ညက ၾကယ္မိုး႐ြာတာ မၾကည့္လိုက္ရသူမ်ား ၾကည့္ေစရန္…
ကိုယ္လည္းမသိ၊ မၾကည့္လိုက္ရပါဘူး…
သူမ်ားတင္ထားတာေတြ႕လို႔ ျပန္ယူတင္လိုက္တာပါ…
Photo Credit – Saw Htee Way ၊ Thet Aung
*********
(ဒီေန႔) ည ၁၀ နာရီေလာက္ကေန ေနာက္ေန႔ (ဒီဇင္ဘာ ၁၄ ရက္) နံနက္ေစာေစာအထိ ၾကယ္မိုးေတြ႐ြာမည္
ဒီည ၾကယ္မိုး႐ြာတာကို ေစာင့္ၾကည့္ၾကမယ္ေနာ္
ေက – ဂ်ဴဝယ္လ္
ညက ကြယ်မိုးရွာသွားတာ မကြည့်လိုက်ရသူများ ကြည့်ဖို့ …
ညအခါ မိုးေပၚကေန ေတာက္ပတဲ့အလင္းတန္းေလး ေအာက္ကို ျမန္ျမန္က်ဆင္းလာတာမ်ိဳး ကေလးတို႔ ျမင္ဖူးၾကသလား။ ၿမိဳ႕ႀကီးေတြက ကေလးေတြအတြက္အထူးအဆန္းျဖစ္ေနမွာပဲေနာ္။
ၿမိဳ႕ျပမွာ မီးအလင္းေရာင္ ေတြေၾကာင့္ မိုးေပၚမွာ လမင္းႀကီးသာေနတာေတာင္ သတိမထားမိၾကတာ မ်ားတယ္။ ေက်းလက္ေဒသမွာေနၾကသူေတြအဖို႔ေတာ့ ၾကယ္ေႂကြတာမ်ိဳးကို မၾကာခဏ ျမင္ႏိုင္တာေပါ့။
ဒီည (ဒီဇင္ဘာ ၁၃ ရက္ည) မွာေတာ့ ထူးထူးျခားျခား မိုး႐ြာသလိုမ်ိဳး ၾကယ္ေလးေတြတျဖဳတ္ျဖဳတ္ ေႂကြက်လာမွာဆိုၿပီး နကၡတ္တာရာေတြကို ေစာင့္ၾကည့္ ၾကတဲ့ ပညာရွင္ေတြက ဆိုထားပါတယ္။
မမတို႔ေျမကမာၻတည္ရွိရာ ေနစၾကဝဠာႀကီးထဲမွာ ေနကိုလွည့္ပတ္ေနတဲ့ ၿဂိဳဟ္ႀကီးေတြျဖစ္တဲ့ မာက်ဴရီၿဂိဳဟ္ (ဗုဒၶဟူးၿဂိဳဟ္)၊ ဗီးနပ္စ္ၿဂိဳဟ္ (ေသာၾကာၿဂိဳဟ္)၊
ကမာၻၿဂိဳဟ္၊ မားစ္ၿဂိဳဟ္(အဂၤါၿဂိဳဟ္)၊ ဂ်ဴပီတာၿဂိဳဟ္ (ၾကာသပေတး ၿဂိဳဟ္)၊ ေစတန္ၿဂိဳဟ္(စေနၿဂိဳဟ္)၊ ယူေရးနပ္စ္ၿဂိဳဟ္၊ နက္ပကြၽန္းၿဂိဳဟ္ စတဲ့ ၿဂိဳဟ္ႀကီးရွစ္လုံးအျပင္ အျခား ဂလက္ဆီအဖြဲ႕အစည္းေတြကေန လြင့္ထြက္လာတဲ့
ဥကၠာပ်ံေတြ၊ ၾကယ္တံခြန္ေတြနဲ႔ အျခားၿဂိဳဟ္သိမ္ၿဂိဳဟ္ငယ္ ေလးေတြကလည္း ေနလုံးႀကီးကို လမ္းေၾကာင္းကိုယ္စီနဲ႔ လည္ပတ္ေနၾကပါတယ္။
သူတို႔ဟာ အျခားေသာစၾကဝဠာ ေတြဆီက ၾကယ္ေတြ၊ ၿဂိဳဟ္ေတြေပါက္ကြဲတဲ့အခါ အစိုင္အခဲ၊ အစအနေလးေတြအျဖစ္ လြင့္စဥ္လာၿပီး အာကာသထဲမွာ တည္ရွိေနၾကတာျဖစ္ပါတယ္။
အေၾကာင္းတစ္ခုခုေၾကာင့္ မမတို႔ကမာၻႀကီးရဲ႕ ကမာၻပတ္လမ္းေၾကာင္းနဲ႔ တိုက္ဆိုင္သြား တဲ့အခါ အခ်ိဳ႕ အမႈန္အမႊားေတြ၊ အစိုင္အခဲေတြက ကမာၻ႔ေလထုထဲအထိေရာက္လာၿပီး ကမာၻႀကီးေပၚကိုက်လာတတ္တာလည္းရွိပါတယ္။
ကမာၻဦးအေစာပိုင္းမွာ ဥကၠာခဲေတြ ခဏခဏက်လာတဲ့အတြက္ ရာသီဥတုေတြ ေျပာင္းလဲၿပီး ကမာၻ႔ေရွးက်တဲ့ သတၱဝါႀကီးေတြျဖစ္တဲ့ ဒိုင္ႏိုေဆာႀကီးေတြ မ်ိဳးသုဥ္းေပ်ာက္ကြယ္သြားတယ္ ဆိုၿပီး ပညာရွင္ေတြက ေျပာၾကတာေတြ ရွိခဲ့ဖူးပါတယ္။
အဲဒီအရာ ေတြဟာ ဟိုးအျမင့္ႀကီးကေန အရွိန္ျပင္းျပင္းနဲ႔ ျပဳတ္က်ရင္း ကမာၻ႔ေလထုထဲက ဓာတ္ေငြ႕ေတြနဲ႔ ထိေတြ႕တဲ့အခါ ပြတ္တိုက္မႈေၾကာင့္ ေလာင္ကြၽမ္းၿပီး ေတာက္ပတဲ့အလင္း ေရာင္ ထြက္ေပၚလာတာရွိပါတယ္။
အဲဒါကို ၾကယ္ေႂကြ တယ္လို႔ေခၚၾကတာပါ။ အမွန္က ၾကယ္မိုး႐ြာတယ္ဆိုတာ ကေလးတို႔ျမင္ေနရတဲ့ မိုးေပၚကၾကယ္ကေလးေတြ ေႂကြက်လာတာေတာ့ မဟုတ္ ပါဘူးကြယ္။
အာကာသႀကီးထဲမွာ မမတို႔ကမာၻႀကီးလိုပဲ ရွိေနတဲ့ ၿဂိဳဟ္ႀကီးေတြ၊ ဥကၠာပ်ံေတြက ပ်က္စီးသြားၿပီးေတာ့ အစိတ္စိတ္အႁမႊာႁမႊာကြဲေနတာကို မမတို႔ကမာၻႀကီးကသူ႔ရဲ႕ပတ္လမ္းေၾကာင္းအတိုင္း လည္ပတ္ရင္း ျဖတ္သန္း သြားရင္းနဲ႔ ေတြ႕ရတာမ်ိဳးပါ။
ၾကယ္မိုး႐ြာတာကို ေတြ႕ရဖို႔ အတြက္ကေတာ့ ကေလးတို႔ေရာက္ရွိေနတဲ့ေနရာဟာ မီးအလင္းေရာင္ေတြ တအားထြန္းထားတဲ့ေနရာ မျဖစ္ရ ပါဘူး။
ရာသီဥတုကလည္း သာယာေနဖို႔လိုသလို ေကာင္းကင္ျပင္ႀကီးကို က်ယ္က်ယ္ျပန႔္ျပန႔္ ျမင္ႏိုင္ဖို႔နဲ႔ လွ်ပ္စစ္မီးေရာင္ေတြရဲ႕ အေႏွာင့္အယွက္ကင္းဖို႔လည္း လိုတာေပါ့။
အခ်ိန္ကလည္း ညပိုင္းဆိုေတာ့ အျပင္ထြက္ ၿပီးေစာင့္ၾကည့္ၾကဖို႔လည္း လိုမွာေပါ့ေနာ္။ ဒီညမွာျမင္ရမယ့္ ၾကယ္မိုး႐ြာတဲ့ျဖစ္စဥ္က ၃၂၀၀ ဖယ္သုန္ (3200 Paethon)
လို႔ေခၚတဲ့ ၾကယ္တံခြန္ ဒါမွမဟုတ္ ၿဂိဳဟ္သိမ္တစ္ခုလည္း ျဖစ္ႏိုင္တဲ့အရာကေန ေပါက္ကြဲပ်က္စီးၿပီး က်န္ေနတဲ့ အမႈန္အမႊားျဖစ္တဲ့ ဂ်န္မန္နစ္ ဥကၠာပ်ံရဲ႕ အမႈန္အမႊား၊ အပိုင္းအစေတြကို ျမင္ရမွာပဲျဖစ္ပါတယ္။
သူကလည္းမမတို႔ကမာၻႀကီးလိုပဲ ေနမင္းႀကီးကို လွည့္ပတ္ေနတာေပါ့။ ၃၂၀၀ ဖယ္သုန္ကေန ေပါက္ကြဲထြက္လာတဲ့ ဂ်န္မန္နစ္ ဥကၠာပ်ံႀကီးကို မမတို႔ ျမန္မာလိုဆိုရင္ ေမထုန္ရာသီ ၾကယ္မိုး (Geminid Meteor Shower) လို႔လည္း ေခၚပါတယ္။
သူက တစ္နာရီကို မိုင္ေပါင္း ၇၈၀၀၀ ေလာက္ ျမန္ျမန္ေ႐ြ႕လ်ားေနတာပါ။ သူရဲ႕လ်င္ျမန္ႏႈန္းက မမတို႔ ကမာၻႀကီးေပၚက အျမန္ဆုံးကားတစ္စီးထက္ကို အဆ ၂၅၀ေလာက္ ပိုၿပီးျမန္ျမန္သြားေနတာေပါ့။
ၾကယ္မိုး႐ြာတဲ့အခါ ခုနက မမေျပာတဲ့ ဥကၠာပ်ံႀကီးရဲ႕ အမႈန္အမႊားေတြက အ႐ြယ္အစားအမ်ိဳးမ်ိဳး ရွိေနမွာအမွန္ပါပဲ။ ကေလးတို႔က ၾကယ္မိုး႐ြာတာကို ေစာင့္ၾကည့္မယ္ဆိုရင္ ေကာင္းကင္ ေပၚမွာေတာက္ပတဲ့
အျဖဴေရာင္၊ အဝါေရာင္၊ အစိမ္းေရာင္ နဲ႔ အနီေရာင္၊ အျပာေရာင္ရွိတဲ့ ၾကယ္မိုးစက္ကေလးေတြကိုျမင္ရမွာေသခ်ာပါတယ္။ မမတို႔ႏိုင္ငံကေနလည္း ၾကယ္မိုး ႐ြာတဲ့ျဖစ္စဥ္ကို ေကာင္းေကာင္းေလ့လာၾကည့္ျမင္ႏိုင္ တယ္လို႔ နကၡတ္ပညာရွင္ေတြက ဆိုၾကပါတယ္။
နကၡတ္ တာရာေတြကို ဝါသနာပါသူေတြ ေတာ္ေတာ္မ်ားမ်ားလည္းေစာင့္ၾကည့္ေနၾကမွာ ျဖစ္ပါတယ္။ ကေလးတို႔လည္း ဒီဇင္ဘာ ၁၃ရက္ေန႔ (ဒီေန႔) ည ၁၀ နာရီေလာက္ကေန ေနာက္ေန႔ (ဒီဇင္ဘာ ၁၄ ရက္) နံနက္ေစာေစာအထိ ေစာင့္ၾကည့္လို႔ရပါတယ္။
တစ္နာရီကို ၾကယ္မိုးပြင့္ေလးေတြ ၁၀၀ ကေန ၁၂၀ ေလာက္အထိကို ျမင္ေတြ႕ႏိုင္ပါတယ္။ ဒီရက္ေတြဟာ တန္ေဆာင္မုန္းလဆုတ္ရက္ ျဖစ္တာေၾကာင့္လည္း လမင္းရဲ႕အလင္းေရာင္သိပ္မရွိႏိုင္တာမို႔ ၾကယ္မိုးေတြကို ထင္ထင္ရွားရွားျမင္ရႏိုင္တယ္လို႔ သိရပါ တယ္။
ဒါေၾကာင့္ ညက်ရင္ အေရွ႕ဘက္ေကာင္းကင္ေပၚကို ေမာ့ၾကည့္ရင္း ၾကယ္မိုး႐ြာတဲ့ျဖစ္စဥ္ကို အတူတူၾကည့္ ၾကမယ္ေနာ္။
မမတို႔ငယ္ငယ္က ၾကယ္ေလးေတြ ေႂကြက် လာတဲ့အခါ ဆုတစ္ဆုေတာင္းၿပီး အဲဒီဆုကို မိုးေပၚကနတ္သမီးေလးေတြက သိၾကတဲ့အခါ ျဖည့္ဆည္းေပးၾကမယ္ ဆိုၿပီး လူႀကီးေတြက ေျပာျပဖူးပါတယ္။ ယုံတမ္းစကား ဆိုေပမယ့္
ကေလးဘဝမွာေတာ့ ၾကယ္ေႂကြတာကိုျမင္တိုင္း ဆုေတာင္းၾကတာက သိပ္ကိုေပ်ာ္စရာေကာင္းပါတယ္။ မမကေတာ့ ဒီညမွာ မမ ၾကယ္မိုးေလးတစ္ပြင့္ေႂကြတိုင္း ဆုတစ္ခုေတာင္းမယ္လို႔ စိတ္ကူးထားတယ္။ ကေလး တို႔ေရာ ၾကယ္မိုး႐ြာတဲ့အခါ ဘာဆုေတြေတာင္းမလဲဆိုတာ
စဥ္းစားထားၾကပါဦးေနာ္။
————
ညက ကြယ်မိုးရွာတာ မကြည့်လိုက်ရသူများ ကြည့်စေရန်…
ကိုယ်လည်းမသိ၊ မကြည့်လိုက်ရပါဘူး…
သူများတင်ထားတာတွေ့လို့ ပြန်ယူတင်လိုက်တာပါ…
Photo Credit – Saw Htee Way ၊ Thet Aung
*********
(ဒီနေ့) ည ၁၀ နာရီလောက်ကနေ နောက်နေ့ (ဒီဇင်ဘာ ၁၄ ရက်) နံနက်စောစောအထိ ကြယ်မိုးတွေရွာမည်
ဒီည ကြယ်မိုးရွာတာကို စောင့်ကြည့်ကြမယ်နော်
ကေ – ဂျူဝယ်လ်
ညအခါ မိုးပေါ်ကနေ တောက်ပတဲ့အလင်းတန်းလေး အောက်ကို မြန်မြန်ကျဆင်းလာတာမျိုး ကလေးတို့ မြင်ဖူးကြသလား။ မြို့ကြီးတွေက ကလေးတွေအတွက်အထူးအဆန်းဖြစ်နေမှာပဲနော်။
မြို့ပြမှာ မီးအလင်းရောင် တွေကြောင့် မိုးပေါ်မှာ လမင်းကြီးသာနေတာတောင် သတိမထားမိကြတာ များတယ်။ ကျေးလက်ဒေသမှာနေကြသူတွေအဖို့တော့ ကြယ်ကြွေတာမျိုးကို မကြာခဏ မြင်နိုင်တာပေါ့။
ဒီည (ဒီဇင်ဘာ ၁၃ ရက်ည) မှာတော့ ထူးထူးခြားခြား မိုးရွာသလိုမျိုး ကြယ်လေးတွေတဖြုတ်ဖြုတ် ကြွေကျလာမှာဆိုပြီး နက္ခတ်တာရာတွေကို စောင့်ကြည့် ကြတဲ့ ပညာရှင်တွေက ဆိုထားပါတယ်။
မမတို့မြေကမ္ဘာတည်ရှိရာ နေစကြဝဠာကြီးထဲမှာ နေကိုလှည့်ပတ်နေတဲ့ ဂြိုဟ်ကြီးတွေဖြစ်တဲ့ မာကျူရီဂြိုဟ် (ဗုဒ္ဓဟူးဂြိုဟ်)၊ ဗီးနပ်စ်ဂြိုဟ် (သောကြာဂြိုဟ်)၊
ကမ္ဘာဂြိုဟ်၊ မားစ်ဂြိုဟ်(အင်္ဂါဂြိုဟ်)၊ ဂျူပီတာဂြိုဟ် (ကြာသပတေး ဂြိုဟ်)၊ စေတန်ဂြိုဟ်(စနေဂြိုဟ်)၊ ယူရေးနပ်စ်ဂြိုဟ်၊ နက်ပကျွန်းဂြိုဟ် စတဲ့ ဂြိုဟ်ကြီးရှစ်လုံးအပြင် အခြား ဂလက်ဆီအဖွဲ့အစည်းတွေကနေ လွင့်ထွက်လာတဲ့
ဥက္ကာပျံတွေ၊ ကြယ်တံခွန်တွေနဲ့ အခြားဂြိုဟ်သိမ်ဂြိုဟ်ငယ် လေးတွေကလည်း နေလုံးကြီးကို လမ်းကြောင်းကိုယ်စီနဲ့ လည်ပတ်နေကြပါတယ်။
သူတို့ဟာ အခြားသောစကြဝဠာ တွေဆီက ကြယ်တွေ၊ ဂြိုဟ်တွေပေါက်ကွဲတဲ့အခါ အစိုင်အခဲ၊ အစအနလေးတွေအဖြစ် လွင့်စဉ်လာပြီး အာကာသထဲမှာ တည်ရှိနေကြတာဖြစ်ပါတယ်။
အကြောင်းတစ်ခုခုကြောင့် မမတို့ကမ္ဘာကြီးရဲ့ ကမ္ဘာပတ်လမ်းကြောင်းနဲ့ တိုက်ဆိုင်သွား တဲ့အခါ အချို့ အမှုန်အမွှားတွေ၊ အစိုင်အခဲတွေက ကမ္ဘာ့လေထုထဲအထိရောက်လာပြီး ကမ္ဘာကြီးပေါ်ကိုကျလာတတ်တာလည်းရှိပါတယ်။
ကမ္ဘာဦးအစောပိုင်းမှာ ဥက္ကာခဲတွေ ခဏခဏကျလာတဲ့အတွက် ရာသီဥတုတွေ ပြောင်းလဲပြီး ကမ္ဘာ့ရှေးကျတဲ့ သတ္တဝါကြီးတွေဖြစ်တဲ့ ဒိုင်နိုဆောကြီးတွေ မျိုးသုဉ်းပျောက်ကွယ်သွားတယ် ဆိုပြီး ပညာရှင်တွေက ပြောကြတာတွေ ရှိခဲ့ဖူးပါတယ်။
အဲဒီအရာ တွေဟာ ဟိုးအမြင့်ကြီးကနေ အရှိန်ပြင်းပြင်းနဲ့ ပြုတ်ကျရင်း ကမ္ဘာ့လေထုထဲက ဓာတ်ငွေ့တွေနဲ့ ထိတွေ့တဲ့အခါ ပွတ်တိုက်မှုကြောင့် လောင်ကျွမ်းပြီး တောက်ပတဲ့အလင်း ရောင် ထွက်ပေါ်လာတာရှိပါတယ်။
အဲဒါကို ကြယ်ကြွေ တယ်လို့ခေါ်ကြတာပါ။ အမှန်က ကြယ်မိုးရွာတယ်ဆိုတာ ကလေးတို့မြင်နေရတဲ့ မိုးပေါ်ကကြယ်ကလေးတွေ ကြွေကျလာတာတော့ မဟုတ် ပါဘူးကွယ်။
အာကာသကြီးထဲမှာ မမတို့ကမ္ဘာကြီးလိုပဲ ရှိနေတဲ့ ဂြိုဟ်ကြီးတွေ၊ ဥက္ကာပျံတွေက ပျက်စီးသွားပြီးတော့ အစိတ်စိတ်အမြွှာမြွှာကွဲနေတာကို မမတို့ကမ္ဘာကြီးကသူ့ရဲ့ပတ်လမ်းကြောင်းအတိုင်း လည်ပတ်ရင်း ဖြတ်သန်း သွားရင်းနဲ့ တွေ့ရတာမျိုးပါ။
ကြယ်မိုးရွာတာကို တွေ့ရဖို့ အတွက်ကတော့ ကလေးတို့ရောက်ရှိနေတဲ့နေရာဟာ မီးအလင်းရောင်တွေ တအားထွန်းထားတဲ့နေရာ မဖြစ်ရ ပါဘူး။
ရာသီဥတုကလည်း သာယာနေဖို့လိုသလို ကောင်းကင်ပြင်ကြီးကို ကျယ်ကျယ်ပြန့်ပြန့် မြင်နိုင်ဖို့နဲ့ လျှပ်စစ်မီးရောင်တွေရဲ့ အနှောင့်အယှက်ကင်းဖို့လည်း လိုတာပေါ့။
အချိန်ကလည်း ညပိုင်းဆိုတော့ အပြင်ထွက် ပြီးစောင့်ကြည့်ကြဖို့လည်း လိုမှာပေါ့နော်။ ဒီညမှာမြင်ရမယ့် ကြယ်မိုးရွာတဲ့ဖြစ်စဉ်က ၃၂၀၀ ဖယ်သုန် (3200 Paethon)
လို့ခေါ်တဲ့ ကြယ်တံခွန် ဒါမှမဟုတ် ဂြိုဟ်သိမ်တစ်ခုလည်း ဖြစ်နိုင်တဲ့အရာကနေ ပေါက်ကွဲပျက်စီးပြီး ကျန်နေတဲ့ အမှုန်အမွှားဖြစ်တဲ့ ဂျန်မန်နစ် ဥက္ကာပျံရဲ့ အမှုန်အမွှား၊ အပိုင်းအစတွေကို မြင်ရမှာပဲဖြစ်ပါတယ်။
သူကလည်းမမတို့ကမ္ဘာကြီးလိုပဲ နေမင်းကြီးကို လှည့်ပတ်နေတာပေါ့။ ၃၂၀၀ ဖယ်သုန်ကနေ ပေါက်ကွဲထွက်လာတဲ့ ဂျန်မန်နစ် ဥက္ကာပျံကြီးကို မမတို့ မြန်မာလိုဆိုရင် မေထုန်ရာသီ ကြယ်မိုး (Geminid Meteor Shower) လို့လည်း ခေါ်ပါတယ်။
သူက တစ်နာရီကို မိုင်ပေါင်း ၇၈၀၀၀ လောက် မြန်မြန်ရွေ့လျားနေတာပါ။ သူရဲ့လျင်မြန်နှုန်းက မမတို့ ကမ္ဘာကြီးပေါ်က အမြန်ဆုံးကားတစ်စီးထက်ကို အဆ ၂၅၀လောက် ပိုပြီးမြန်မြန်သွားနေတာပေါ့။
ကြယ်မိုးရွာတဲ့အခါ ခုနက မမပြောတဲ့ ဥက္ကာပျံကြီးရဲ့ အမှုန်အမွှားတွေက အရွယ်အစားအမျိုးမျိုး ရှိနေမှာအမှန်ပါပဲ။ ကလေးတို့က ကြယ်မိုးရွာတာကို စောင့်ကြည့်မယ်ဆိုရင် ကောင်းကင် ပေါ်မှာတောက်ပတဲ့
အဖြူရောင်၊ အဝါရောင်၊ အစိမ်းရောင် နဲ့ အနီရောင်၊ အပြာရောင်ရှိတဲ့ ကြယ်မိုးစက်ကလေးတွေကိုမြင်ရမှာသေချာပါတယ်။ မမတို့နိုင်ငံကနေလည်း ကြယ်မိုး ရွာတဲ့ဖြစ်စဉ်ကို ကောင်းကောင်းလေ့လာကြည့်မြင်နိုင် တယ်လို့ နက္ခတ်ပညာရှင်တွေက ဆိုကြပါတယ်။
နက္ခတ် တာရာတွေကို ဝါသနာပါသူတွေ တော်တော်များများလည်းစောင့်ကြည့်နေကြမှာ ဖြစ်ပါတယ်။ ကလေးတို့လည်း ဒီဇင်ဘာ ၁၃ရက်နေ့ (ဒီနေ့) ည ၁၀ နာရီလောက်ကနေ နောက်နေ့ (ဒီဇင်ဘာ ၁၄ ရက်) နံနက်စောစောအထိ စောင့်ကြည့်လို့ရပါတယ်။
တစ်နာရီကို ကြယ်မိုးပွင့်လေးတွေ ၁၀၀ ကနေ ၁၂၀ လောက်အထိကို မြင်တွေ့နိုင်ပါတယ်။ ဒီရက်တွေဟာ တန်ဆောင်မုန်းလဆုတ်ရက် ဖြစ်တာကြောင့်လည်း လမင်းရဲ့အလင်းရောင်သိပ်မရှိနိုင်တာမို့ ကြယ်မိုးတွေကို ထင်ထင်ရှားရှားမြင်ရနိုင်တယ်လို့ သိရပါ တယ်။
ဒါကြောင့် ညကျရင် အရှေ့ဘက်ကောင်းကင်ပေါ်ကို မော့ကြည့်ရင်း ကြယ်မိုးရွာတဲ့ဖြစ်စဉ်ကို အတူတူကြည့် ကြမယ်နော်။
မမတို့ငယ်ငယ်က ကြယ်လေးတွေ ကြွေကျ လာတဲ့အခါ ဆုတစ်ဆုတောင်းပြီး အဲဒီဆုကို မိုးပေါ်ကနတ်သမီးလေးတွေက သိကြတဲ့အခါ ဖြည့်ဆည်းပေးကြမယ် ဆိုပြီး လူကြီးတွေက ပြောပြဖူးပါတယ်။ ယုံတမ်းစကား ဆိုပေမယ့်
ကလေးဘဝမှာတော့ ကြယ်ကြွေတာကိုမြင်တိုင်း ဆုတောင်းကြတာက သိပ်ကိုပျော်စရာကောင်းပါတယ်။ မမကတော့ ဒီညမှာ မမ ကြယ်မိုးလေးတစ်ပွင့်ကြွေတိုင်း ဆုတစ်ခုတောင်းမယ်လို့ စိတ်ကူးထားတယ်။ ကလေး တို့ရော ကြယ်မိုးရွာတဲ့အခါ ဘာဆုတွေတောင်းမလဲဆိုတာ
စဉ်းစားထားကြပါဦးနော်။
Be the first to comment on "ညက ကြယ်မိုးရွာသွားတာ မကြည့်လိုက်ရသူများ ကြည့်ဖို့ …"