သရဲပူးသလိုဖြစ်ပြီး ချစ်သူကို ၂၀ ချက်တိတိ ဓါးနဲ့ ထိုးပစ်လိုက်တဲ့ ထိုင်းမင်းသား

ဘီယာအတူတူသောက်ရင်း ချစ်သူကောင်မလေးအား ဓါးဖြင့်အချက်(၂၀) ကျော်ထိုးသတ်လိုက်တဲ့ ထိုင်းဇာတ်လမ်းတွဲ သရုပ်ဆောင် ” Toy Toy ”

သြဂုတ်လ(၆)ရက်နေ့က ထိုင်းဇာတ်လမ်းတွဲသရုပ်ဆောင် Toy Thanaphat ဟာ ချစ်သူဖြစ်သူ အသက် ၂၁နှစ်အရွယ် အမျိုးသမီးကို နေအိမ်မှာ ဓါးဖြင့်အချက် ၂၀ ကျော်ထိုးသတ်ပြီး ဖမ်းစီးခံခဲ့ကြောင်းသိရပါတယ်။

ရဲတွေရောက်ရှိလာချိန်မှာ Toy Thanaphat ဟာ ဓါးဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ ချစ်သူရုပ်အလောင်းဘေးမှာ သစ်သီးလှီးဓါးနဲ့အတူ ထိတ်လန့်စွာထိုင်နေတာကို ရဲတပ်ဖွဲ့က ဖမ်းစီးခဲ့တာပဲဖြစ်ပါတယ်။

အခင်းမဖြစ်ပွားမှီ ၎င်းတို့ချစ်သူနှစ်ဦးဟာ ဘီယာအတူတူသောက်ကြပြီး စကားများရာမှ စိတ်မထိန်းနိုင်ပဲ Toy Toy ဟာ ချစ်သူကောင်မလေးကို ဓါးဖြင့်အချက် ၂၀ကျော် ထိုးသတ်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။

ထိုင်းသရုပ်ဆောင် မင်းသား Toy Thanaphat ဟာ Channel ONE31 ကထုတ်လွှင့်တဲ့ “Why r u the series” မှ သရုပ်ဆောင်တစ်ဦး ဖြစ်တယ်လို့ သိရပါတယ်။

 

 

Be the first to comment on "သရဲပူးသလိုဖြစ်ပြီး ချစ်သူကို ၂၀ ချက်တိတိ ဓါးနဲ့ ထိုးပစ်လိုက်တဲ့ ထိုင်းမင်းသား"

Leave a comment

Your email address will not be published.


*