ထိုင်ဝမ်က တရုတ်ကိုထုဖို့ ဟောင်ဝဇ္ဇာစနစ်တွေရှယ်ဝယ်နေ

U.S. Department of Defense ဌာနရဲ့ ဩဂုတ်လ ၄ ရက်နေ့က ထုတ်ပြန်ချက် အရ ထိုင်ဝမ်နိုင်ငံကို အမေရိကန်ဒေါ်လာ သန်း ၇၅၀ ဖိုးတန်ကြေးရှိတဲ့ 155mm M109A6 Paladin Medium tracked Self-Propelled Howitzer System စနစ်တွေရောင်းချပေးဖို့ သဘောတူလိုက်တယ်လို့ သိရှိရပါတယ်။

စုစုပေါင်း ၄၀ ယူနစ်စာဝယ်ယူမှာဖြစ်ပြီး အဆိုပါဝယ်ယူမှုမှာ အမြောက်စနစ် ၄၀ စာအပြင် M992A2 Field Artillery Ammunition Support Vehicles (FAASV) ၂၀ စီး၊ Advanced Field Artillery Tactical Data System (AFATDS) ၁ ခု၊ M88A2 Hercules vehicle ၅ စီး၊

M2 Chrysler Mount .50 caliber machine gun ၅ လက်၊ Precision Guidance Kits (PGK) ၁၆၉၈ ခု နဲ့ ပြုပြင်ထိန်းသိမ်းရေးကိရိယာတွေကအစ ပါဝင်မယ်လို့ဆိုပါတယ်။

ယခုကဲ့သို့ ရောင်းချပေးမှုဟာ ထိုင်ဝမ်တပ်မတော်ရဲ့ လိုအပ်နေတဲ့ ဟောင်ဝဇ္ဇာ အမြောက်တပ်ဖွဲ့ကို အထောက်အကူဖြစ်စေမှာပါ။ Self-Propelled Howitzer Systems ကိုထောက်ပံ့ဖို့အတွက် BAE System ကနေ အဓိက ဆောင်ရွက် ပေးမယ်လို့သိရှိရပါတယ်။

M109A6 ဟာ M109A1 စနစ်အပေါ်အခြေခံတည်ဆောက်ထားတာပါ။ တပ်ဖွဲ့ဝင် ၄ ဦးလိုက်ပါတာဝန်ထမ်းဆောင်နိုင်ပါတယ်။

လက်နက်ငယ်ကျည်ဆံဒဏ်ကိုလည်း ခံနိုင်ရည်ရှိအောင် တည်ဆောက် ထားပါတယ်။ ၁၅၅ မမကျည်ကို ၃၆ ကနေ ၃၉ တောင့်အထိ ထည့်သွင်း နိုင်အောင်ပြုလုပ်ထားပါတယ်။

၄၀ ကီလိုမီတာ အမြင့်ဆုံးပစ်ခတ်နိုင်စွမ်း ရှိကြောင်းသိရှိရပါတယ်။

Be the first to comment on "ထိုင်ဝမ်က တရုတ်ကိုထုဖို့ ဟောင်ဝဇ္ဇာစနစ်တွေရှယ်ဝယ်နေ"

Leave a comment

Your email address will not be published.


*