ျမန္မာႏိုင္ငံတြင္ ကိုဗစ္ ကာကြယ္ေဆးအား အေမရိကန္ေဒၚလာ ငါးေဒၚလာေအာက္ႏွင့္ ရႏိုင္မည္ျဖစ္ၿပီး ၊ လာမည့္ႏွစ္ ဧၿပီလ တြင္ စတင္ ထိုးေပးႏိုင္ရန္ စီစဥ္ေနေၾကာင္း ေဒါက္တာျမင့္ေထြး က ေျပာပါတယ္။
အဆိုပါကာကြယ္ေဆးကို ပထမႏွစ္အတြင္း လူဦးေရ၏ ၂၀ ရာခိုင္ႏႈန္းအား ထိုးေပးရန္ ေတာင္းခံထားၿပီး လာမည့္ ဧၿပီလတြင္ စတင္ထိုးႏွံႏိုင္ရန္စီစဥ္ေနေၾကာင္း၊ ပုဂၢလိက ေဆး႐ုံ၊ေဆးခန္းမ်ားတြင္လည္း ကာကြယ္ေဆး ရရွိႏိုင္မည္ ျဖစ္ေၾကာင္း က်န္းမာေရးဝန္ႀကီးက ေျပာပါတယ္။
သို႔ေသာ္ ကာကြယ္ေဆးမ်ားသည္ တၿပိဳင္တည္း ေရာက္ရွိလာမည္ မဟုတ္ဘဲ အသုတ္လိုက္ ေရာက္လာဖြယ္ရွိၿပီး ၊ ကာကြယ္ေဆးမ်ားကို အခမဲ့ သို႔မဟုတ္ ေဈးခ်ိဳခ်ိဳနင့္ ထိုးေပးမည္လား မသိရေသးေၾကာင္း ႏွင့္ အမ်ိဳးသားကာကြယ္ေဆးနည္းပညာအႀကံေပးအဖြဲ႕ ဒု ဥကၠ႒ ဦးေစာဝင္းကမူ ကာကြယ္ေဆးမ်ားကို အေမရိကန္ေဒၚလာ ၅ ေဒၚလာေအာက္ႏွင့္ ရရွိႏိုင္ဖြယ္ရွိေၾကာင္း ေျပာပါတယ္။
ျမန္မာႏိုင္ငံတြင္ ၂၀၂၁ ခုႏွစ္ ဒုတိယေလးလပိုင္းအတြင္း လူဦးေရ၏ ၃ရာခိုင္ႏႈန္း၊ တတိယ ေလးလပိုင္းတြင္ ေနာက္ထပ္ ၁၇ ရာခိုင္ႏႈန္း၊ ၂၀၂၁ ခုႏွစ္ကုန္တြင္ လူဦးေရ၏ ၂၀ ရာခိုင္ႏႈန္း ထိုးေပးမည္ျဖစ္ေၾကာင္း ၊ ကာကြယ္ေဆးရရွိလာပါက လူနာမ်ားႏွင့္ ထိေတြ႕ရမည့္ က်န္းမာေရးလုပ္သားမ်ား ၊ ပိုးကူးစက္ခံထားရသူမ်ား ႏွင့္ သက္ႀကီး႐ြယ္အိုမ်ားကို ဦးဆုံးထိုးေပးသြားမည္ဟု က်န္းမာေရးဝန္ႀကီးဌာနက ေျပာထားပါတယ္။
ကာကြယ္ေဆးကို Gavi ၊ ကမာၻ႔ဘဏ္ႏွင့္ ႏိုင္ငံေတာ္ရန္ပုံေငြမ်ားျဖင့္ ဝယ္ယူမည္ျဖစ္ၿပီး၊ တဖက္တြင္လည္း ကာကြယ္ေဆးထုတ္လုပ္သည့္ ႏိုင္ငံမ်ားႏွင့္ ဆက္သြယ္ကာ တိုက္႐ိုက္ဝယ္ယူမည္ ျဖစ္ေၾကာင္း ကာကြယ္ေဆးကို လူဦးေရ၏ ၂၀ ရာခိုင္ႏႈန္းကိုသာ ဦးဆုံးထိုးေပးႏိုင္မည္ ျဖစ္သည့္အတြက္ က်န္ ၈၀ ရာခိုင္ႏႈန္းမွာ ေစာင့္ဆိုင္းေနရဦးမွာျဖစ္ေၾကာင္း၊ ထို႔ေၾကာင့္ လက္ရွိကိုဗစ္ကာကြယ္ေရး စည္းမ်ဥ္းမ်ားအတိုင္း ဆက္လက္လိုက္နာၾကဖို႔လည္း ေဒါက္တာျမင့္ေထြးက ေျပာပါတယ္။
———
မြန်မာနိုင်ငံတွင် ကိုဗစ် ကာကွယ်ဆေးအား အမေရိကန်ဒေါ်လာ ငါးဒေါ်လာအောက်နှင့် ရနိုင်မည်ဖြစ်ပြီး ၊ လာမည့်နှစ် ဧပြီလ တွင် စတင် ထိုးပေးနိုင်ရန် စီစဉ်နေကြောင်း ဒေါက်တာမြင့်ထွေး က ပြောပါတယ်။
အဆိုပါကာကွယ်ဆေးကို ပထမနှစ်အတွင်း လူဦးရေ၏ ၂၀ ရာခိုင်နှုန်းအား ထိုးပေးရန် တောင်းခံထားပြီး လာမည့် ဧပြီလတွင် စတင်ထိုးနှံနိုင်ရန်စီစဉ်နေကြောင်း၊ ပုဂ္ဂလိက ဆေးရုံ၊ဆေးခန်းများတွင်လည်း ကာကွယ်ဆေး ရရှိနိုင်မည် ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးက ပြောပါတယ်။
သို့သော် ကာကွယ်ဆေးများသည် တပြိုင်တည်း ရောက်ရှိလာမည် မဟုတ်ဘဲ အသုတ်လိုက် ရောက်လာဖွယ်ရှိပြီး ၊ ကာကွယ်ဆေးများကို အခမဲ့ သို့မဟုတ် ဈေးချိုချိုနင့် ထိုးပေးမည်လား မသိရသေးကြောင်း နှင့် အမျိုးသားကာကွယ်ဆေးနည်းပညာအကြံပေးအဖွဲ့ ဒု ဥက္ကဋ္ဌ ဦးစောဝင်းကမူ ကာကွယ်ဆေးများကို အမေရိကန်ဒေါ်လာ ၅ ဒေါ်လာအောက်နှင့် ရရှိနိုင်ဖွယ်ရှိကြောင်း ပြောပါတယ်။
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဒုတိယလေးလပိုင်းအတွင်း လူဦးရေ၏ ၃ရာခိုင်နှုန်း၊ တတိယ လေးလပိုင်းတွင် နောက်ထပ် ၁၇ ရာခိုင်နှုန်း၊ ၂၀၂၁ ခုနှစ်ကုန်တွင် လူဦးရေ၏ ၂၀ ရာခိုင်နှုန်း ထိုးပေးမည်ဖြစ်ကြောင်း ၊ ကာကွယ်ဆေးရရှိလာပါက လူနာများနှင့် ထိတွေ့ရမည့် ကျန်းမာရေးလုပ်သားများ ၊ ပိုးကူးစက်ခံထားရသူများ နှင့် သက်ကြီးရွယ်အိုများကို ဦးဆုံးထိုးပေးသွားမည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ပြောထားပါတယ်။
ကာကွယ်ဆေးကို Gavi ၊ ကမ္ဘာ့ဘဏ်နှင့် နိုင်ငံတော်ရန်ပုံငွေများဖြင့် ဝယ်ယူမည်ဖြစ်ပြီး၊ တဖက်တွင်လည်း ကာကွယ်ဆေးထုတ်လုပ်သည့် နိုင်ငံများနှင့် ဆက်သွယ်ကာ တိုက်ရိုက်ဝယ်ယူမည် ဖြစ်ကြောင်း ကာကွယ်ဆေးကို လူဦးရေ၏ ၂၀ ရာခိုင်နှုန်းကိုသာ ဦးဆုံးထိုးပေးနိုင်မည် ဖြစ်သည့်အတွက် ကျန် ၈၀ ရာခိုင်နှုန်းမှာ စောင့်ဆိုင်းနေရဦးမှာဖြစ်ကြောင်း၊ ထို့ကြောင့် လက်ရှိကိုဗစ်ကာကွယ်ရေး စည်းမျဉ်းများအတိုင်း ဆက်လက်လိုက်နာကြဖို့လည်း ဒေါက်တာမြင့်ထွေးက ပြောပါတယ်။
Be the first to comment on "မြန်မာနိုင်ငံမှာ ကိုဗစ်ကာကွယ်ဆေး ထိုးပေးတော့မယ့်အချိန် ဝန်ကြီးပြောပြီ"