UN ကိုယ်စားလှယ် ဘယ်သူဖြစ်မလဲ..နစက ဘက်လား၊ NUG ဘက်ကလား

လာမယ့် စက်တင်ဘာ ၁၄ ရက်နေ့မှာ ၇၆ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံကို နယူးယောက်မှာ စတင်ကျင်းပမှာ ဖြစ်ပါတယ်..ညီလာခံဥက္ကဌ အဖြစ် အာရှ ပစိဖိတ်အုပ်စုက မော်လ်ဒိုက်နိုင်ငံခြားရေးဝန်ကြီး Shahid ဖြစ်ပါတယ်..

ညီလာခံ လုပ်ထုံးလုပ်နည်း ( Rules of Procedure) အပိုဒ် ၂၇ အရ အဖွဲ့ဝင်နိုင်ငံတွေဟာ တက်ရောက်မယ့်ကိုယ်စားလှယ်တွေကို အတွင်းရေးမှူးးချုပ်ထံ အနည်းဆုံး ၁ ပတ်ကြိုတင်ပြီး အသိအမှတ်ပြုလွှာ ခေါ် ခန့်အပ်လွှာ ( Credential) ကို ပေးပို့ရပါတယ်..

လက်ခံရရှိတဲ့ Creditial ကို အထွေထွေညီလာခံက မဲပေးရွေးချယ်ထားတဲ့ ၉ ဦးပါ Credential Committee ကို ဆက်လက်ပေးပို့ရပါတယ်..ဒီ ၉ ပါကော်မတီက Credential တွေကို စိစစ်အတည်ပြုပြီး ညီလာခံကို အတည်ပြုဖို့ တင်ပြပေးရပါတယ်..

ညီလာခံကမှ အတည်ပြုထားတဲ့ Credential စာရင်းကို ကြေညာပေးရပါတယ်..ကော်မတီ ဝင် ၉ ဦးမှာ အမေရိကန်က အမြဲတမ်းအဖွဲ့ဝင် အဖြစ် ပါဝင်နေတာကတော့ ထူးခြားချက်တစ်ရပ် ဖြစ်ပါတယ်..

ဒီ​ကော်မတီရဲ့ ဆုံးဖြတ်ချက်က အတည်ဖြစ်ပါတယ်. လုံခြုံရေးကောင်စီမှာလို ဗီတိုသုံးပြီး ပယ်ချပိုင်ခွင့် မရှိပါဘူး..

ဒီကော်မတီဖွဲ့စည်းရေးအတွက် လုပ်ပိုင်ခွင့်ကို ကုလ ပဋိဉာဥ်စာတမ်း( UN Charter) အာတီကယ် ၆ က အထွေထွေညီလာခံကို အပ်နှင်းထားပါတယ်..

ဒါကြောင့် ညီလာခံက ဖွဲ့ထားတဲ့ ဒီကော်မတီရဲ့ အဆုံးအဖြတ်က အရေးကြီးပါတယ်..ပုံမှန်သွားနေတဲ့ နိုင်ငံတွေအတွက် ပြဿနာ မရှိပေမယ့် စစ်အာဏာသိမ်းတဲ့ နိုင်ငံအစိုးရတွေအတွက် ပြဿနာ ရှိပါတယ်..

အစိုးရ နှစ်ရပ်ပုံစံမျိုးနဲ့ တစ်ဖက်စီကနေ တင်သွင်းလာတဲ့ Credentials တွေကို သုံးသပ်ဆုံးဖြတ်ပေးရပါတယ်..

ယေဘုယျအားဖြင့်တော့ Credential Committee ဟာ နည်းပညာအရ ဆုံးဖြတ်ခြင်း ( technicial analysis method) နဲ့ ခန့်အပ်လွှာပါ ကိုယ်စားပြုမှု မှန် မမှန်စစ်ဆေးခြင်း ( Representation credential challenge method) နှစ်မျိုးနဲ့ ​​ဆောင်ရွက်ပါတယ်..

အခု မြန်မာပြည် အိမ်စောင့်အစိုးရက နယူးယောက် မြန်မာကိုယ်စားလှယ်အဖြစ် စစ်သံမှူးတစ်ဦးကို အမည်စာရင်းတင်သွင်းထားပြီး NUG ဘက်ကတော့ ယခင်သံအမတ်ကြီးဟောင်း ဦးကျော်မိုးထွန်းကို တင်သွင်းထားပါတယ်..

ဒီလို အငြင်းပွားမှုမျိုူနဲ့ပတ်သက်ပြီး Credential Committee ရဲ့ အတည်ပြုဆုံးဖြတ်ချက်ကတော့ နိုဝင်ဘာလကုန် နဲ့ ဒီဇင်ဘာလ မှာ ပုံမှန် ပြုလုပ်​လေ့ရှိပါတယ်..

ယခုလို Creditial အငြင်းပွားမှုမျိုးကို မြန်မာအစိုးရအနေနဲ့ ၂၀၀၈ ခုနှစ်တုန်းက တစ်ကြိမ်ကြုံတွေ့ခဲ့ရဖူးပါတယ်..အဲဒီတုန်းက အဝေးရောက်အစိုးရ( NCGUB )နဲ့ဖြစ်ခဲ့တာပါ..Credential Committee က နယက အစိုးရ ကိုယ်စားလှယ်ကို အတည်ပြုခဲ့ပါတယ်..

တောင်အာဖရိကမှာတော့ လူမျိုးရေးခွဲခြားမှု ပြဿနာဖြစ်ပွားချိန်မှာ Credential Committee က အစိုးရကိုယ်စားလှယ်ကို တက်ရောက်ခွင့် မပြုခဲ့ပါဘူး..

ဒီ ဆုံးဖြတ်ချက်ဟာ တောင်အာဖရိက အစိုးရရဲ့ legitimacy နဲ့ ရပ်တည်ချက်ကို တရားမဝင်ဘူးလို့ သတ်မှတ်တာ မဟုတ်ကြောင်းနဲ့ UN ရဲ့ လုပ်ငန်းကိစ္စရပ်တွေမှာ ပါဝင်ဆောင်ရွက်ခွင့် ပိတ်ပင်တဲ့ သဘောသာဖြစ်ကြောင်း ပြောခဲ့ပါတယ်..

၁၉၉၁ ခုနှစ် ဟေတီမှာ စစ်အာဏာသိမ်းဖြစ်စဥ်နဲ့ ၁၉၉၇ ခုနှစ် ဆီရီယာလွန် စစ်အာဏာသိမ်းဖြစ်စဥ်တွေမှာတော့ Credential Committee က အာဏာသိမ်းအစိုးရရဲ့ ကိုယ်စားလှယ်တွေကို ပယ်ချခဲ့ပြီး

အတိုက်အခံအစိုးရဘက်က ကိုယ်စားလှယ်ကိုသာ အသိအမှတ်ပြုလက်ခံခဲ့ပါတယ်..ဘာဖြစ်လို့လဲဆိုတော့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီမြှင့်တင်ရေးကို အားပေးချင်လို့ ဆိုပြီး အကြောင်းပြပါတယ်..

အာဖဂန်နစ္စတန် (၁၉၉၆ – ၉၉)ဖြစ်စဥ်မှာတော့ တာလီဘန်တွေက နယ်မြေတော်တော်များများကို ထိထိရောက်ရောက် အာဏာစက်သက်ရောက်ပေမယ့် လက်ရှိအစိုးရကိုယ်စားလှယ်ကိုဘဲ ဆက်လက်တက်ရောက်ခွင့်ပြုခဲ့ပါတယ်..

ဒါဟာလည်း နောက်ကွယ်က အမေရိကန်ရဲ့ အရိပ် ရှိလို့. ဆိုပြီး ပြောကြပါတယ်..

ကမ္ဘောဒီးယား (၁၉၉၇ -၉၉) ဟွန်ဆန်ရဲ့ အာဏာသိမ်းမှု ဖြစ်စဥ်မှာတော့ Credential Committee ဟာ ဘယ်သူ့ကိုမှ ကိုယ်စားလှယ်အဖြစ်် သတ်မှတ်ခဲ့ခြင်းမရှိဘဲ ထိုင်ခုံအလွတ်သာ ထားခဲ့ကြပါတယ်..

ဒါတွေကို ခြုံငုံကြည့်ရင် Credential Committee ရဲ့ ဆုံးဖြတ်ချက်ဟာ ဘယ်လို အရေးပါတယ်ဆိုတာ သိနိုင်ပါတယ်..

သို့သော် သတိပြုမိတဲ့ အချက်တစ်ခုက Credential Committee ဟာ ၁၉၉၀ နောက်ပိုင်းတွေမှာ အထူးသဖြင့် UN Human Rights Ciuncil ပေါ်ပြီးနောက်ပိုင်းတွေမှာ

လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီမြှင့်တင်မှု၊ ပြည်သူထောက်ခံမှုတွေကို စောင်းပေးပြီး ဆုံးဖြတ်လာတာကို တွေ့ရပါတယ်..

မူလက Credential Committee ဟာ နိုင်ငံနယ်နိမိတ် တည်ရှိမှုတွေ ပိုင်ဆိုင်မှုတွေအပေါ် အဓိကကြည့်ပြီး ဆုံးဖြတ်ခဲ့ပေမယ့် အခုအချိန်မှာ ဘက်စုံကြည့်ပြီး

ဆုံးဖြတ်သွားမယ်လို့ ယူဆရပါတယ်..ဖြစ်နိုင်ခြေကတော့ ခုံအလွတ်နေရာ ထားဖို့ ဆုံးဖြတ်နိုင်ပါတယ်..

လက်ရှိအချိန်မှာ UK အခြေစိုက် Myanmar Accountability Project – MAP ဒါရိုက်တာ Mr. Chris Gunness တို့ .. R 2 P ဆိုင်ရာ အာရှ ပစိဖိတ်စင်တာက Ms Rebacca Barber တို့ အခြား

အတိုက်အခံအဖွဲ့များစွာကတော့ NUG ဘက်က တင်ထားတဲ့ သံတမန်ကိုဘဲ UNGA မှာ တက်ရောက်ခွင့်ရဖို့ နည်းမျိုးစုံနဲ့ ကြိုးပမ်းလျက်ရှိပါကြောင်း..

Be the first to comment on "UN ကိုယ်စားလှယ် ဘယ်သူဖြစ်မလဲ..နစက ဘက်လား၊ NUG ဘက်ကလား"

Leave a comment

Your email address will not be published.


*