ကမ္ဘာကိုဒရုန်းစနစ်နဲ့တိုက်ရာမှာဦးဆောင်နေတဲ့ တူရကီက နောက်ထပ်ဒရုန်းပြသ

တူရကီတို့၏ နာမည်ကျော်ဒရုန်းထုတ်လုပ်သည့်အဖွဲ့အစည်းအနေဖြင့် LHD သင်္ဘောမှ လွှတ်တင်နိုင်မည့် ဒရုန်းအသစ်ပုံစံတစ်မျိုး၏ အသေးစိတ် အချက်အလက်ကို ထုတ်ဖော်ပြသခဲ့သည်ဟု သိရှိရသည်။

၎င်းဒရုန်းစနစ်ကို Bayraktar TB-3 ဟုအမည်ပေးထားပြီး ယခင် TB-2 စနစ် ထက်ပိုမို၍ ကြီးမားသလို ပိုမိုသယ်ဆောင်နိုင်မည်လည်းဖြစ်သည်ဟု နည်းပ ညာဆိုင်ရာ ခေါင်းဆောင်ဖြစ်သူ Selcuk Bayraktar က ပြောကြားထားသည်။

ဒီပရောဂျက်ကို စတည်တုန်းက ဘယ် fixed-wing UAV မှ LHD ရေယာဉ်ပေါ်ကနေ ပျံတက်နိုင်ဖို့ မကြံစည်ကြသေးပါဘူး။ LHD ဆိုတာက ပြေးလမ်းတိုတယ်လေ။ ကျွန်တော်တို့ထွင်နေတဲ့ TB-3 ကတော့ ဒီပလက်ဖောင်းနဲ့ ကွက်တိပဲဟုလည်း ၎င်းက ပြောကြားခဲ့သည်။

TB-3 ဒရုန်းစနစ်သစ်တွေဟာ တူရကြီရဲ့အနာဂတ် Landing Helicopter Dock Anadolu မှာ စီးမျောတော့မှာဖြစ်ပါတယ်လို့လည်း ဆိုသည်။

စနစ်ပစ်လွှတ်ဖမ်းယူရန်အတွက် သာမန်အခြေအနေမျိုးဖြင့်သာ ဆောင်ရွက်မည်ဖြစ်သည်ဟုဆိုသည်။ roller system ဖြင့် ပစ်လွှတ်မည်ဖြစ်ကာ ပိုက်ကွန်စနစ်ဖြင့် ပြန်လည်ဖမ်းယူမည်ဖြစ်သည်။ roller system ကို လျှပ်စစ်မော်တာဖြင့် စွမ်းအင်ပေးမည်လည်းဖြစ်သည်ဟု သိရှိရသည်။


ဒရုန်းအသစ်အနေဖြင့် အလေးချိန် ၁၄၅၀ ကီလိုဂရမ်ရှိပြီး ၂၄ နာရီ ပျံသန်းနိုင် မည်ဖြစ်သည်။ ၂၀၂၂ ခုနှစ် ၌ ပထမဆုံးအကြိမ်စမ်းသပ်ပျံသန်းမည်လည်း ဖြစ်သည်။

Anadolu LHD အနေဖြင့် Bayraktar TB3 တိုက်ခိုက်ရေးဒရုန်းအစင်းရေ ၃၀ စီးမှ ၅၀ အစီးထိ သယ်ဆောင်နိုင်မည်ဖြစ်သည်ဟု သိရှိရပါသည်။

Be the first to comment on "ကမ္ဘာကိုဒရုန်းစနစ်နဲ့တိုက်ရာမှာဦးဆောင်နေတဲ့ တူရကီက နောက်ထပ်ဒရုန်းပြသ"

Leave a comment

Your email address will not be published.


*