သရဲပူးတယ်ဆိုပြီး ဟိုးလေးကျော်သွားတဲ့ မြောင်းမြမြို့နယ်က စာသင်ကျောင်း ဖြစ်ရပ်မှန် လျှို့ဝှက်ချက် ဘာရှိလဲ

‘သရဲပူးတယ္လို႔ အုတ္ေအာ္ေသာင္းတင္း ျဖစ္တဲ့ ေျမာင္းျမၿမိဳ႕နယ္က ေက်ာင္းတစ္ေက်ာင္း လွ်ိဳ႕ဝွက္ခ်က္ ဘာရွိသလဲ’

ေတြ႕ဆုံေမးျမန္းသူ – ကိုခက္

စာစီစာ႐ိုက္ ကူးယူ တင္ျပသူ – ေဇာ္မင္းေအာင္

(၂၀၁၆ တုန္းက နာမည္ႀကီး အျဖစ္အပ်က္ တစ္ခုကို News Watch Weekly Journal အေဟာင္းထဲကေန ျပန္လည္ ကူးယူ တင္ျပျခင္း ျဖစ္ပါတယ္။ ေတြ႕ဆုံ ေမးျမန္းသူကေတာ့ သတင္းေထာက္ ကိုခန္႔ပါ။ – ေဇာ္မင္းေအာင္)

* – * – * – * –

ေျမာင္းျမၿမိဳ႕နယ္၊ ရွမ္းေရေက်ာ္ေက်း႐ြာ အေျခခံပညာအထက္တန္း ေက်ာင္းခြဲတြင္ လတ္တေလာ အ​ေျခအ​ေန၌ ေက်ာင္းသူေလးမ်ား အစုလိုက္ အၿပဳံလိုက္ သရဲပူးကပ္သည္ဟုဆိုကာ လူမႈကြန္ယက္ စာမ်က္ႏွာမ်ားအျပင္ သတင္းမီဒီယာမ်ားေပၚအထိ အုတ္​ေအာ္​ေသာင္းတင္း ျဖစ္ခဲ့ရသည္။

ယင္းျဖစ္စဥ္ေၾကာင့္ သက္ဆိုင္ရာ အစိုးရ တာဝန္ရွိသူမ်ားပါ မက်န္ အလုပ္မ်ားခဲ့ရၿပီး ေအာက္တိုဘာ ၂၄ ရက္​က ဧရာဝတီတိုင္း​ေဒသႀကီး ဝန္ႀကီးခ်ဳပ္ ဦးမန္းေဂ်ာ္နီကိုယ္တိုင္ လာေရာက္ အမိန္႔ျပန္ကာ ရဲဌာနမွ ေသနတ္ ၁၈ ခ်က္ ပစ္​ေဖာက္ ေျခာက္လွန္႔ခဲ့ရသည္အထိ ျဖစ္လာခဲ့သည္။

ထိုကဲ့သို႔ အျဖစ္အပ်က္မ်ား ျဖစ္ပြားေနမႈကို ေ႐ႊရင္ေက်ာ္ ဣစာၦသယမဟိဒၶိ​ေစဂိုဏ္းမွ ဂိုဏ္းဆရာ သုံးဦးက ကုသ​ေပး​ေနၿပီး လတ္တေလာအေျခအေနအား ေစာင့္ၾကည့္ရဦးမည္ဟု ေဒသခံမ်ားက ဆိုသည္။ ယင္းအ​ေျခအ​ေနႏွင့္ ပတ္သက္၍ ရွမ္းေရေက်ာ္ေက်း႐ြာ ​ေက်ာင္းအုပ္ဆရာမႀကီး ေဒၚႏုႏုႏွင့္ ​ေတြ႕ဆုံ ​ေမးျမန္းျဖစ္ခဲ့သည္။

ဒီျဖစ္စဥ္ စျဖစ္တာက စၿပီး ေျပာျပေပးပါခင္ဗ်။

စျဖစ္တာကေတာ့ သားရယ္၊ မႏွစ္တုန္းကေတာ့ ဆရာမႀကီးတို႔ ေက်ာင္းမွာ ၄၊ ၈၊ ၅၊ ၁၀ တန္းေတြ ည စာဖတ္ဝိုင္း လုပ္ၾကတယ္။ စက္တင္ဘာ ၂၅ ရက္က စ​​ေခၚခဲ့တယ္။ ဒီေက်ာင္းက ၿခံစည္း႐ိုး မရွိဘူးေလ။ ေက်ာင္းသားေတြလည္း ေအးေအးေဆးေဆးပဲ။

ဒီဇင္ဘာ​ေလာက္မွာ သခ်ႋဳင္းကုန္းထဲမွာ လူစိမ္းႏွစ္ေယာက္ ေတြ႕တာနဲ႔ ပတ္သက္ၿပီး ကေလးဖမ္းတဲ့လူလို႔ ထင္ၿပီး မိဘ​ေတြက ေၾကာက္အားလန္႔အားနဲ႔ ၿခံစည္း႐ိုး ခတ္လိုက္ၾကတယ္။ ခတ္ၿပီး ဒီဇင္ဘာ ေက်ာင္းပိတ္ရက္ ေက်ာင္းျပန္ဖြင့္ခ်ိန္မွာ ည စာဖတ္ဝိုင္းလုပ္ေတာ့ ၄ တန္း က​ေလး​ေတြ ပူးကပ္တာေတြ ျဖစ္လာတယ္။

တစ္ေယာက္စ ႏွစ္ေယာက္စ ပူးရာကေန ႐ြာဦးက ​ေတာရ​​ေက်ာင္း ဆရာေတာ္ ဦးသာဂရဆီ သြားေတာ့ ပူးတဲ့သူက ဝက္သား စားခ်င္တယ္ ေျပာေတာ့ မေကြၽးၾကဘူး။ ပူးတဲ့ သရဲက ဝက္သား စားခ်င္တယ္ ေျပာတာေလ။ မေကြၽးဘဲနဲ႔ ဆရာေတာ္ရဲ႕ ေမတၱာပရိတ္ႀကိဳးနဲ႔ ႏွင္ခဲ့တယ္။ ​ေပ်ာက္ကင္းသြား​ေတာ့ ေက်ာင္းက ဆရာ၊ ဆရာမေတြက ၄ တန္း၊ ၈ တန္းကို ညေက်ာင္း ေခၚလို႔ မျဖစ္ေတာ့ဘူး။

က​ေလး​ေတြက ငယ္လို႔ ဒီလို ပူးကပ္တာေတြ ထပ္ျဖစ္ရင္ အႏၲရာယ္ရွိတယ္ဆိုၿပီး ၄၊ ၈၊ ၉ တန္းေတြကို မနက္ ၇ နာရီက​ေန မနက္ ၉ နာရီအခ်ိန္ကို တက္ခိုင္းလိုက္တယ္။ ညေန ေက်ာင္းဆင္း ၃ နာရီက​ေန ၅ နာရီအထိ အခ်ိန္ပို သတ္မွတ္ၿပီး သင္​ေပးလိုက္တယ္။ ၁၀ တန္းကိုေတာ့ ဆရာမတို႔ ေက်ာင္းမွာ မလုပ္ေတာ့ဘဲနဲ႔ မူႀကိဳကို ေျပာင္းၿပီး စခန္းသြင္းလိုက္တယ္။ စာက်က္တယ္။

အဲဒီေတာ့ ပူးကပ္တာ​ေတြ မရွိေတာ့ဘူး။ ေအးေအးခ်မ္းခ်မ္း ျဖစ္သြားတယ္။ ဒီႏွစ္ ၂၀၁၆/၁၇ ပညာသင္ႏွစ္မွာ ​ေအး​ေအးခ်မ္းခ်မ္းပဲ။ ဇြန္၊ ဇူလိုင္၊ ၾသဂုတ္အထိေပါ့။ စက္တင္ဘာလက်မွ ကေလးေတြ စၿပီးေတာ့ ပူးကပ္တာ​ေတြ ျဖစ္လာတယ္။ အဲဒါေတြကို ေမးျမန္းလိုက္တဲ့အခါမွာ ဒီအ​ေဒၚရဲ႕ သမီးေပါ့။ လြန္ခဲ့တဲ့ ၁၂ ႏွစ္က ဆုံးသြားတဲ့ မခိုင္ခိုင္ရယ္၊ လြန္ခဲ့တဲ့ ၃၅ ႏွစ္က ဆုံးသြားတဲ့ ေဒၚျမင့္ၾကည္ဆိုတဲ့ အမ်ိဳးသမီးရယ္၊ လြန္ခဲ့တဲ့ ၆ လ​ေလာက္က ဆုံးသြားတဲ့ သူဇာေက်ာ္ရယ္ သုံးေယာက္က ဝင္ၿပီး ပူးကပ္တယ္။

ပူးေတာ့ “ကဲ၊ ေျပာခ်င္ရာ ေျပာပါ။ ဆရာမႀကီးကိုယ္တိုင္ ရွိပါတယ္။ လုပ္ေပးပါ့မယ္” ဆိုေတာ့ သပိတ္သြတ္ေပးဖို႔ ေတာင္းဆိုတယ္။ သပိတ္သြတ္ရင္ “ကဲ ဘယ္မွာေနလဲ” ဆိုေတာ့ ေက်ာင္းေဆာင္သစ္ ၇ တန္း အ​ေဆာင္မွာ ေနတယ္တဲ့။ မိဘေတြေရာ၊ ဆရာ,ဆရာမ​ေတြ​ေရာ၊ ႐ြာဦးေက်ာင္း ႏွစ္ေက်ာင္းက ဆရာေတာ္ေတြပါ အကုန္လုံး ပင့္ၿပီး သူတို႔ကို အမွ်အတန္း ​ေပး​ေဝလိုက္​ေတာ့ ေအးခ်မ္းသြားတယ္။

အဲဒီမွာတင္ ဆရာမႀကီးတို႔က အမိန္႔ျပန္တယ္။ အမိန္႔ျပန္စာကိုလည္း အခန္းထဲမွာ အခုခ်ိန္အထိ ကပ္ထားတယ္။ ​ေအးခ်မ္းသြား​ေတာ့ ဆရာမႀကီးက မ်က္စိခြဲဖို႔ ရန္ကုန္ ျပည္သူ႔ေဆး႐ုံ မ်က္စိအထူးကုကို သြားၿပီး ကုတယ္။ စက္တင္ဘာ ၅ ရက္​ေန႔မွာ ခြင့္ယူၿပီးသြားတဲ့အခ်ိန္ ​ေက်ာင္းက​ေန​ လွမ္းဖုန္းဆက္တယ္။ ေက်ာင္းသူ ​ေလး​ဦး ပူးကပ္ခံရတယ္တဲ့။

ဆရာမႀကီးက မႏွစ္က ပူးကပ္တဲ့ အ​ေတြ႕အႀကဳံ ရွိဖူးတဲ့အတြက္ “ကဲ၊ ဒါဆိုရင္ သူတို႔ လိုအပ္တာ ရွိတာ ေျပာမွာပဲ” ဆိုၿပီး ​ေျပာလိုက္တယ္။ ​ေနာက္​ေတာ့ ၆ ရက္ေန႔မွာ မ်က္စိခြဲရတယ္။ မ်က္စိခြဲၿပီး ၃ ရက္​ေလာက္လည္း ၾကာ​ေရာ ၿမိဳ႕နယ္ပညာ​ေရးမႉးက လွမ္းၿပီး “ဆရာမႀကီး၊ မျဖစ္ဘူး။ ေက်ာင္းမွာ ပူးကပ္တာက ၁၀ ေယာက္မက ၁၅ ေယာက္မက ျဖစ္​ေနတယ္။

အခု ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးေတြ၊ ​ေျမစာရင္း​ေတြပါ အကုန္ပါကုန္တယ္” ေပါ့ေနာ္။ ဆရာမႀကီးက ျပန္လာလို႔ မရ​ဘူး။ မ်က္စိကလည္း လႈပ္ရွားလို႔ မရေသးဘူးေလ။ ေနာက္ စက္တင္ဘာ ၂၃ ရက္မွာ ေက်ာင္းကို ျပန္ေရာက္တယ္။ ျပန္​ေရာက္​ေတာ့ ေျမစာရင္းက သခ်ႋဳင္းေျမကို ျပန္တိုင္းတဲ့ အခါက် ​ေက်ာင္း​ေဆာက္ထားတဲ့ ​ေက်ာင္း​ေဆာင္အသစ္က သခ်ႋဳင္းေျမထဲမွာ လုံးလုံးပါေနတယ္။

ပါ​ေန​ေတာ့ ၿမိဳ႕နယ္ ေျမစာရင္းက ေက်ာင္းရဲ႕ အဲဒီေျမ​ေနရာအခ်ိဳ႕ကို သခ်ႋဳင္း​ေျမအျဖစ္ ျပန္လည္ သတ္မွတ္​ေပးတယ္။ သူတို႔ေျမကို အစားျပန္​ေပးၿပီး ျဖစ္လို႔ ေက်ာင္းသူေတြကို မေႏွာင့္ယွက္ဖို႔ ေျပာရတယ္။ အဲဒီအခ်ိန္မွာ သရဲေတြက ဘာ​ေျပာသလဲဆို​ေတာ့ ဆရာမႀကီးကို မုန္းလို႔ လုပ္တာေပါ့။ ဘာေၾကာင့္ မုန္းတာလဲဆို​ေတာ့ အစည္းအေဝးမွာ စကားမ်ားတာ ရွိတယ္တဲ့။

ဆရာမႀကီးကလည္း မွတ္မွတ္ရရ အစည္းအ​ေဝးမွာ စကား ႀကီးႀကီးက်ယ္က်ယ္ မ်ားတာ မရွိဘူး။ သရဲ​ေတြရဲ႕ အဆိုအရေတာ့ အစည္းအေဝးမွာ စကားမ်ားတယ္​ေပါ့။ မုန္းလို႔ လုပ္တာ။ ေနာက္ၿပီး သူတို႔က ကြၽတ္ခ်င္တယ္။ ေအာက္လမ္းဆရာက သူတို႔ကို ခိုင္းလို႔ လာရတာပါဆိုၿပီး ေျပာတယ္။ သူတို႔ ျပန္သြားရင္ ေအာက္လမ္းဆရာက ႏွိပ္စက္တယ္တဲ့။

ႏိုင္​ေလာက္မယ့္ ဆရာ​နဲ႔ သူတို႔ကို ကယ္တင္​ေပးဖို႔ ေျပာတယ္။ ႏိုင္တဲ့ဆရာ ဘယ္မွာလဲဆိုေတာ့ ရန္ကုန္က မီးခြက္ေစ်းမွာ ရွိတယ္လို႔ သူတို႔က ေျပာတယ္။ ရန္ကုန္ မီးခြက္​ေစ်းက ေဝးလြန္းလို႔ ငါတို႔လည္း မသိဘူးေပါ့။ ေျမာင္းျမၿမိဳ႕နယ္ထဲမွာ ရွိသလားေပါ့။ တပုန္းဘုန္းႀကီး ရွိတယ္ ေျပာတယ္။ အဲဒါနဲ႔ ေက်ာင္းသူ မိဘတစ္ဦးက သူ႔သမီးကို အဲဒီဘုန္းေတာ္ႀကီးဆီမွာ သြားျပေတာ့ အ​ေျခအ​ေန ေတာ္ေတာ္ေကာင္းသြားတယ္။

အေျခအေန ​ေကာင္း​ေပမယ့္ တျခားကေလးေတြကေတာ့ ထပ္ပူးေနတာပဲ။ အဲဒါနဲ႔ ဝါကြၽတ္ရင္ သူ ေက်ာင္းကို လာၿပီး သန္႔​ေပးမယ္ဆို​ေတာ့ အဲဒီအခ်ိန္မွာပဲ ေျမာင္းျမက အေသာက သီတဂူဆရာ​ေတာ္ႀကီး​ေတြ၊ ၿမိဳ႕နယ္က အုပ္ခ်ဳပ္ေရးမႉးေတြ၊ ရဲမႉး​ေတြ​ေရာ၊ မဝတဥကၠ႒ေတြေရာ၊ ခ႐ိုင္မႉးေတြေရာ ခ႐ိုင္ပညာ​ေရးမႉး​ေတြ​ေရာ၊ ၿမိဳ႕နယ္ပညာေရးမႉးေတြေရာ အကုန္လုံး လာၿပီး ဘုန္းႀကီးေတြကို ပင့္ဖိတ္ၿပီး​ ဒီမွာ တရားနာၾကၿပီး​ေနာက္ ဆန္မန္း သဲမန္းေတြလည္း အကုန္လုံး ပက္သြားတယ္။

ဒါေပမယ့္ ဆရာ​ေတာ္ႀကီး​ေတြ ျပန္သြား​ေတာ့ ျပန္ပူးတုန္းပဲ။ ပူးတဲ့အခါက်​ေတာ့ စာေမးပြဲ ေျဖရင္လည္း ေႏွာက့္ယွက္မယ္လို႔ သရဲ​ေတြက ေျပာတုန္းပဲ။ ေျပာတဲ့ အတိုင္းပဲ စာေမးပြဲေျဖခ်ိန္ သူတို႔ ေႏွာင့္ယွက္တာပဲ။ ပထမေန႔က သူတို႔ ခုံနံပါတ္အတိုင္း ေျဖခိုင္းေပမယ့္ ​ေနာက္​ေန႔ ပူးတဲ့ ကေလးေတြခ်ည္းပဲ စုၿပီး ထပ္​ေျဖခိုင္းတယ္။ အ​ေဆာင္တစ္ခုမွာ သီးသန္႔ထားၿပီး ေျဖခိုင္းတာေပါ့။

အဲဒါလည္း ပူးတာပဲ။ ၃ ရက္ ဆက္တိုက္ ပူးတာေပါ့။ ပူးတဲ့အခ်ိန္မွာ ခါတိုင္း ဆရာ​ေတာ္ရဲ႕ ပရိတ္ေရ ပက္လိုက္ရင္ ညႇိဳးက်သြားတယ္။ ႐ုန္းရင္းဆန္ခတ္ မလုပ္​ေတာ့ဘူး။ ႐ုန္းရင္းဆန္ခတ္ ျပန္ျဖစ္လာရင္​ ဆရာမႀကီးကို သတ္ခ်င္ ျဖတ္ခ်င္ၾကတဲ့ ပုံစံေတြပါ ျဖစ္လာတယ္။

“ဒါဆိုရင္​ေတာ့ နင္ သရဲ မျဖစ္ႏိုင္ဘူး။ ေအာက္လမ္းပဲ ထင္တယ္” ဆို​ေတာ့ အဲဒီမွာ ပိုၿပီးေတာ့ ဆရာမႀကီးေနာက္ကို လိုက္တာ။ အဲဒီေတာ့ တာဝန္က်တဲ့ ရဲေလးရယ္၊ ဆရာ​ေတြရယ္ ဝိုင္းၿပီး​ေတာ့ ခ်ဳပ္ထားတာေတာင္ မရခ်င္ဘူး။ အဲဒါနဲ႔ ဆရာမႀကီးက ဒီဘက္အေဆာင္မွာ လာေနတယ္။ ေနာက္ဆုံး ဆရာေတြက ေတာင္းပန္ၿပီးေတာ့ “က​ေလး​ေတြလည္း စာ​​ေမးပြဲ ​ေျဖ​ေနရတာ။ ေမာလည္း ေမာလွပါၿပီ” ​​ေျပာရတယ္။

အဲဒီေတာ့မွ ထြက္သြားတယ္။ အဲဒီက စၿပီး ဒီ​ေ႐ႊရင္​ေက်ာ္ ဆရာႀကီး​ေတြက ေမတၱာနဲ႔ ကုသခ်င္ပါတယ္ဆိုၿပီး ကုသတဲ့အခါက်​ေတာ့ ေအာက္လမ္းနဲ႔ တိုက္ထားတာ။ ဘာ​ေၾကာင့္လဲဆို​ေတာ့ ဒီမွာ ဝါဆိုသကၤန္းကပ္ဖို႔ ၃၀၀ နဲ႔ ၅၀၀ ေကာက္တာ မ​ေက်နပ္ဘူး။ အဲဒါေကာက္ၿပီး​ေတာ့ ေပါင္မုန္႔ ႏွစ္ခ်ပ္​ေကြၽးတာလည္း မေက်နပ္ဘူး။ အခ်ိန္ပိုေတြ ေခၚတာလည္း မ​ေက်နပ္ဘူး ​ေျပာတယ္။

ေမး – ဒီျဖစ္စဥ္ေၾကာင့္ ဆရာမႀကီးအေနနဲ႔ အေႏွာင့္အယွက္ ျဖစ္မိသလား။

ေျဖ – သူတို႔က ျဖစ္ၿပီးရင္ နာရီဝက္အတြင္းေလာက္ဆို ျပန္​ေကာင္း​ေန​ေတာ့ သင္ၾကားေရးေတာ့ မပ်က္ဘူး။ ျဖစ္​ေနခ်ိန္မွာ​ေတာ့ စိတ္ညစ္တာေပါ့။ က်န္တဲ့ အခ်ိန္က် သိပ္မခံစားရပါဘူး။

ေမး – ဒီေက်ာင္းကို အမဲသား မယူရဘူးဆိုၿပီး ​ေၾကညာထားတာ ဘာေၾကာင့္လဲဗ်။

ေျဖ – ဟုတ္တယ္။ ဆရာေတာ္ႀကီးေတြရဲ႕ ဉာဏ္စဥ္နဲ႔ ၾကည့္​ေတာ့ ဒီအထဲမွာ သရဲေတြကို အမဲသား ေကြၽးၿပီး ေစခိုင္းထားတာ ျမင္ေတာ့ အမဲသားကိုလည္း ဒီ​ေက်ာင္းထဲကို ယူခြင့္လည္း မေပးဘူး။ ဆရာမႀကီးကိုလည္း တစ္သက္လုံး အမဲသား မစားဖို႔ ဆရာေတာ္ႀကီးေတြက ကတိ​ေတာင္းပါတယ္။

ေမး – မေန႔က ေအာက္တိုဘာ ၂၅ ရက္မွာ ဧရာဝတီတိုင္း ဝန္ႀကီးခ်ဳပ္ လာတယ္။ ဘာေတြ လုပ္သြားလဲ။

ေျဖ – ဝန္ႀကီးခ်ဳပ္လာေတာ့ သခ်ႋဳင္းေျမကို သူကလည္း အမိန္႔ျပန္တယ္။ မင္းအမိန္႔နဲ႔ေပါ့။ ေနာက္ပိုင္း မ​ေႏွာင့္ယွက္နဲ႔ဆိုၿပီး ေသနတ္ ၁၈ ခ်က္ ေဖာက္ၿပီး အမိန္႔ျပန္သြားတယ္။

ေမး – အဲဒီလို လုပ္တာေတာင္ ဒီေန႔ ကေလးတစ္ေယာက္က ပူးေနေသးတာလား။

ေျဖ – ပူးတာေလာက္အထိေတာ့ မဟုတ္ဘူး။ အရွိန္နည္းနည္း က်န္တာတို႔ ေျပာပါတယ္။ ဒီေန႔ကေတာ့ ေက်ာင္းမွာ ေအးေအးခ်မ္းခ်မ္း ျဖစ္ေနပါၿပီ။

ေမး – စိတ္ပညာနဲ႔ ပတ္သက္တဲ့ ဆရာေတြ လာကု​ေပးမယ္ဆို၊ အဲဒါ ဘယ္လို အေျခအေနရွိလဲ။

ေျဖ – ဟုတ္တယ္။ ေျမာင္းျမကို ေခၚသြားၿပီး စိတ္ပညာအထူးကု ဆရာဝန္ႀကီး ရန္ကုန္ သဃၤန္းကြၽန္းက ဆရာႀကီး လာၿပီး ေျမာင္းျမပရဟိတစြမ္းအားေက်ာင္းမွာ ကေလးေတြေရာ၊ မိဘေတြေရာ ​ေခၚၿပီး သားဖြားမီးယပ္အထူးကု ဆရာဝန္ေတြ စိတ္ေရာဂါအထူးကု ဆရာဝန္ေတြ အကုန္လုံး ေခၚလာၿပီး သူတို႔ ကေလးေတြနဲ႔ ကုသမႈေတြ လုပ္ပါတယ္။

ေမး – ကုသမႈအၿပီး ဘာမွတ္ခ်က္ ေပးလဲ။

ေျဖ – သူတို႔ ပညာလည္း ကြၽန္မတို႔က သိပ္နားမလည္ေတာ့ ဒီကေလးေတြ ငါးေယာက္တစ္ဝိုင္းမွာ ဆရာဝန္တစ္​ေယာက္နဲ႔ သူတို႔ ေမးခ်င္တဲ့ ေမးခြန္း Yes or No ​ေမးၿပီး​ေတာ့ ကုသတာ ေတြ႕ပါတယ္။ က်န္တာေတာ့ ထူးထူးျခားျခား စမ္းသပ္တာ မေတြ႕ဘူး။

ေမး – ဒီျဖစ္စဥ္နဲ႔ ပတ္သက္ၿပီးေတာ့ ဆရာမႀကီးတို႔ေရာ၊ အစိုးရပိုင္းကပါ အလုပ္မ်ားကုန္ၿပီလို႔ ေျပာလို႔ရတာေပါ့။ ဆရာမတို႔ သက္ဆိုင္တဲ့ ဌာနက ဘာေျပာေသးလဲ။

ေျဖ – ဘာမွ ၫႊန္ၾကားတာ မရွိဘူး။ ဒါေပမယ့္ သတိထားၿပီး​ေတာ့ ေနဖို႔ပဲ ေျပာတယ္။ ဒီရဲ႕ ျမႇားဦးက ဆရာမႀကီးကို လွည့္တာဆိုေတာ့​ေလ၊ ဆရာမႀကီးလည္း သတိထားၿပီးေတာ့ ေနရတာေပါ့။

ေမး – ဒီျဖစ္စဥ္နဲ႔ ပတ္သက္ၿပီး ဆရာမႀကီး ဘာမ်ား ျဖည့္စြက္ ေျပာခ်င္လဲ။

ေျဖ – ဆရာမႀကီးကို မလိုလို႔ လုပ္တဲ့အတြက္ေၾကာင့္ က​ေလး​ေတြက ကံနိမ့္လို႔ ထိတာေပါ့။ ေနာက္လည္း ဒီလို ထပ္လုပ္မယ္ဆိုရင္ ဆရာမႀကီးက ေၾကာက္တယ္ေလ။ ေျပာင္းခ်င္တဲ့ ဆႏၵေတာ့ ရွိတာေပါ့။ ႏိုင္ငံေတာ္အႀကီးအကဲ​ေတြက ဘယ္လို လုပ္ေပးမလဲမသိဘူး။ ေစာင့္ၾကည့္ရဦးမယ္။ ကြၽန္မကေတာ့ ဒီမွာေနရတာ ​ေတာ္​ေတာ္​ေလး အႏၲရာယ္နီးကပ္ေနတယ္လို႔ ခံစားရတယ္။

ေက်းဇူးတင္ပါတယ္ခင္ဗ်ာ။

ယင္းျဖစ္စဥ္ႏွင့္ ပတ္သက္၍ ေ႐ႊရင္ေက်ာ္ဂိုဏ္းမွ ဦးခင္သန္းႏွင့္ ေမးျမန္းျဖစ္ခဲ့သည္။

ေမး – ဆရာတို႔ ကူညီေပးရတဲ့ အခန္းက႑က ဘယ္လိုပုံစံမ်ိဳး ပါခဲ့လဲ။

ေျဖ – ကြၽန္ေတာ္တို႔ကေတာ့ ဘယ္လိုေခၚမလဲဆိုရင္ ​ေဖ့စ္ဘြတ္ခ္ထဲမွာ ေတြ႕တဲ့အခါက်ေတာ့ ​ေက်ာင္းသား​ေလး​ေတြ ကေလးေတြ အရွက္တကြဲ အက်ိဳးနည္း ျဖစ္​ေနၾကတာ​ေတြ၊ ေက်ာင္းသားေလးေတြရဲ႕ မိခင္ေတြ ဘယ္လို ခံစားရမလဲဆိုတာကို ကြၽန္ေတာ္တို႔ ေတြးၿပီးေတာ့ ပူမိတယ္​ေပါ့​ေနာ္။ ကိုယ္ခ်င္းစာတရားေလးလည္း ထားခဲ့တယ္ေပါ့။

ကြၽန္ေတာ္တို႔လည္း သားသမီးေတြ ရွိတာျဖစ္တဲ့အတြက္ ေက်ာင္းသားမိဘနဲ႔ ေက်ာင္းသားေလးေတြကို သံ​ေယာဇဥ္ ပိုၿပီးထားတယ္။ က႐ုဏာေလးေတြ ထားတယ္။ အရွက္တကြဲ အက်ိဳးနည္းတာေလးေတြလည္း ျဖစ္မွာစိုးလို႔ ကူညီရျခင္းလည္း ျဖစ္တယ္။ အဲဒီေတာ့ ဒီေနရာကို ေရာက္လာဖို႔ ညီအကိုေတြ အကုန္လုံးကို တိုက္တြန္းတယ္။ စည္းစည္း႐ုံး႐ုံးနဲ႔ လာေရာက္ၿပီး ဒီေနရာမွာ အကူအညီ ေတာင္းခံၿပီးေတာ့ ဒီကေလးေတြကို ကယ္တင္ရတယ္ေပါ့။

ကယ္တင္ရတဲ့အခါမွာလည္း အခက္အခဲေလးေတြ ရွိတာေပါ့ သားရယ္။ အဲဒီအခက္အခဲေလးေတြ ​ေက်ာ္လႊားႏိုင္​ေအာင္လို႔လည္း ေက်း႐ြာအုပ္စုေတြ၊ အုပ္ခ်ဳပ္ေရးမႉးေတြ၊ ေက်ာင္းအုပ္ဆရာမႀကီးေတြ၊ ဒီက ႐ြာခံက ဆရာကိုစိုးလြင္တို႔ သူတို႔ အပါအဝင္ေပါ့။ ဒီေက်ာင္းႀကီးမွာ မိဘေတြ၊ ေက်ာင္းသားေတြ စိတ္ခ်မ္းသာသြားေအာင္ ဆရာတို႔အ​ေနနဲ႔ တတ္သမွ် ပညာနဲ႔ အကုန္လုံး အစြမ္းကုန္ ကူညီေပးခဲ့ၾကတယ္ေပါ့။

ေမး – ဆရာတို႔ ဒီကို ဘယ္ေန႔ကေန စၿပီး အကူအညီ​ေပးခဲ့တာပါလဲ။

ေျဖ – သီတင္းကြၽတ္လဆန္း ၁၄ ရက္ေန႔က အကုန္လုံး ေရာက္တာေပါ့ေနာ္။ ေရာက္ၿပီးေတာ့ ညီအကိုေတြ ပင္လယ္ေလးတံတားမွာ ခ်ိန္းၿပီးေတာ့ ညတြင္းခ်င္းပဲ ဒီကို ေမာင္းခ်လာတယ္။ မနက္ ၉ နာရီက်ေတာ့ ညီအကို​ေတြ သူ႔အဖြဲ႕ ကိုယ့္အဖြဲ႕ စုံၾကၿပီးေတာ့ ဒီကို ေရာက္လာၾကတာေပါ့ေနာ္။ ေရာက္တယ္ဆိုရင္ပဲ သီတင္းကြၽတ္လဆန္း ၁၄ ရက္ေန႔မွာတင္ တိုက္ပြဲဝင္ၾကရတာ​ေပါ့။ ဒီကေလး​ေတြကို ၁၄ ရက္ေန႔ တစ္ေန႔၊ ၁၅ ရက္​ေန႔ တစ္ေန႔၊ လျပည့္ေက်ာ္ ၁ ရက္ေန႔ ကုသ​​​ေပးလိုက္ၾကၿပီးမွ ဇာတ္လမ္းက ၿပီးဆုံးသြားတယ္ေပါ့​ေနာ္။ ျပတ္သြားတယ္ေပါ့။ ​ေအာင္ပြဲခံလိုက္ရတယ္​ေပါ့​။

ေမး – ဆရာတို႔က ဘယ္ကေန လာၾကတာပါလဲ။

ေျဖ – ရန္ကုန္တိုင္းေဒသႀကီး၊ သာေကတၿမိဳ႕နယ္၊ ၈ ရပ္ကြက္၊ ဇီဇဝါလမ္း၊ အမွတ္ (၁၁)၊ ဆရာဦးခင္သန္းဆိုၿပီး​ ေမးလို႔ ရပါတယ္။ ညီေလးက လပြတၱာၿမိဳ႕နယ္၊ (၈) ရပ္ကြက္ ၃ လမ္းမွာ ေနတယ္။ သူတို႔ ညီအကိုေတြက တစ္ရပ္ကြက္တည္း။

ေမး – ဆရာတို႔ ဒီကို ေရာက္ေတာ့ ထူးျခားမႈ ဘာေတြ ေတြ႕လဲ။ ဆရာတို႔ အခက္အခဲေတြ ဘယ္လိုရွိလဲမသိဘူး။

ေျဖ – အခက္အခဲေတြ ဘယ္လိုရွိလဲဆိုေတာ့ သူတို႔ ကုရတဲ့ ေနရာမွာ ေတာ္ေတာ္ေလးကို ခက္ခဲပါတယ္။ ​ေတာ္​ေတာ္​ေလးကို တိုက္ကြက္ေတြလည္း ဆင္ခဲ့ရတယ္ေပါ့။ ေနာက္ပိတ္ဆုံး ပြဲမွာ​​ေကာပဲ။ ဒုတိယေန႔တုန္းက ကြၽန္​ေတာ္တို႔ရဲ႕ ဆရာႀကီးကို ကြၽန္​ေတာ္တို႔ ဒီပြဲကို ေအာင္ပြဲခံမယ္ ​လွမ္း​ေျပာတယ္။ ကြၽန္​ေတာ္တို႔ ဆရာႀကီးက ဧရာဝတီတိုင္း၊ က်ဳံမေငးၿမိဳ႕က ဆရာႀကီး ဦးသန္းေ႐ႊ​ေပါ့။ သူ႔ကို ကြၽန္​ေတာ္တို႔ ပင့္တယ္။ ဒီပြဲကို ဇီဝိတဒါနနဲ႔ ကြၽန္ေတာ္တို႔ လႉမယ္၊ ကယ္တင္မယ္။

ကြၽန္ေတာ္တို႔ ဆရာႀကီးကို လက္အုပ္ခ်ီ ဂါဝရတရားေလးနဲ႔ ကန္​ေတာ့ၾကမယ္​ေပါ့​ေနာ္။ ေက်ာင္းသားေတြနဲ႔ ကြၽန္ေတာ္တို႔ အဲဒီလို ရည္႐ြယ္ခ်က္နဲ႔ ပင့္လိုက္တယ္။ ပင့္ၿပီးေတာ့ ေနာက္ဆုံး ဖိုင္နယ္မွာ အသက္ထပ္ပြဲလို႔ ေခၚရမွာေပါ့။ အသက္ထပ္ပြဲ၊ ပညာၿပိဳင္တဲ့ ပြဲေပါ့။ ကြၽန္ေတာ္တို႔ မႏိုင္ရင္လည္း ကြၽန္​ေတာ္တို႔ အဲဒီေနရာမွာ ေသရမယ့္ ပြဲ​ေပါ့​ေနာ္။ ကြၽန္​ေတာ္တို႔ ဂိုဏ္းက လူမသတ္တဲ့အတြက္ သူတို႔ကို ပညာသားပါပါ​ေလးနဲ႔ပဲ ဆုံးမ​ေပးလိုက္ပါတယ္။ အသက္အႏၲရာယ္ ျဖစ္​ေအာင္​ေတာ့ မလုပ္လိုက္ပါဘူး။ ဒါပါပဲ။

ေမး – အခု ဆရာတို႔ သိရတဲ့ အေႏွာင့္အယွက္က ဘာအ​ေႏွာင့္အယွက္လဲခင္ဗ်။

ေျဖ – ေအာက္လမ္းတိုက္ သရဲစြဲပါ။ အဓိက တရာခံက သူပဲ​ေပါ့။

ေမး – သခ်ႋဳင္းေျမေပၚမွာ ပါေနတဲ့အတြက္ေၾကာင့္လား။ တစ္​ေယာက္​ေယာက္က ေစခိုင္းတဲ့အတြက္ေၾကာင့္လား။

ေျဖ – သခ်ႋဳင္းေျမေပၚမွာ ဒီေက်ာင္းႀကီး ေဆာက္လို႔ သခ်ႋဳင္း​ေျမ ပါတယ္ဆိုတာက မျဖစ္ႏိုင္ဘူးလို႔ ယူဆတယ္။ တစ္ဦးတစ္​ေယာက္က မလိုလားလို႔ အတတ္ပညာေတြနဲ႔ တိုက္ခိုက္ျခင္းလို႔ ကြၽန္ေတာ္တို႔ကေတာ့ ယူဆတယ္​ေပါ့​။ သခ်ႋဳင္းေျမကေနၿပီးေတာ့ ဒီဆရာက သခ်ႋဳင္းထဲမွာ ရွိေနတဲ့ နာနာဘာဝေတြနဲ႔ အုပ္စုဖြဲ႕ၿပီး ဒီ​ေက်ာင္းကို တိုက္တာ​ေပါ့။ ဒါပါပဲ။

ေမး – မေန႔က ဝန္ႀကီးခ်ဳပ္ လာသြားၿပီး ဒီေန႔လည္း နည္းနည္းေလး ျပန္ျဖစ္တယ္ဆိုေတာ့ အဲဒီလို ျဖစ္တဲ့အေပၚ ထင္ျမင္ခ်က္ကေလး ေျပာ​ေပးပါဦး။

ေျဖ – ကြၽန္ေတာ္တို႔ အယူအဆကေတာ့ သူတို႔ရဲ႕ က်န္းမာေရးလို႔ ယူဆတယ္။ မိစာၦနဲ႔ ပတ္သက္ၿပီးေတာ့ မျဖစ္ႏိုင္ဘူးလို႔ ယူဆတယ္​ေလ။ ကြၽန္ေတာ္တို႔ လုပ္ရပ္ကို ကြၽန္ေတာ္တို႔ ယုံၾကည္တာကိုး။
ေက်းဇူးတင္ပါတယ္ ဆရာ။

* – * – * – * – * – *

‘ ေစာင့္ၾကည့္’ သတင္းဂ်ာနယ္ (News Watch Weekly Journal) အတြဲ (၁၁)၊ အမွတ္ (၂၈)၊ ၁-၁၁-၂၀၁၆ အဂၤါ​ေန႔ထုတ္တြင္ ထည့္သြင္း ေဖာ္ျပခဲ့ေသာ ကိုခက္၏ ‘သရဲပူးတယ္လို႔ အုတ္ေအာ္ေသာင္တင္း ျဖစ္တဲ့ ေျမာင္းျမၿမိဳ႕နယ္က ေက်ာင္းတစ္ေက်ာင္း လွ်ိဳ႕ဝွက္ခ်က္ ဘာရွိသလဲ’ အင္တာဗ်ဴးေဆာင္းပါးအား ျပန္လည္ ကူးယူ တင္ျပသည္။

​ေဇာ္မင္း​ေအာင္

10.Dec.2020at 08.55PM

Unicode

‘သရဲပူးတယ်လို့ အုတ်အော်သောင်းတင်း ဖြစ်တဲ့ မြောင်းမြမြို့နယ်က ကျောင်းတစ်ကျောင်း လျှို့ဝှက်ချက် ဘာရှိသလဲ’

တွေ့ဆုံမေးမြန်းသူ – ကိုခက်

စာစီစာရိုက် ကူးယူ တင်ပြသူ – ဇော်မင်းအောင်

(၂၀၁၆ တုန်းက နာမည်ကြီး အဖြစ်အပျက် တစ်ခုကို News Watch Weekly Journal အဟောင်းထဲကနေ ပြန်လည် ကူးယူ တင်ပြခြင်း ဖြစ်ပါတယ်။ တွေ့ဆုံ မေးမြန်းသူကတော့ သတင်းထောက် ကိုခန့်ပါ။ – ဇော်မင်းအောင်)

* – * – * – * – * – *

မြောင်းမြမြို့နယ်၊ ရှမ်းရေကျော်ကျေးရွာ အခြေခံပညာအထက်တန်း ကျောင်းခွဲတွင် လတ်တလော အခြေအနေ၌ ကျောင်းသူလေးများ အစုလိုက် အပြုံလိုက် သရဲပူးကပ်သည်ဟုဆိုကာ လူမှုကွန်ယက် စာမျက်နှာများအပြင် သတင်းမီဒီယာများပေါ်အထိ အုတ်အော်သောင်းတင်း ဖြစ်ခဲ့ရသည်။

ယင်းဖြစ်စဉ်ကြောင့် သက်ဆိုင်ရာ အစိုးရ တာဝန်ရှိသူများပါ မကျန် အလုပ်များခဲ့ရပြီး အောက်တိုဘာ ၂၄ ရက်က ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမန်းဂျော်နီကိုယ်တိုင် လာရောက် အမိန့်ပြန်ကာ ရဲဌာနမှ သေနတ် ၁၈ ချက် ပစ်ဖောက် ခြောက်လှန့်ခဲ့ရသည်အထိ ဖြစ်လာခဲ့သည်။

ထိုကဲ့သို့ အဖြစ်အပျက်များ ဖြစ်ပွားနေမှုကို ရွှေရင်ကျော် ဣစ္ဆာသယမဟိဒ္ဓိစေဂိုဏ်းမှ ဂိုဏ်းဆရာ သုံးဦးက ကုသပေးနေပြီး လတ်တလောအခြေအနေအား စောင့်ကြည့်ရဦးမည်ဟု ဒေသခံများက ဆိုသည်။ ယင်းအခြေအနေနှင့် ပတ်သက်၍ ရှမ်းရေကျော်ကျေးရွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်နုနုနှင့် တွေ့ဆုံ မေးမြန်းဖြစ်ခဲ့သည်။

ဒီဖြစ်စဉ် စဖြစ်တာက စပြီး ပြောပြပေးပါခင်ဗျ။

စဖြစ်တာကတော့ သားရယ်၊ မနှစ်တုန်းကတော့ ဆရာမကြီးတို့ ကျောင်းမှာ ၄၊ ၈၊ ၅၊ ၁၀ တန်းတွေ ည စာဖတ်ဝိုင်း လုပ်ကြတယ်။ စက်တင်ဘာ ၂၅ ရက်က စခေါ်ခဲ့တယ်။ ဒီကျောင်းက ခြံစည်းရိုး မရှိဘူးလေ။ ကျောင်းသားတွေလည်း အေးအေးဆေးဆေးပဲ။

ဒီဇင်ဘာလောက်မှာ သင်္ချိုင်းကုန်းထဲမှာ လူစိမ်းနှစ်ယောက် တွေ့တာနဲ့ ပတ်သက်ပြီး ကလေးဖမ်းတဲ့လူလို့ ထင်ပြီး မိဘတွေက ကြောက်အားလန့်အားနဲ့ ခြံစည်းရိုး ခတ်လိုက်ကြတယ်။ ခတ်ပြီး ဒီဇင်ဘာ ကျောင်းပိတ်ရက် ကျောင်းပြန်ဖွင့်ချိန်မှာ ည စာဖတ်ဝိုင်းလုပ်တော့ ၄ တန်း ကလေးတွေ ပူးကပ်တာတွေ ဖြစ်လာတယ်။

တစ်ယောက်စ နှစ်ယောက်စ ပူးရာကနေ ရွာဦးက တောရကျောင်း ဆရာတော် ဦးသာဂရဆီ သွားတော့ ပူးတဲ့သူက ဝက်သား စားချင်တယ် ပြောတော့ မကျွေးကြဘူး။ ပူးတဲ့ သရဲက ဝက်သား စားချင်တယ် ပြောတာလေ။ မကျွေးဘဲနဲ့ ဆရာတော်ရဲ့ မေတ္တာပရိတ်ကြိုးနဲ့ နှင်ခဲ့တယ်။ ပျောက်ကင်းသွားတော့ ကျောင်းက ဆရာ၊ ဆရာမတွေက ၄ တန်း၊ ၈ တန်းကို ညကျောင်း ခေါ်လို့ မဖြစ်တော့ဘူး။

ကလေးတွေက ငယ်လို့ ဒီလို ပူးကပ်တာတွေ ထပ်ဖြစ်ရင် အန္တရာယ်ရှိတယ်ဆိုပြီး ၄၊ ၈၊ ၉ တန်းတွေကို မနက် ၇ နာရီကနေ မနက် ၉ နာရီအချိန်ကို တက်ခိုင်းလိုက်တယ်။ ညနေ ကျောင်းဆင်း ၃ နာရီကနေ ၅ နာရီအထိ အချိန်ပို သတ်မှတ်ပြီး သင်ပေးလိုက်တယ်။ ၁၀ တန်းကိုတော့ ဆရာမတို့ ကျောင်းမှာ မလုပ်တော့ဘဲနဲ့ မူကြိုကို ပြောင်းပြီး စခန်းသွင်းလိုက်တယ်။ စာကျက်တယ်။

အဲဒီတော့ ပူးကပ်တာတွေ မရှိတော့ဘူး။ အေးအေးချမ်းချမ်း ဖြစ်သွားတယ်။ ဒီနှစ် ၂၀၁၆/၁၇ ပညာသင်နှစ်မှာ အေးအေးချမ်းချမ်းပဲ။ ဇွန်၊ ဇူလိုင်၊ သြဂုတ်အထိပေါ့။ စက်တင်ဘာလကျမှ ကလေးတွေ စပြီးတော့ ပူးကပ်တာတွေ ဖြစ်လာတယ်။ အဲဒါတွေကို မေးမြန်းလိုက်တဲ့အခါမှာ ဒီအဒေါ်ရဲ့ သမီးပေါ့။ လွန်ခဲ့တဲ့ ၁၂ နှစ်က ဆုံးသွားတဲ့ မခိုင်ခိုင်ရယ်၊ လွန်ခဲ့တဲ့ ၃၅ နှစ်က ဆုံးသွားတဲ့ ဒေါ်မြင့်ကြည်ဆိုတဲ့ အမျိုးသမီးရယ်၊ လွန်ခဲ့တဲ့ ၆ လလောက်က ဆုံးသွားတဲ့ သူဇာကျော်ရယ် သုံးယောက်က ဝင်ပြီး ပူးကပ်တယ်။

ပူးတော့ “ကဲ၊ ပြောချင်ရာ ပြောပါ။ ဆရာမကြီးကိုယ်တိုင် ရှိပါတယ်။ လုပ်ပေးပါ့မယ်” ဆိုတော့ သပိတ်သွတ်ပေးဖို့ တောင်းဆိုတယ်။ သပိတ်သွတ်ရင် “ကဲ ဘယ်မှာနေလဲ” ဆိုတော့ ကျောင်းဆောင်သစ် ၇ တန်း အဆောင်မှာ နေတယ်တဲ့။ မိဘတွေရော၊ ဆရာ,ဆရာမတွေရော၊ ရွာဦးကျောင်း နှစ်ကျောင်းက ဆရာတော်တွေပါ အကုန်လုံး ပင့်ပြီး သူတို့ကို အမျှအတန်း ပေးဝေလိုက်တော့ အေးချမ်းသွားတယ်။

အဲဒီမှာတင် ဆရာမကြီးတို့က အမိန့်ပြန်တယ်။ အမိန့်ပြန်စာကိုလည်း အခန်းထဲမှာ အခုချိန်အထိ ကပ်ထားတယ်။ အေးချမ်းသွားတော့ ဆရာမကြီးက မျက်စိခွဲဖို့ ရန်ကုန် ပြည်သူ့ဆေးရုံ မျက်စိအထူးကုကို သွားပြီး ကုတယ်။ စက်တင်ဘာ ၅ ရက်နေ့မှာ ခွင့်ယူပြီးသွားတဲ့အချိန် ကျောင်းကနေ လှမ်းဖုန်းဆက်တယ်။ ကျောင်းသူ လေးဦး ပူးကပ်ခံရတယ်တဲ့။

ဆရာမကြီးက မနှစ်က ပူးကပ်တဲ့ အတွေ့အကြုံ ရှိဖူးတဲ့အတွက် “ကဲ၊ ဒါဆိုရင် သူတို့ လိုအပ်တာ ရှိတာ ပြောမှာပဲ” ဆိုပြီး ပြောလိုက်တယ်။ နောက်တော့ ၆ ရက်နေ့မှာ မျက်စိခွဲရတယ်။ မျက်စိခွဲပြီး ၃ ရက်လောက်လည်း ကြာရော မြို့နယ်ပညာရေးမှူးက လှမ်းပြီး “ဆရာမကြီး၊ မဖြစ်ဘူး။ ကျောင်းမှာ ပူးကပ်တာက ၁၀ ယောက်မက ၁၅ ယောက်မက ဖြစ်နေတယ်။

အခု မြို့နယ် အုပ်ချုပ်ရေးတွေ၊ မြေစာရင်းတွေပါ အကုန်ပါကုန်တယ်” ပေါ့နော်။ ဆရာမကြီးက ပြန်လာလို့ မရဘူး။ မျက်စိကလည်း လှုပ်ရှားလို့ မရသေးဘူးလေ။ နောက် စက်တင်ဘာ ၂၃ ရက်မှာ ကျောင်းကို ပြန်ရောက်တယ်။ ပြန်ရောက်တော့ မြေစာရင်းက သင်္ချိုင်းမြေကို ပြန်တိုင်းတဲ့ အခါကျ ကျောင်းဆောက်ထားတဲ့ ကျောင်းဆောင်အသစ်က သင်္ချိုင်းမြေထဲမှာ လုံးလုံးပါနေတယ်။

ပါနေတော့ မြို့နယ် မြေစာရင်းက ကျောင်းရဲ့ အဲဒီမြေနေရာအချို့ကို သင်္ချိုင်းမြေအဖြစ် ပြန်လည် သတ်မှတ်ပေးတယ်။ သူတို့မြေကို အစားပြန်ပေးပြီး ဖြစ်လို့ ကျောင်းသူတွေကို မနှောင့်ယှက်ဖို့ ပြောရတယ်။ အဲဒီအချိန်မှာ သရဲတွေက ဘာပြောသလဲဆိုတော့ ဆရာမကြီးကို မုန်းလို့ လုပ်တာပေါ့။ ဘာကြောင့် မုန်းတာလဲဆိုတော့ အစည်းအဝေးမှာ စကားများတာ ရှိတယ်တဲ့။

ဆရာမကြီးကလည်း မှတ်မှတ်ရရ အစည်းအဝေးမှာ စကား ကြီးကြီးကျယ်ကျယ် များတာ မရှိဘူး။ သရဲတွေရဲ့ အဆိုအရတော့ အစည်းအဝေးမှာ စကားများတယ်ပေါ့။ မုန်းလို့ လုပ်တာ။ နောက်ပြီး သူတို့က ကျွတ်ချင်တယ်။ အောက်လမ်းဆရာက သူတို့ကို ခိုင်းလို့ လာရတာပါဆိုပြီး ပြောတယ်။ သူတို့ ပြန်သွားရင် အောက်လမ်းဆရာက နှိပ်စက်တယ်တဲ့။

နိုင်လောက်မယ့် ဆရာနဲ့ သူတို့ကို ကယ်တင်ပေးဖို့ ပြောတယ်။ နိုင်တဲ့ဆရာ ဘယ်မှာလဲဆိုတော့ ရန်ကုန်က မီးခွက်ဈေးမှာ ရှိတယ်လို့ သူတို့က ပြောတယ်။ ရန်ကုန် မီးခွက်ဈေးက ဝေးလွန်းလို့ ငါတို့လည်း မသိဘူးပေါ့။ မြောင်းမြမြို့နယ်ထဲမှာ ရှိသလားပေါ့။ တပုန်းဘုန်းကြီး ရှိတယ် ပြောတယ်။ အဲဒါနဲ့ ကျောင်းသူ မိဘတစ်ဦးက သူ့သမီးကို အဲဒီဘုန်းတော်ကြီးဆီမှာ သွားပြတော့ အခြေအနေ တော်တော်ကောင်းသွားတယ်။

အခြေအနေ ကောင်းပေမယ့် တခြားကလေးတွေကတော့ ထပ်ပူးနေတာပဲ။ အဲဒါနဲ့ ဝါကျွတ်ရင် သူ ကျောင်းကို လာပြီး သန့်ပေးမယ်ဆိုတော့ အဲဒီအချိန်မှာပဲ မြောင်းမြက အသောက သီတဂူဆရာတော်ကြီးတွေ၊ မြို့နယ်က အုပ်ချုပ်ရေးမှူးတွေ၊ ရဲမှူးတွေရော၊ မဝတဥက္ကဋ္ဌတွေရော၊ ခရိုင်မှူးတွေရော ခရိုင်ပညာရေးမှူးတွေရော၊ မြို့နယ်ပညာရေးမှူးတွေရော အကုန်လုံး လာပြီး ဘုန်းကြီးတွေကို ပင့်ဖိတ်ပြီး ဒီမှာ တရားနာကြပြီးနောက် ဆန်မန်း သဲမန်းတွေလည်း အကုန်လုံး ပက်သွားတယ်။

ဒါပေမယ့် ဆရာတော်ကြီးတွေ ပြန်သွားတော့ ပြန်ပူးတုန်းပဲ။ ပူးတဲ့အခါကျတော့ စာမေးပွဲ ဖြေရင်လည်း နှောက့်ယှက်မယ်လို့ သရဲတွေက ပြောတုန်းပဲ။ ပြောတဲ့ အတိုင်းပဲ စာမေးပွဲဖြေချိန် သူတို့ နှောင့်ယှက်တာပဲ။ ပထမနေ့က သူတို့ ခုံနံပါတ်အတိုင်း ဖြေခိုင်းပေမယ့် နောက်နေ့ ပူးတဲ့ ကလေးတွေချည်းပဲ စုပြီး ထပ်ဖြေခိုင်းတယ်။ အဆောင်တစ်ခုမှာ သီးသန့်ထားပြီး ဖြေခိုင်းတာပေါ့။

အဲဒါလည်း ပူးတာပဲ။ ၃ ရက် ဆက်တိုက် ပူးတာပေါ့။ ပူးတဲ့အချိန်မှာ ခါတိုင်း ဆရာတော်ရဲ့ ပရိတ်ရေ ပက်လိုက်ရင် ညှိုးကျသွားတယ်။ ရုန်းရင်းဆန်ခတ် မလုပ်တော့ဘူး။ ရုန်းရင်းဆန်ခတ် ပြန်ဖြစ်လာရင် ဆရာမကြီးကို သတ်ချင် ဖြတ်ချင်ကြတဲ့ ပုံစံတွေပါ ဖြစ်လာတယ်။

“ဒါဆိုရင်တော့ နင် သရဲ မဖြစ်နိုင်ဘူး။ အောက်လမ်းပဲ ထင်တယ်” ဆိုတော့ အဲဒီမှာ ပိုပြီးတော့ ဆရာမကြီးနောက်ကို လိုက်တာ။ အဲဒီတော့ တာဝန်ကျတဲ့ ရဲလေးရယ်၊ ဆရာတွေရယ် ဝိုင်းပြီးတော့ ချုပ်ထားတာတောင် မရချင်ဘူး။ အဲဒါနဲ့ ဆရာမကြီးက ဒီဘက်အဆောင်မှာ လာနေတယ်။ နောက်ဆုံး ဆရာတွေက တောင်းပန်ပြီးတော့ “ကလေးတွေလည်း စာမေးပွဲ ဖြေနေရတာ။ မောလည်း မောလှပါပြီ” ပြောရတယ်။

အဲဒီတော့မှ ထွက်သွားတယ်။ အဲဒီက စပြီး ဒီရွှေရင်ကျော် ဆရာကြီးတွေက မေတ္တာနဲ့ ကုသချင်ပါတယ်ဆိုပြီး ကုသတဲ့အခါကျတော့ အောက်လမ်းနဲ့ တိုက်ထားတာ။ ဘာကြောင့်လဲဆိုတော့ ဒီမှာ ဝါဆိုသင်္ကန်းကပ်ဖို့ ၃၀၀ နဲ့ ၅၀၀ ကောက်တာ မကျေနပ်ဘူး။ အဲဒါကောက်ပြီးတော့ ပေါင်မုန့် နှစ်ချပ်ကျွေးတာလည်း မကျေနပ်ဘူး။ အချိန်ပိုတွေ ခေါ်တာလည်း မကျေနပ်ဘူး ပြောတယ်။

မေး – ဒီဖြစ်စဉ်ကြောင့် ဆရာမကြီးအနေနဲ့ အနှောင့်အယှက် ဖြစ်မိသလား။

ဖြေ – သူတို့က ဖြစ်ပြီးရင် နာရီဝက်အတွင်းလောက်ဆို ပြန်ကောင်းနေတော့ သင်ကြားရေးတော့ မပျက်ဘူး။ ဖြစ်နေချိန်မှာတော့ စိတ်ညစ်တာပေါ့။ ကျန်တဲ့ အချိန်ကျ သိပ်မခံစားရပါဘူး။

မေး – ဒီကျောင်းကို အမဲသား မယူရဘူးဆိုပြီး ကြေညာထားတာ ဘာကြောင့်လဲဗျ။

ဖြေ – ဟုတ်တယ်။ ဆရာတော်ကြီးတွေရဲ့ ဉာဏ်စဉ်နဲ့ ကြည့်တော့ ဒီအထဲမှာ သရဲတွေကို အမဲသား ကျွေးပြီး စေခိုင်းထားတာ မြင်တော့ အမဲသားကိုလည်း ဒီကျောင်းထဲကို ယူခွင့်လည်း မပေးဘူး။ ဆရာမကြီးကိုလည်း တစ်သက်လုံး အမဲသား မစားဖို့ ဆရာတော်ကြီးတွေက ကတိတောင်းပါတယ်။

မေး – မနေ့က အောက်တိုဘာ ၂၅ ရက်မှာ ဧရာဝတီတိုင်း ဝန်ကြီးချုပ် လာတယ်။ ဘာတွေ လုပ်သွားလဲ။

ဖြေ – ဝန်ကြီးချုပ်လာတော့ သင်္ချိုင်းမြေကို သူကလည်း အမိန့်ပြန်တယ်။ မင်းအမိန့်နဲ့ပေါ့။ နောက်ပိုင်း မနှောင့်ယှက်နဲ့ဆိုပြီး သေနတ် ၁၈ ချက် ဖောက်ပြီး အမိန့်ပြန်သွားတယ်။

မေး – အဲဒီလို လုပ်တာတောင် ဒီနေ့ ကလေးတစ်ယောက်က ပူးနေသေးတာလား။

ဖြေ – ပူးတာလောက်အထိတော့ မဟုတ်ဘူး။ အရှိန်နည်းနည်း ကျန်တာတို့ ပြောပါတယ်။ ဒီနေ့ကတော့ ကျောင်းမှာ အေးအေးချမ်းချမ်း ဖြစ်နေပါပြီ။

မေး – စိတ်ပညာနဲ့ ပတ်သက်တဲ့ ဆရာတွေ လာကုပေးမယ်ဆို၊ အဲဒါ ဘယ်လို အခြေအနေရှိလဲ။

ဖြေ – ဟုတ်တယ်။ မြောင်းမြကို ခေါ်သွားပြီး စိတ်ပညာအထူးကု ဆရာဝန်ကြီး ရန်ကုန် သင်္ဃန်းကျွန်းက ဆရာကြီး လာပြီး မြောင်းမြပရဟိတစွမ်းအားကျောင်းမှာ ကလေးတွေရော၊ မိဘတွေရော ခေါ်ပြီး သားဖွားမီးယပ်အထူးကု ဆရာဝန်တွေ စိတ်ရောဂါအထူးကု ဆရာဝန်တွေ အကုန်လုံး ခေါ်လာပြီး သူတို့ ကလေးတွေနဲ့ ကုသမှုတွေ လုပ်ပါတယ်။

မေး – ကုသမှုအပြီး ဘာမှတ်ချက် ပေးလဲ။

ဖြေ – သူတို့ ပညာလည်း ကျွန်မတို့က သိပ်နားမလည်တော့ ဒီကလေးတွေ ငါးယောက်တစ်ဝိုင်းမှာ ဆရာဝန်တစ်ယောက်နဲ့ သူတို့ မေးချင်တဲ့ မေးခွန်း Yes or No မေးပြီးတော့ ကုသတာ တွေ့ပါတယ်။ ကျန်တာတော့ ထူးထူးခြားခြား စမ်းသပ်တာ မတွေ့ဘူး။

မေး – ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ ဆရာမကြီးတို့ရော၊ အစိုးရပိုင်းကပါ အလုပ်များကုန်ပြီလို့ ပြောလို့ရတာပေါ့။ ဆရာမတို့ သက်ဆိုင်တဲ့ ဌာနက ဘာပြောသေးလဲ။

ဖြေ – ဘာမှ ညွှန်ကြားတာ မရှိဘူး။ ဒါပေမယ့် သတိထားပြီးတော့ နေဖို့ပဲ ပြောတယ်။ ဒီရဲ့ မြှားဦးက ဆရာမကြီးကို လှည့်တာဆိုတော့လေ၊ ဆရာမကြီးလည်း သတိထားပြီးတော့ နေရတာပေါ့။

မေး – ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဆရာမကြီး ဘာများ ဖြည့်စွက် ပြောချင်လဲ။

ဖြေ – ဆရာမကြီးကို မလိုလို့ လုပ်တဲ့အတွက်ကြောင့် ကလေးတွေက ကံနိမ့်လို့ ထိတာပေါ့။ နောက်လည်း ဒီလို ထပ်လုပ်မယ်ဆိုရင် ဆရာမကြီးက ကြောက်တယ်လေ။ ပြောင်းချင်တဲ့ ဆန္ဒတော့ ရှိတာပေါ့။ နိုင်ငံတော်အကြီးအကဲတွေက ဘယ်လို လုပ်ပေးမလဲမသိဘူး။ စောင့်ကြည့်ရဦးမယ်။ ကျွန်မကတော့ ဒီမှာနေရတာ တော်တော်လေး အန္တရာယ်နီးကပ်နေတယ်လို့ ခံစားရတယ်။

ကျေးဇူးတင်ပါတယ်ခင်ဗျာ။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ရွှေရင်ကျော်ဂိုဏ်းမှ ဦးခင်သန်းနှင့် မေးမြန်းဖြစ်ခဲ့သည်။

မေး – ဆရာတို့ ကူညီပေးရတဲ့ အခန်းကဏ္ဍက ဘယ်လိုပုံစံမျိုး ပါခဲ့လဲ။

ဖြေ – ကျွန်တော်တို့ကတော့ ဘယ်လိုခေါ်မလဲဆိုရင် ဖေ့စ်ဘွတ်ခ်ထဲမှာ တွေ့တဲ့အခါကျတော့ ကျောင်းသားလေးတွေ ကလေးတွေ အရှက်တကွဲ အကျိုးနည်း ဖြစ်နေကြတာတွေ၊ ကျောင်းသားလေးတွေရဲ့ မိခင်တွေ ဘယ်လို ခံစားရမလဲဆိုတာကို ကျွန်တော်တို့ တွေးပြီးတော့ ပူမိတယ်ပေါ့နော်။ ကိုယ်ချင်းစာတရားလေးလည်း ထားခဲ့တယ်ပေါ့။

ကျွန်တော်တို့လည်း သားသမီးတွေ ရှိတာဖြစ်တဲ့အတွက် ကျောင်းသားမိဘနဲ့ ကျောင်းသားလေးတွေကို သံယောဇဉ် ပိုပြီးထားတယ်။ ကရုဏာလေးတွေ ထားတယ်။ အရှက်တကွဲ အကျိုးနည်းတာလေးတွေလည်း ဖြစ်မှာစိုးလို့ ကူညီရခြင်းလည်း ဖြစ်တယ်။ အဲဒီတော့ ဒီနေရာကို ရောက်လာဖို့ ညီအကိုတွေ အကုန်လုံးကို တိုက်တွန်းတယ်။ စည်းစည်းရုံးရုံးနဲ့ လာရောက်ပြီး ဒီနေရာမှာ အကူအညီ တောင်းခံပြီးတော့ ဒီကလေးတွေကို ကယ်တင်ရတယ်ပေါ့။

ကယ်တင်ရတဲ့အခါမှာလည်း အခက်အခဲလေးတွေ ရှိတာပေါ့ သားရယ်။ အဲဒီအခက်အခဲလေးတွေ ကျော်လွှားနိုင်အောင်လို့လည်း ကျေးရွာအုပ်စုတွေ၊ အုပ်ချုပ်ရေးမှူးတွေ၊ ကျောင်းအုပ်ဆရာမကြီးတွေ၊ ဒီက ရွာခံက ဆရာကိုစိုးလွင်တို့ သူတို့ အပါအဝင်ပေါ့။ ဒီကျောင်းကြီးမှာ မိဘတွေ၊ ကျောင်းသားတွေ စိတ်ချမ်းသာသွားအောင် ဆရာတို့အနေနဲ့ တတ်သမျှ ပညာနဲ့ အကုန်လုံး အစွမ်းကုန် ကူညီပေးခဲ့ကြတယ်ပေါ့။

မေး – ဆရာတို့ ဒီကို ဘယ်နေ့ကနေ စပြီး အကူအညီပေးခဲ့တာပါလဲ။

ဖြေ – သီတင်းကျွတ်လဆန်း ၁၄ ရက်နေ့က အကုန်လုံး ရောက်တာပေါ့နော်။ ရောက်ပြီးတော့ ညီအကိုတွေ ပင်လယ်လေးတံတားမှာ ချိန်းပြီးတော့ ညတွင်းချင်းပဲ ဒီကို မောင်းချလာတယ်။ မနက် ၉ နာရီကျတော့ ညီအကိုတွေ သူ့အဖွဲ့ ကိုယ့်အဖွဲ့ စုံကြပြီးတော့ ဒီကို ရောက်လာကြတာပေါ့နော်။ ရောက်တယ်ဆိုရင်ပဲ သီတင်းကျွတ်လဆန်း ၁၄ ရက်နေ့မှာတင် တိုက်ပွဲဝင်ကြရတာပေါ့။ ဒီကလေးတွေကို ၁၄ ရက်နေ့ တစ်နေ့၊ ၁၅ ရက်နေ့ တစ်နေ့၊ လပြည့်ကျော် ၁ ရက်နေ့ ကုသပေးလိုက်ကြပြီးမှ ဇာတ်လမ်းက ပြီးဆုံးသွားတယ်ပေါ့နော်။ ပြတ်သွားတယ်ပေါ့။ အောင်ပွဲခံလိုက်ရတယ်ပေါ့။

မေး – ဆရာတို့က ဘယ်ကနေ လာကြတာပါလဲ။

ဖြေ – ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ ၈ ရပ်ကွက်၊ ဇီဇဝါလမ်း၊ အမှတ် (၁၁)၊ ဆရာဦးခင်သန်းဆိုပြီး မေးလို့ ရပါတယ်။ ညီလေးက လပွတ္တာမြို့နယ်၊ (၈) ရပ်ကွက် ၃ လမ်းမှာ နေတယ်။ သူတို့ ညီအကိုတွေက တစ်ရပ်ကွက်တည်း။

မေး – ဆရာတို့ ဒီကို ရောက်တော့ ထူးခြားမှု ဘာတွေ တွေ့လဲ။ ဆရာတို့ အခက်အခဲတွေ ဘယ်လိုရှိလဲမသိဘူး။

ဖြေ – အခက်အခဲတွေ ဘယ်လိုရှိလဲဆိုတော့ သူတို့ ကုရတဲ့ နေရာမှာ တော်တော်လေးကို ခက်ခဲပါတယ်။ တော်တော်လေးကို တိုက်ကွက်တွေလည်း ဆင်ခဲ့ရတယ်ပေါ့။ နောက်ပိတ်ဆုံး ပွဲမှာကောပဲ။ ဒုတိယနေ့တုန်းက ကျွန်တော်တို့ရဲ့ ဆရာကြီးကို ကျွန်တော်တို့ ဒီပွဲကို အောင်ပွဲခံမယ် လှမ်းပြောတယ်။ ကျွန်တော်တို့ ဆရာကြီးက ဧရာဝတီတိုင်း၊ ကျုံမငေးမြို့က ဆရာကြီး ဦးသန်းရွှေပေါ့။ သူ့ကို ကျွန်တော်တို့ ပင့်တယ်။ ဒီပွဲကို ဇီဝိတဒါနနဲ့ ကျွန်တော်တို့ လှူမယ်၊ ကယ်တင်မယ်။

ကျွန်တော်တို့ ဆရာကြီးကို လက်အုပ်ချီ ဂါဝရတရားလေးနဲ့ ကန်တော့ကြမယ်ပေါ့နော်။ ကျောင်းသားတွေနဲ့ ကျွန်တော်တို့ အဲဒီလို ရည်ရွယ်ချက်နဲ့ ပင့်လိုက်တယ်။ ပင့်ပြီးတော့ နောက်ဆုံး ဖိုင်နယ်မှာ အသက်ထပ်ပွဲလို့ ခေါ်ရမှာပေါ့။ အသက်ထပ်ပွဲ၊ ပညာပြိုင်တဲ့ ပွဲပေါ့။ ကျွန်တော်တို့ မနိုင်ရင်လည်း ကျွန်တော်တို့ အဲဒီနေရာမှာ သေရမယ့် ပွဲပေါ့နော်။ ကျွန်တော်တို့ ဂိုဏ်းက လူမသတ်တဲ့အတွက် သူတို့ကို ပညာသားပါပါလေးနဲ့ပဲ ဆုံးမပေးလိုက်ပါတယ်။ အသက်အန္တရာယ် ဖြစ်အောင်တော့ မလုပ်လိုက်ပါဘူး။ ဒါပါပဲ။

မေး – အခု ဆရာတို့ သိရတဲ့ အနှောင့်အယှက်က ဘာအနှောင့်အယှက်လဲခင်ဗျ။

ဖြေ – အောက်လမ်းတိုက် သရဲစွဲပါ။ အဓိက တရာခံက သူပဲပေါ့။

မေး – သင်္ချိုင်းမြေပေါ်မှာ ပါနေတဲ့အတွက်ကြောင့်လား။ တစ်ယောက်ယောက်က စေခိုင်းတဲ့အတွက်ကြောင့်လား။

ဖြေ – သင်္ချိုင်းမြေပေါ်မှာ ဒီကျောင်းကြီး ဆောက်လို့ သင်္ချိုင်းမြေ ပါတယ်ဆိုတာက မဖြစ်နိုင်ဘူးလို့ ယူဆတယ်။ တစ်ဦးတစ်ယောက်က မလိုလားလို့ အတတ်ပညာတွေနဲ့ တိုက်ခိုက်ခြင်းလို့ ကျွန်တော်တို့ကတော့ ယူဆတယ်ပေါ့။ သင်္ချိုင်းမြေကနေပြီးတော့ ဒီဆရာက သင်္ချိုင်းထဲမှာ ရှိနေတဲ့ နာနာဘာဝတွေနဲ့ အုပ်စုဖွဲ့ပြီး ဒီကျောင်းကို တိုက်တာပေါ့။ ဒါပါပဲ။

မေး – မနေ့က ဝန်ကြီးချုပ် လာသွားပြီး ဒီနေ့လည်း နည်းနည်းလေး ပြန်ဖြစ်တယ်ဆိုတော့ အဲဒီလို ဖြစ်တဲ့အပေါ် ထင်မြင်ချက်ကလေး ပြောပေးပါဦး။

ဖြေ – ကျွန်တော်တို့ အယူအဆကတော့ သူတို့ရဲ့ ကျန်းမာရေးလို့ ယူဆတယ်။ မိစ္ဆာနဲ့ ပတ်သက်ပြီးတော့ မဖြစ်နိုင်ဘူးလို့ ယူဆတယ်လေ။ ကျွန်တော်တို့ လုပ်ရပ်ကို ကျွန်တော်တို့ ယုံကြည်တာကိုး။
ကျေးဇူးတင်ပါတယ် ဆရာ။

* – * – * – * – * – *

‘ စောင့်ကြည့်’ သတင်းဂျာနယ် (News Watch Weekly Journal) အတွဲ (၁၁)၊ အမှတ် (၂၈)၊ ၁-၁၁-၂၀၁၆ အင်္ဂါနေ့ထုတ်တွင် ထည့်သွင်း ဖော်ပြခဲ့သော ကိုခက်၏ ‘သရဲပူးတယ်လို့ အုတ်အော်သောင်တင်း ဖြစ်တဲ့ မြောင်းမြမြို့နယ်က ကျောင်းတစ်ကျောင်း လျှို့ဝှက်ချက် ဘာရှိသလဲ’ အင်တာဗျူးဆောင်းပါးအား ပြန်လည် ကူးယူ တင်ပြသည်။

ဇော်မင်းအောင်

10.Dec.2020at 08.55PM

Be the first to comment on "သရဲပူးတယ်ဆိုပြီး ဟိုးလေးကျော်သွားတဲ့ မြောင်းမြမြို့နယ်က စာသင်ကျောင်း ဖြစ်ရပ်မှန် လျှို့ဝှက်ချက် ဘာရှိလဲ"

Leave a comment

Your email address will not be published.


*