“အောင်လံလွှင့်ချီ နွေဦးထီ” ဆိုတာ ဘယ်လိုမျိုးလဲ…(အသေးစိတ်သိလိုသူများအတွက်…)

NUG က ရောင်းချတော့မည့် “အောင်လံလွှင့်ချီ နွေဦးထီ” ဆိုတာ ဘယ်လိုမျိုးလဲ

ရှင်းပြချက်ဗီဒီယိုကို အောက်ဆုံးတွက် ဖော်ပြပေးထားပါသည်။

“ဒီထီက ကံစမ်းတာလည်းပါမယ်၊ လှူလိုက်တဲ့သဘောလဲ ဖြစ်တယ်၊ ရောင်းရငွေရဲ့ ၃၀ ရာခိုင်းနှုန်းကို ဆုကြေးအဖြစ်ပြန်ပေးအပ်သွားမှာ ဖြစ်ပါတယ်”

မြန်မာ့နွေဦး တော်လှန်ရေးအတွက် ရန်ပုံငွေရှာတဲ့အနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က “အောင်လံလွှင့်ချီ နွေဦးထီ” ကို ရောင်းချပေးသွားမယ်လို့ ဩဂုတ်လ ၆ ရက်နေ့ က ကြေညာခဲ့တာပါ။

“အောင်လံလွှင့်ချီ နွေဦးထီ”ရောင်းချပြီး ရတဲ့ငွေတွေကို မြန်မာ့မြေပေါ်က စစ်အာဏာရှင် ပျောက်ကွယ်သွားပြီး ဖက်ဒရယ်ဒီမိုကရေစီစနစ်ဖြစ်ပေါ်လာရေးအတွက် ကြံ့ကြံ့ခံတော်လှန်နေတဲ့ CDM ဝန်ထမ်းတွေကို ထိရောက်အောင် ကူညီထောက်ပံ့ပိုးပေးသွားမှာ ဖြစ်ပါတယ်။

NUG က ရောင်းချတော့မည့် “အောင်လံလွှင့်ချီ နွေဦးထီ” ဆိုတာ ဘယ်လိုလဲဆိုတာကို NUG ရဲ့ စီမံကိန်း၊ဘဏ္ဍာရေးနှင့်ရင်းနှီးမြုပ်နှံမှု ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်ကို မဇ္ဈိမကဆက်သွယ်မေးမြန်းထားပါတယ်။

Credit to Mizzima

Zawgyi






Credit to Mizzima

Be the first to comment on "“အောင်လံလွှင့်ချီ နွေဦးထီ” ဆိုတာ ဘယ်လိုမျိုးလဲ…(အသေးစိတ်သိလိုသူများအတွက်…)"

Leave a comment

Your email address will not be published.


*