ကာကွယ်ဆေးအားလုံးကိုခံနိုင်ရည်ရှိတဲ့ ကိုဗစ် မျိုးကွဲ Epsilon ဗိုင်းရပ်စ်သစ်ထွက်ပေါ်လာ

တကယ်တော့ Epsilon ဆိုတဲ့ ကိုဗစ်မျိုးကွဲကို ၂၀၂၀ ခုနှစ်တုန်းက ကယ်လီဖိုးနီးယားပြည်နယ်မှာ စတင်တွေ့ရှိခဲ့တာလို့ဆိုပါတယ်။

နယ်စပ်ခြင်းထိစပ်မှုဖြစ်နေတဲ့ ပါကစ္စတန်မှာ ယခုတွေ့ရှိနေပြီဖြစ်တာကြောင့် အိန္ဒိယပညာရှင်တွေကတော့ အထူးသတိပေးတာတွေလုပ်နေကြပါတယ်။

မြန်နှုန်းမြင့်ကူးစက်မြန်ပိုးလည်းဖြစ်တယ်လို့ဆိုပါတယ်။ သူ့အားသာချက်က တော့ ယခုထွက်နေတဲ့ကာကွယ်ဆေးတွေ အပေါ်ကို ခံနိုင်ရည်ရှိတာပါပဲ။

ပါကစ္စတန်နိုင်ငံ ပန်ဂျပ်ပြည်နယ်ရဲ့ Lahore မြို့မှာ အဆိုပါကိုဗစ်ပိုးကူး စက်ခံနေရသူ အနည်းဆုံး ၅ ဦးကို စတင်တွေ့ရှိခဲ့တာဖြစ်တယ်လို့ မြို့အာဏာပိုင်တွေကဆိုပါတယ်။

Epsilon မျိုးကွဲကို CAL.20C လို့လည်းအမည်ခေါ်ပြီး အမေရိကန်နိုင်ငံ နယူးယော့ခ်မြို့မှာဆိုရင် ဒုတိယအကူးစက်ခံရဆုံးဗိုင်းရပ်စ်ဖြစ်တယ်လို့ ဆိုပါတယ်။ ယခုတော့ တောင်အာရှကိုရောက်ရှိလာပါပြီ။

Center for Disease Prevention and Control (CDC) ကတော့ အစပိုင်းက စိုးရိမ်စရာမျိုးကွဲလို့သတ်မှတ်ပေမယ့် နောက်ပိုင်းတော့ လေ့လာစူးစမ်းစရာ အဖြစ်သာ ပြန်လည်သတ်မှတ်ထားပြန်ပါတယ်။

WHO ကတော့ ဆက်လက်ပြီး ပိုမိုစောင့်ကြည့်ရမယ်လို့ဆိုပါတယ်။

ယခုတော့ Epsilon မျိုးကွဲကို နိုင်ငံပေါင်း ၃၄ နိုင်ငံမှာ စတင်တွေ့ရှိနေပါပြီ။

ယခင်ပိုးတွေထက် ၂၀ ရာခိုင်နှုန်းကူးစက်မြန်ပြီး ဒယ်လ်တာမျိုးကွဲလိုပဲ ကူးစက်အမြန်ဆုံးဖြစ်တယ်လို့သိရပါတယ်။

Be the first to comment on "ကာကွယ်ဆေးအားလုံးကိုခံနိုင်ရည်ရှိတဲ့ ကိုဗစ် မျိုးကွဲ Epsilon ဗိုင်းရပ်စ်သစ်ထွက်ပေါ်လာ"

Leave a comment

Your email address will not be published.


*