန္ေထာင္ရင္း ေၾကာင္ပါမိေတာ့မယ္)

ေပၚခဲ့တဲ့အခ်ိန္မွာလည္း ျပတ္ျပတ္သားသားအေရးယူမယ္ဆိုတာလည္းဟုတ္တယ္(ျမန္မာႏိုင္ငံလိုပရေဆးဥယ်ာဥ္မရွိေတာ့ ျမန္ျမန္ဆန္ဆန္ေပၚလာႏိုင္ဖြယ္ရွိတယ္)

က်ဴးလြန္ထားတဲ့ ေနာက္ကြယ္ကလက္မည္းႀကီးေတြ အခုဆိုမအိပ္ႏိုင္မစားႏိုင္ျဖစ္‌ေနၿပီဆိုတာလည္းဟုတ္တယ္(ေမ်ာက္မီးခဲကိုင္သလိုပတ္ရႈိ႕ေနတာအားလုံးမ်က္ျမင္ပါ)

အခုလိုျဖစ္လိုက္လို႔ လာမယ့္လထဲမွာက်င္းပမယ့္ကုလညီလာခံမွာ ဦးေက်ာ္မိုးထြန္းကိုဆက္လက္ေနရာေပးအသိအမွတ္ျပဳၿပီး NUG အစိုးရကိုတရားဝင္အစိုးရလို႔ေၾကညာေတာ့မယ္ဆိုတာလည္းဟုတ္တယ္(အေကာင္းႀကိဳက္လြန္းတဲ့၂၁က ျမန္မာျပည္သူေတြအတြက္အေကာင္း ေတြခ်ည္းျပန္ေပးလိမ့္မယ္)

အဲဒီလို … တရားဝင္အစိုးရလို႔ေၾကညာလိုက္ၿပီဆိုရင္ နဂိုကတည္းက အၾကမ္းဖက္အဖြဲ႕အစည္းျဖစ္ေနတဲ့စကစဟာ သူ႔အလိုလိုသူပုန္ဘဝေရာက္သြားရေတာ့မယ္ဆိုတာလည္းဟုတ္တယ္(သူပုန္ေတြရဲ႕အဆုံးသတ္ကို မၾကာခင္ျမင္ရဖြယ္ရွိတယ္)

သူပုန္ဘဝေရာက္သြားၿပီဆိုရင္ တရားဝင္အစိုးရကိုစစ္ေရးအရအကူအညီ‌ေတြေပး အာဖဂန္နစၥတန္ကတာလီဘန္ေတြလိုျဖစ္သြားရေတာ့မယ္ဆိုတာလည္းဟုတ္တယ္ (#အၾကမ္းဖက္သူပုန္အဖြဲ႕အျမစ္ျပတ္သြားရင္ျမန္မာျပည္ဟာေနခ်င့္စဖြယ္ႏိုင္ငံစာရင္းထဲဝင္လာမယ္)

အေမ့သား #ထြန္းေတာက္

Be the first to comment on "နွေဦးတော်လှန်ရေး အောင်မြင်ပြီးဆုံးမယ့်နိမိတ်တွေ ကျွန်မတို့ မျက်စိရှေ့ရောက်လာခဲ့ပါပြီ"

Leave a comment

Your email address will not be published.


*