မြန်မာအတွက် နိုင်ငံတကာအလှူရှင်နိုင်ငံများ ညီလာခံခေါ်မည်

မြန်မာအတွက် နိုင်ငံတကာအလှူရှင်နိုင်ငံများညီလာခံခေါ်မည်

(၇ ဩဂုတ် ၂၀၂၁)

ပြည်သူ့ကျန်းမာရေးစနစ်ပြိုလဲလုဖြစ်နေတဲ့ မြန်မာနိုင်ငံကို အရေးပေါ်ကူညီပေးနိုင်ဖို့ နိုင်ငံတကာအလှူရှင်တွေကို ဖိတ်ကြားဆွေးနွေးဖို့ အာဆီယံက ပြင်ဆင်နေကြောင်း Thai PBS သတင်းမှာ ဖေါ်ပြထားပါတယ်။

အလှူရှင်ညီလာခံအမြန်ကျင်းပဖို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက အဆိုပြုခဲ့တယ်ဆိုပါတယ်။ မကြာခင်မှာခေါ်ယူကျင်းပဖို့ရှိပြီး ရရှိတဲ့အကူအညီတွေကို the Asean Coordinating Center for Humanitarian Assistance on Disaster Management (AHA) အာဆီယံ

သဘာဝဘေးနဲ့လူသားချင်းစာနာမှုကူညီကယ်ဆယ်ရေးစင်တာက တဆင့် ပေးအပ်သွားမှာဖြစ်ပြီး လောလောဆယ် သြစတေးလျှနိုင်ငံက ဒေါ်လာ (၅) သန်းလှူဖို့ ဂတိပေးထား တယ်လို့ ဖေါ်ပြထားပါတယ်။

စစ်တပ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံရဲ့ကျန်းမာရေးစနစ်ပြိုလဲလုနီးပါးဖြစ်နေပြီး နိုင်ငံတကာက မကူရင် (၂) ပတ်အတွင်း လူဦးရေတဝက်လောက် ကိုဗစ်ကူးစက်ခံရမယ်လို့ ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်သံအမတ်ကြီးက သတိပေးခဲ့သလို လုံခြုံရေးကောင်စီမှာလည်း စစ်အာဏာသိမ်းအောက်က

မြန်မာပြည်သူတွေကို ဘယ်လိုကူညီမလဲဆိုတာနဲ့ပတ်သက်လို့ အလွတ်သဘောဆွေးနွေးခဲ့ပါတယ်။ အဲဒီဆွေးနွေးပွဲကို NUG အစိုးရဝန်ကြီး ၊ သံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ တိုင်းရင်းသားကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ပါတယ်။

နိုင်ငံတကာအကူအညီတွေကို မြန်မာနိုင်ငံက လွတ်လပ်တဲ့ အရပ်ဖက် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းတွေ ကုလသမဂ္ဂအေဂျင်စီတွေကပဲ ဦးစီးလုပ်ဖို့နဲ့ မြန်မာစစ်တပ်ထိမ်းချုပ်မှုမခံရဖို့ စစ်တပ်နဲ့မပတ်သက်ဖို့ လိုနေတဲ့ပြည်သူတွေလက်ထဲရောက်ဖို့ အဲဒီဆွေးနွေးပွဲမှာ အဓိကထား ထောက်ပြသတိပေးခဲ့ပါတယ်။

အဲဒီဆွေးနွေးပွဲကို လက်မခံကြောင်းနဲ့ အကူအညီတွေကို စစ်တပ်နဲ့ AHA ကပဲ ဦးစီးလုပ်မယ်လို့ စကစဝန်ကြီး ဝဏ္ဏမောင်လွင်က ပြောထားတာမို့ နိုင်ငံတကာအကူအညီတွေကို မြန်မာပြည်သူတွေလက်ထဲဘယ်လိုရောက်မလဲဆိုတာ မေးခွန်းထုတ်စရာလို့ အာဆီယံလူ့အခွင့်ရေးစောင့်ကြည့်သူတွေက သတိပေးနေပါတယ်။

Crd – Burma News Network

———-

ျမန္မာအတြက္ ႏိုင္ငံတကာအလႉရွင္ႏိုင္ငံမ်ားညီလာခံေခၚမည္

(၇ ဩဂုတ္ ၂၀၂၁)

ျပည္သူ႔က်န္းမာေရးစနစ္ၿပိဳလဲလုျဖစ္ေနတဲ့ ျမန္မာႏိုင္ငံကို အေရးေပၚကူညီေပးႏိုင္ဖို႔ ႏိုင္ငံတကာအလႉရွင္ေတြကို ဖိတ္ၾကားေဆြးေႏြးဖို႔ အာဆီယံက ျပင္ဆင္ေနေၾကာင္း Thai PBS သတင္းမွာ ေဖၚျပထားပါတယ္။

အလႉရွင္ညီလာခံအျမန္က်င္းပဖို႔ ထိုင္းႏိုင္ငံျခားေရးဝန္ႀကီးက အဆိုျပဳခဲ့တယ္ဆိုပါတယ္။ မၾကာခင္မွာေခၚယူက်င္းပဖို႔ရွိၿပီး ရရွိတဲ့အကူအညီေတြကို the Asean Coordinating Center for Humanitarian Assistance on Disaster Management (AHA) အာဆီယံ

သဘာဝေဘးနဲ႔လူသားခ်င္းစာနာမႈကူညီကယ္ဆယ္ေရးစင္တာက တဆင့္ ေပးအပ္သြားမွာျဖစ္ၿပီး ေလာေလာဆယ္ ၾသစေတးလွ်ႏိုင္ငံက ေဒၚလာ (၅) သန္းလႉဖို႔ ဂတိေပးထား တယ္လို႔ ေဖၚျပထားပါတယ္။

စစ္တပ္အာဏာသိမ္းမႈေၾကာင့္ ျမန္မာႏိုင္ငံရဲ႕က်န္းမာေရးစနစ္ၿပိဳလဲလုနီးပါးျဖစ္ေနၿပီး ႏိုင္ငံတကာက မကူရင္ (၂) ပတ္အတြင္း လူဦးေရတဝက္ေလာက္ ကိုဗစ္ကူးစက္ခံရမယ္လို႔ ကုလသမဂၢဆိုင္ရာ ၿဗိတိန္သံအမတ္ႀကီးက သတိေပးခဲ့သလို လုံၿခဳံေရးေကာင္စီမွာလည္း စစ္အာဏာသိမ္းေအာက္က

ျမန္မာျပည္သူေတြကို ဘယ္လိုကူညီမလဲဆိုတာနဲ႔ပတ္သက္လို႔ အလြတ္သေဘာေဆြးေႏြးခဲ့ပါတယ္။ အဲဒီေဆြးေႏြးပြဲကို NUG အစိုးရဝန္ႀကီး ၊ သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းနဲ႔ တိုင္းရင္းသားကိုယ္စားလွယ္ေတြ တက္ေရာက္ခဲ့ပါတယ္။

ႏိုင္ငံတကာအကူအညီေတြကို ျမန္မာႏိုင္ငံက လြတ္လပ္တဲ့ အရပ္ဖက္ ေစတနာ့ဝန္ထမ္းအဖြဲ႕အစည္းေတြ ကုလသမဂၢေအဂ်င္စီေတြကပဲ ဦးစီးလုပ္ဖို႔နဲ႔ ျမန္မာစစ္တပ္ထိမ္းခ်ဳပ္မႈမခံရဖို႔ စစ္တပ္နဲ႔မပတ္သက္ဖို႔ လိုေနတဲ့ျပည္သူေတြလက္ထဲေရာက္ဖို႔ အဲဒီေဆြးေႏြးပြဲမွာ အဓိကထား ေထာက္ျပသတိေပးခဲ့ပါတယ္။

အဲဒီေဆြးေႏြးပြဲကို လက္မခံေၾကာင္းနဲ႔ အကူအညီေတြကို စစ္တပ္နဲ႔ AHA ကပဲ ဦးစီးလုပ္မယ္လို႔ စကစဝန္ႀကီး ဝဏၰေမာင္လြင္က ေျပာထားတာမို႔ ႏိုင္ငံတကာအကူအညီေတြကို ျမန္မာျပည္သူေတြလက္ထဲဘယ္လိုေရာက္မလဲဆိုတာ ေမးခြန္းထုတ္စရာလို႔ အာဆီယံလူ႔အခြင့္ေရးေစာင့္ၾကည့္သူေတြက သတိေပးေနပါတယ္။

Crd – Burma News Network

Be the first to comment on "မြန်မာအတွက် နိုင်ငံတကာအလှူရှင်နိုင်ငံများ ညီလာခံခေါ်မည်"

Leave a comment

Your email address will not be published.


*