NUG ရဲ့ကြိုးစားမှု အရာထင်လာခဲ့ပြီဟေ့

အမေရိကန်နိုင်ငံ ဒု-နိုင်ငံခြားရေးဝန်ကြီး ဝင်ဒီရှားမန်း (Wendy Sherman) သည် အမျိုးသားညီညွတ်ရေးအစိုးရ မှ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် နှင့် ဗုဒ္ဓဟူးနေ့ (ဩဂုတ် ၄) ရက်တွင် ရုပ်သံမှတဆင့်တွေ့ဆုံဆွေးနွေးခဲ့သည်။

ယခုတွေ့ဆုံမှုသည် အမေရိကန်အကြီးတန်းအရာရှိတစ်ဦးနှင့် NUG အကြား တရားဝင် ထုတ်ပြန်ကြေငြာသည့် ပထမဆုံးတွေ့ဆုံမှုလည်းဖြစ်သည်။

မြန်မာ၏စီးပွားရေးသည် ပြိုလဲခဲ့ရပြီး ပြီးခဲ့သည့်လအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမြင့်မားလာခြင်းကြောင့် ကျန်းမာရေးစနစ်ကိုထိခိုက်စေကာ လူသားခြင်းစာနာထောက်ထားမှု ဆိုင်ရာ ဘေးဒုက္ခများမှာလည်း ပိုမိုဆိုးရွားလာခဲ့သည်။

“မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားမှုတွေကို အမေရိကန်က ဆက်လက်ထာက်ပံ့ကူညီပေးဖို့အပါအဝင် မြန်မာကို ဒီမိုကရေစီလမ်းကြာင်းပေါ်ပြန်ရောက်ဖို့ ဆက်လက်လုပ်ဆောင်မည့် အားထုတ်ကြိုးပမ်းမှုများနှင့်ပတ်သက်ပြီး ၎င်းတို့ နှစ်ဦးဆွေးနွေးခဲ့ပါတယ်။

ဒါ့အပြင် မြန်မာမှာဖြစ်ပေါ်နေတဲ့ ကိုဗစ်-၁၉ ကပ်ရောဂါပြန့်နှံ့မှုကို တိုက်ထုတ်ဖို့ကြိုးပမ်းမှုတွေ နှင့် မြန်မာပြည်သူတွေကိုအဓိကကျတဲ့လူသားခြင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေပေးဖို့ကိစ္စတွေကိုပါ ဆွေးနွေးခဲ့ပါတယ် ” ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောခွင့်ရပုဂ္ဂိုလ် နတ် ပရိုက် (Ned Price) က ဆိုခဲ့သည်။

အာဆီယံသည် ဘရူနိုင်း ဒု-နိုင်ငံခြားရေးဝန်ကြီး အီရာဝန် ယုဆွဖ် (Erywan Yusof) ကို မြန်မာဆိုင်ရာအာဆီယံ၏အထူးကိုယ်စားလှယ်အဖြစ်ခန့်အပ်မှုကိုလည်း မစ္စတာ ဘလင်ကန်က ကြိုဆိုခဲ့သည်။

Be the first to comment on "NUG ရဲ့ကြိုးစားမှု အရာထင်လာခဲ့ပြီဟေ့"

Leave a comment

Your email address will not be published.


*