F-35 ရဲ့ဂျင်းကွက်၊ တိုက်လေယာဉ်မှူးတွေ အသက်ရှူကြပ်မှာကြောက်နေ

House Armed Services Committee လက်အောက်ခံ ဌာနခွဲကြီးတစ်ခုက F-35 တိုက်လေယာဉ်မှူးတွေရဲ့ အသက်ရှူခြင်းဆိုင်ရာနှင့်ပတ်သက်လို့ ဒုတိယအကြိမ်မြောက်အဖြစ် ပြန်လည်စစ်ဆေးပေးဖို့ ပင်တဂွန်စစ်ဌာနချုပ်ကို တောင်းဆိုလိုက်တယ်လို့ သတင်းထွက်ပေါ်လာပါတယ်။

ဘာကြောင့်လဲဆိုတော့ တိုက်လေယာဉ်မှူးတွေအနေနဲ့ အောင်ဆီဂျင်ရရှိခြင်း ဆိုင်ရာချို့တဲ့မှု့ကြောင့် ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုတွေ ဖြစ်ပေါ်နေလို့ပါ။

ပြီးခဲ့တဲ့ အပတ်က ထုတ်ပြန်ခဲ့တဲ့ Tactical Air and Land Forces Subcommittee ရဲ့ ၂၀၂၂ ကာကွယ်ရေးမူဝါဒဉပဒေကြမ်းမှာလည်း Defense Department အနေနဲ့ အက်ဖ်-၃၅ တိုက်လေယာဉ်မှူးတွေရဲ့ အသက်ရှူခြင်းဆိုင်ရာ ပြဿနာတွေကို ပြန်လည်စုံစမ်းစစ်ဆေးဖို့နဲ့ ဖြေရှင်းဖို့အကြောင်းအရာပါဝင်ခဲ့ပါတယ်။

ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး နာဆာက လော့ဟိမာတင်ထုတ် အက်ဖ်-၃၅ တိုက်လေယာဉ်ရဲ့ အသက်ရှုခြင်းဆိုင်ရာ ပြဿာနာအကြောင်းအရင်းကို ပင်တဂွန်အနေနဲ့ စစ်ဆေးဖို့အတွက် ဆောင်ရွက်သင့်တယ်လို့ ရေးသားဖော်ပြ လိုက်ပါသေးတယ်။


နာဆာက အက်ဖ်-၃၅ ၂ စီးကို မြေပြင်စစ်ဆေးမှုတွေကို ပြုလုပ်ပြီး အသုံးချခဲ့တဲ့ တိုက်လေယာဉ်မှူး ၂ ဦးကို မေးမြန်းတဲ့အခါ နာမည်ကျော် Joint Strike Fighter ကြီးဟာ တိုက်လေယာဉ်မှူးတစ်ယောက်လိုအပ်တဲ့ အောက်ဆီ ဂျင်ပမာဏာကို အဆက်မပြတ်ထောက်ပံ့နိုင်ခြင်းမရှိဘူးလို့ သိရပါတယ်။

တိုက်လေယာဉ်မှူးတွေအနေနဲ့ သူတို့ရဲ့ အသက်ရှုခြင်းဆိုင်ရာ အခက်အခဲကို မိမိဘာသာရှုသွင်းရှုထုတ်နှုန်းနဲ့ အစားထိုးဖြေရှင်းလိုက်ရတယ်လို့တောင် ပြောကြားခဲ့ပါတယ်။

ဒီလို အသက်ရှူကြပ်တဲ့၊မဝတဲ့အခြေအနေတွေကြောင့် တိုက်လေယာဉ်မှူးတွေ ဟာ နာတည်ရှည်ရောဂါတွေတောင် ဖြစ်လာနိုင်တယ်လို့ဆိုပါတယ်။

ဒါ့ကြောင့် အမြောက်အမြားမထုတ်လုပ်မီ၊ ငွေကြေးကုန်ကျမှုများစွာနဲ့ ပြင်ဆင်မွန်းမံခြင်းမပြုလုပ်မီ ကော်မတီအနေနဲ့ သေသေချာချာလေး နည်းပညာဆိုင်ရာ ပြဿနာကို အဖြေရှာသင့်တယ်လို့လည်း တိုက်တွန်းနေ ကြပါတယ်။

ကံဆိုးစေတာက ဒါမျိုးတွေဖြစ်လာရင် ကွန်ဂရက်က ဌာနကိုပဲ အရေးယူပြီး ဖြေရှင်းမှုကို တိုက်ရိုက်ဆောင်ရွက်ပေးတာမရှိတာပါပဲလို့ဆိုပါတယ်။

ဖြစ်စေချင်တာက လေယာဉ်မှူးလိုအပ်ချက်ကို တိုက်လေယာဉ်က ဆောင်ရွက် ပေးစေချင်တာပါ၊ ခုက လေယာဉ်လိုအပ်ချက်ကို လေယာဉ်မှူးတွေက ပြန်လည်အလိုက်သင့်နေရတဲ့ အခြေအနေလို့ ပြင်းပြင်ထန်ထန်ကို ဝေဖန်ထားပါတယ်။ နည်းဗျူဟာအစား သဘာဝအတိုင်းလေး လို လိုက်လျောညီထွေဖြစ်စေချင်တာပါ။

တကယ်တော့ ဒီပြဿနာက ၂၀၁၇ ခုနှစ်က စနေခဲ့တာပါ။ အရီဇိုးနားပြည်နယ် Luke Air Force Base ရဲ့ အမှတ် ၅၆ တိုက်လေယာဉ်အုပ်က F-35A တိုက်လေယာဉ်မှူးတွေဟာ F-35A စနစ်တွေကို ဆင်းတက်ပျံသန်းမှု အကြိမ် အတော်ကြာကြာကြီးကို ရက်သတ္တပတ်နဲ့ယှဉ်ပြီး လုပ်ခဲ့ကြပါတယ်။ ထွက်ပေါ် လာတဲ့ တစ်ခုတည်းသော လေသံက အောက်ဆီဂျင်ရရှိမှု မလုံလောက်တာပါ။

အက်ဖ်-၃၅ တွေရဲ့ အောက်ဆီဂျင်စနစ်ကို Honeywell ကုမ္ပဏီက ထုတ်လုပ် တာဖြစ်ပြီး ဒီစနစ်ကို ချိန်းပစ်မယ်လို့ F-35 Joint Program Office က ထုတ်ပြန်ကြေညာခဲ့ပါတယ်။ သို့သော်လည်း Joint Program Office က ယုံကြည်တာကတော့ အောက်ဆီဂျင်ပမာဏကို ပြန်ချိန်းပစ်လိုက်ရင် အဆင်ပြေလောက်တယ်လို့ ယူဆလိုက်ကြပါသေးတယ်။

လေယာဉ်မှူး ၄၀ ဦးလောက်ကိုက ဒီပြဿနာကို စောဒကတက်ထားတာပါ။ Air Force Magazine ရဲ့ အစီရင်ခံစာအရတော့ အမေရိကန်လေတပ်ရဲ့ အက်ဖ်-၃၅အေ အစီးရေ ၂၇ စီးပျက်ကျမှုမှာ

၂၀၂၀ မေလက ပျက်ကျခဲ့တဲ့ ဖြစ်စဉ်မှာဆိုရင် အောက်ဆီဂျင်ပြဿနာကြောင့်ဖြစ်ပြီး တိုက်လေယာဉ်မှူးရဲ့ သိမြင်မှုဆိုင်ရာကိုပါ ကမောက်ကမဖြစ်စေခဲ့တာလို့ ဖော်ပြထားပါတယ်။

ဒါ့ကြောင့် ဒီလိုပြဿနာတွေတက်နေတဲ့အပေါ် HASC အနေနဲ့ တရားဝင်ဉပဒေ တင်သွင်းပြီးဖြေရှင်းဖို့ စက်တင်ဘာ ၁ ရက်နေ့ကို သတ်မှတ်ထားပါတယ်။

ကော်မတီကသာခွင့်ပြုရင် HASC နဲ့ ၎င်းတို့ရဲ့ အဖွဲ့ဝင်တွေဟာ လွှတ်တော်ထိ တက်ပြီးဆောင်ရွက်တော့မှာပါ။ လက်ရှိအချိန်မှာတော့ အက်ဖ်-၃၅ တိုက်လေယာဉ်မှူးတွေအတွက်တော့ မျက်ခုံးလှုပ်နေရဆဲဖြစ်ပါတယ်။

ကျော်လင်း(အမိမြေ)

Be the first to comment on "F-35 ရဲ့ဂျင်းကွက်၊ တိုက်လေယာဉ်မှူးတွေ အသက်ရှူကြပ်မှာကြောက်နေ"

Leave a comment

Your email address will not be published.


*