ဘယ်သူမှ ဂ ရု မစိုက် ဘူးဟုဆိုကာ မြောက်ကိုရီးယားနျူကလီးယားဆက်ထုတ်

မြောက်ကိုရီးယားဟာ သူ့ရဲ့ နျူကလီယားနဲ့ ပဲ့ထိန်းတပ်ဒုံးကျည်အစီအစဉ်တွေကို အခု ၂၀၂၁ ခုနှစ် ပထမနှစ်ဝက် အတွင်းမှာ ဆက်လက် လုပ်ဆောင်နေကြောင်း ကုလသမဂ္ဂ လျိူ့ဝှက်အစီရင်ခံစာမှာ သောကြာနေ့က တွေ့ရှိရတယ်လို့ ရိုက်တာသတင်းမှာ ဖေါ်ပြထားပါတယ်။

နိုင်ငံတွင်း စီးပွါးရေးအခြေနေပိုဆိုးလာနေတဲ့ကြားကပဲ မြောက်ကိုရီးယားက နိုင်ငံတကာဒဏ်ခတ်အရေးယူမှုကို ချိုးဖေါက်ပြီး နျူကလီယားနဲ့ ပဲ့ထိန်းတပ်ဒုံးကျည် အစီစဉ်တွေကို ဆက်လုပ်နေတာဖြစ်ကြောင်း ကုလသမဂ္ဂဒဏ်ခတ်အရေးယူမှု ဆိုင်ရာ စောင့်ကြည့်သူတွေက ပြောပါတယ်။

ဒီအစီရင်ခံစာနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂရဲ့ မြောက်ကိုရီးယားဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့ကတော့ ချက်ချင်းတုံ့ပြန်ပြောဆိုတာ မရှိသေးပါဘူး။ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် တင်းကြပ်တဲ့ Lockdown ချကန့်သတ်မှုတွေ

မနှစ်က လုပ်ခဲ့တဲ့ မြောက်ကိုရီးယား အတွက် အထောက်အကူတွေပါ မရနိုင်ပဲ ကုန်သွယ်ရေး ကျဆင်းပြီး စီးပွါးရေးထိခိုက်နေချိန်မှာ နိုင်ငံတကာ ဒဏ်ခတ်အရေးယူမှုကြောင့် အခြေနေ ပိုဆိုးခဲ့ရတာပါ။

နိုင်ငံတွင်း ရိက္ခာအခြေနေ သိပ်မကောင်းပဲ ဖြစ်နေတာကြောင့် ဒီနှစ် သီးနှံထွက်ကုန်ပေါ် မှီခိုရမှု ပိုလာနိုင်တယ်လို့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un က ဇွန်လထဲမှာပဲ ပြောကြားခဲ့ပါတယ်။

မြောက်ကိုရီးယားကို သူ့ရဲ့ နျူကလီယားနဲ့ ပဲ့ထိန်းတပ်ဒုံးကျည် စမ်းသပ်မှုတွေကြောင့် ၂၀၀၆ ခုနှစ်ကစပြီး ကုလသမဂ္ဂက အရေးယူ ဒဏ်ခတ်ထားတာ ဖြစ်ပါတယ်။ မြောက်ကိုရီးယားက ကျောက်မီးသွေးနဲ့ တခြား အရေးယူဒဏ်ခတ်မှုမှာ ပါဝင်တဲ့ ပစ္စည်းတွေကို ရေကြောင်းကနေ ဆက်လက် တင်ပို့နေပေမယ့် ပမာဏနည်းနည်းပဲ ပို့နိုင်တယ်လို့ ကုလစောင့်ကြည့်အဖွဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။

Be the first to comment on "ဘယ်သူမှ ဂ ရု မစိုက် ဘူးဟုဆိုကာ မြောက်ကိုရီးယားနျူကလီးယားဆက်ထုတ်"

Leave a comment

Your email address will not be published.


*