မန္တလေးဘူတာကြီး ရထားဝန်ထမ်း (၂၀) ဦးခန့် ကိုဗစ်ရောဂါ ကူးစက်ခံရ

မႏၲေလး ျမန္မာ့မီးရထားပို႔ေဆာင္ေရးက ဝန္ထမ္းအေယာက္(၂၀)ခန္႔ ကိုဗစ္ေရာဂါ ကူးစက္ခံထားရတယ္လို႔ မႏၲေလးဘူတာ႐ုံပိုင္ခ်ဳပ္ႀကီး ဦးျမင့္သိန္းကေျပာပါတယ္။ အခုလို မီးရထားဝန္ထမ္းေတြ ေရာဂါပိုးကူးစက္ခံထားရ ေပမယ့္လည္း ရထားသြားလာေရး ျပတ္ေတာက္မႈ မရွိရေအာင္ေတာ့ စီစဥ္ေဆာင္႐ြက္ေနတယ္လို႔ ဆိုပါတယ္။

“အဓိကလုပ္ေဆာင္ေနရတာက ပါဆယ္၊ လူစီး ရထားေျပးဆြဲရတာမို႔ ကုန္သည္ေတြ၊ ကုန္ပို႔ေဆာင္သူေတြနဲ႔ ထိေတြ႕ေနရတဲ့ ပါဆယ္အလုပ္သမားေတြနဲ႔ ရထားလက္မွတ္အေရာင္း ဝန္ထမ္းေတြ ၊ လက္မွတ္စစ္ဝန္ထမ္းေတြ ကူးတာရွိတယ္ေပါ့။ အေယာက္ေပါင္း(၂၀)ခန္႔ ရွိပါတယ္။ တခ်ိဳ႕က သက္သာေပ်ာက္ကင္းလို႔ အိမ္မွာ အနားယူခိုင္း ထားပါတယ္။

မေန႔က ဒီဇင္ဘာ (၁၂)ရက္ ညေနေလာက္မွာဆိုရင္လည္း မႏၲေလးျမစ္ႀကီးနားရထား တြဲထိန္း တစ္ေယာက္ ႐ြာေထာင္ဘူတာ မေရာက္ခင္ အနံ႔ေပ်ာက္တယ္ဆိုၿပီး အသိေပးလာလို႔ စစ္ကိုင္းတိုင္းကိုဗစ္ ကာကြယ္ေရးကေန သူ႔ကိုၾကည့္ရႈေစာင့္ၾကပ္ၿပီး ကြာရန္တင္းစင္တာပို႔ထားတာရွိပါတယ္။ တစ္ခါ ဒီဇင္ဘာ (၂)ရက္နဲ႔ (၃)ရက္က မႏၲေလးအမွတ္(၄၁)အဆန္နဲ႔ စီးနင္းလိုက္ပါသြားတဲ့ မိုးညႇင္းဆင္းခရီးသည္အမ်ိဳးသမီး (၂)ဦးမွာ ပိုးေတြ႕တယ္သိရလို႔ ရထားလက္မွတ္စစ္၊ တြဲထိန္းစတဲ့ ထိစပ္မႈရွိတဲ့သူေတြကို သူတို႔ေနအိမ္မွာ Home Quarantine ထားတာေတြလုပ္ခိုင္းထားတယ္”လို႔ ဦးျမင့္သိန္း ကေျပာပါတယ္။

မႏၲေလးဘူတာကေန ေျပးဆြဲေနတဲ့ ရထားခရီးစဥ္ေတြကို က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနရဲ႕ ၫႊန္ၾကား ခ်က္နဲ႔အညီ ၿပီးခဲ့တဲ့ ဧၿပီလကစၿပီး ရထားအစင္းေရေလ်ာ့ခ်ေျပးဆြဲတာေတြ ေဆာင္႐ြက္ခဲ့တာပါ။ ဒါ့အျပင္ ခရီးသည္ေတြ အႏၲရာယ္ကင္းစြာစီးနင္းႏိုင္ဖို႔အတြက္လည္း လက္မွတ္တစ္ေစာင္ဝယ္ယူပါက ထိုင္ခုံ(၂)ခုံႏႈန္းေပး တဲ့အျပင္ ႏွာေခါင္းစည္းေတြတပ္ဆင္ဖို႔နဲ႔ ဘူတာႀကီးအတြင္း လက္ေဆးကန္ေတြကိုလည္း ျပဳလုပ္ေပးထားတယ္ လို႔ဆိုပါတယ္။

မေန႔ကအနံ႔ေပ်ာက္ခဲ့တဲ့ ရထားတြဲထိန္းလိုက္ခဲ့တဲ့ အမွတ္(၄၁) မႏၲေလး-ျမစ္ႀကီးနား ရထား တစ္စင္းလုံးကိုလည္း ပိုးသတ္ေဆးဖ်န္းတာအျပင္ ဘူတာပတ္ဝန္းက်င္နဲ႔ ႐ြာေထာင္ဘူတာကိုပါ ပိုးသတ္ေဆးဖ်န္း တာေတြလုပ္ေဆာင္ခဲ့တယ္လို႔ ဆိုပါတယ္။

အခုလိုအခ်ိန္ေပးၿပီးဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္းသာယာေပ်ာ္႐ႊင္ေသာ ေန႔ေလးကိုပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

————

မန္တလေး မြန်မာ့မီးရထားပို့ဆောင်ရေးက ဝန်ထမ်းအယောက်(၂၀)ခန့် ကိုဗစ်ရောဂါ ကူးစက်ခံထားရတယ်လို့ မန္တလေးဘူတာရုံပိုင်ချုပ်ကြီး ဦးမြင့်သိန်းကပြောပါတယ်။ အခုလို မီးရထားဝန်ထမ်းတွေ ရောဂါပိုးကူးစက်ခံထားရ ပေမယ့်လည်း ရထားသွားလာရေး ပြတ်တောက်မှု မရှိရအောင်တော့ စီစဉ်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

“အဓိကလုပ်ဆောင်နေရတာက ပါဆယ်၊ လူစီး ရထားပြေးဆွဲရတာမို့ ကုန်သည်တွေ၊ ကုန်ပို့ဆောင်သူတွေနဲ့ ထိတွေ့နေရတဲ့ ပါဆယ်အလုပ်သမားတွေနဲ့ ရထားလက်မှတ်အရောင်း ဝန်ထမ်းတွေ ၊ လက်မှတ်စစ်ဝန်ထမ်းတွေ ကူးတာရှိတယ်ပေါ့။ အယောက်ပေါင်း(၂၀)ခန့် ရှိပါတယ်။ တချို့က သက်သာပျောက်ကင်းလို့ အိမ်မှာ အနားယူခိုင်း ထားပါတယ်။

မနေ့က ဒီဇင်ဘာ (၁၂)ရက် ညနေလောက်မှာဆိုရင်လည်း မန္တလေးမြစ်ကြီးနားရထား တွဲထိန်း တစ်ယောက် ရွာထောင်ဘူတာ မရောက်ခင် အနံ့ပျောက်တယ်ဆိုပြီး အသိပေးလာလို့ စစ်ကိုင်းတိုင်းကိုဗစ် ကာကွယ်ရေးကနေ သူ့ကိုကြည့်ရှုစောင့်ကြပ်ပြီး ကွာရန်တင်းစင်တာပို့ထားတာရှိပါတယ်။ တစ်ခါ ဒီဇင်ဘာ (၂)ရက်နဲ့ (၃)ရက်က မန္တလေးအမှတ်(၄၁)အဆန်နဲ့ စီးနင်းလိုက်ပါသွားတဲ့ မိုးညှင်းဆင်းခရီးသည်အမျိုးသမီး (၂)ဦးမှာ ပိုးတွေ့တယ်သိရလို့ ရထားလက်မှတ်စစ်၊ တွဲထိန်းစတဲ့ ထိစပ်မှုရှိတဲ့သူတွေကို သူတို့နေအိမ်မှာ Home Quarantine ထားတာတွေလုပ်ခိုင်းထားတယ်”လို့ ဦးမြင့်သိန်း ကပြောပါတယ်။

မန္တလေးဘူတာကနေ ပြေးဆွဲနေတဲ့ ရထားခရီးစဉ်တွေကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ညွှန်ကြား ချက်နဲ့အညီ ပြီးခဲ့တဲ့ ဧပြီလကစပြီး ရထားအစင်းရေလျော့ချပြေးဆွဲတာတွေ ဆောင်ရွက်ခဲ့တာပါ။ ဒါ့အပြင် ခရီးသည်တွေ အန္တရာယ်ကင်းစွာစီးနင်းနိုင်ဖို့အတွက်လည်း လက်မှတ်တစ်စောင်ဝယ်ယူပါက ထိုင်ခုံ(၂)ခုံနှုန်းပေး တဲ့အပြင် နှာခေါင်းစည်းတွေတပ်ဆင်ဖို့နဲ့ ဘူတာကြီးအတွင်း လက်ဆေးကန်တွေကိုလည်း ပြုလုပ်ပေးထားတယ် လို့ဆိုပါတယ်။

မနေ့ကအနံ့ပျောက်ခဲ့တဲ့ ရထားတွဲထိန်းလိုက်ခဲ့တဲ့ အမှတ်(၄၁) မန္တလေး-မြစ်ကြီးနား ရထား တစ်စင်းလုံးကိုလည်း ပိုးသတ်ဆေးဖျန်းတာအပြင် ဘူတာပတ်ဝန်းကျင်နဲ့ ရွာထောင်ဘူတာကိုပါ ပိုးသတ်ဆေးဖျန်း တာတွေလုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

အခုလိုအချိန်ပေးပြီးဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်းသာယာပျော်ရွှင်သော နေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Be the first to comment on "မန္တလေးဘူတာကြီး ရထားဝန်ထမ်း (၂၀) ဦးခန့် ကိုဗစ်ရောဂါ ကူးစက်ခံရ"

Leave a comment

Your email address will not be published.


*