တာလီဘန်တွေက ဆည်ကိုပစ်ဖောက်ပြီး ရေမြုပ်ပစ်ဖို့ကြံစည်

ပြီးခဲ့သည့် နှစ်ပတ်ကျော်လောက်ကတာလီဘန် စစ်သွေးကြွများသည် အာဖဂန်နစ္စတန်နိုင်ငံ၊ Herat ပြည်နယ် Chesht ခရိုင်ရှိလျှပ်စစ်
ဓာတ်အားနှင့်ဆည်မြောင်းရေရရှိရေးအား ထောက်ပံ့ပေး နေသောSalma ဆည်ကိုမော်တာများ ဒါဇင်နှင့်ချီပစ်ခတ်ခဲ့သည်ဟု IANS ကဖော်ပြသည်…

၀န်ကြီးချုပ် Narendra Modi နှင့်အာဖဂန်နစ္စတန် သမ္မတ Ashraf Ghani တို့သည် Chist-e-Sharif ရှိ အာဖဂန်နစ္စတန်-အိန္ဒိယချစ်ကြည်ရေးရေကာတာ
Salma ဆည်ကို ၂၀၁၆ ခုနှစ်ဇွန်လကအာဖဂန် အနောက်ပိုင်း Herat ပြည်နယ်နှင့်ပူးတွဲဖွင့်လှစ်ခဲ့သည်…….

တာလီဘန်တို့၏တိုက်ခိုက်မှုများဆက်လက်ဖြစ် ပွားနေသဖြင့် ဘေးအန္တရာယ်ကျရောက်နိုင်ကြောင်းသတိပေးခဲ့သည်……

စစ်သွေးကြွတွေကဒုံးကျည်တွေနဲ့ဆက်ပစ်ရင်တော့ Salma ဆည်ကပျက်စီး လိမ့်မယ်” ဟုပြောပြီး မကြာခင်မှာပဲ ဒုံးကျည်အချို့သည်ဆည်အနီးသို့ကျ
ရောက်ခဲ့သည်ဟုအာဖဂန်တိုင်းမ်သတင်းစာက ဖော်ပြသည်……..

Salma ဆည်သည် ၎င်းဆည်၏ရေလှောင်ကန်ကို အာဖဂန်ပြည်သူများ မှီခိုနေရသဖြင့် Salma ဆည် ပျက်စီးသွားလျှင်အာဖဂန်နိုင်ငံသားအများအပြား
ဆုံးရှုံးနစ်နာလိမ့်မည်ဟုဆိုသည်……..

တာလီဘန်ပြောရေးဆိုခွင့်ရှိသူ Zabihullah Mujahid က “Salma ဆည်ကိုငါတို့လုံးဝမပစ်ခဲ့ဘူး” ဟုပြောခဲ့သည်…….

Salma ဆည်သည် Chesht ခရိုင်အနီး Harirod မြစ်၏အထက်ပိုင်းတွင် တည်ရှိသည်……

၎င်းသည်အမြင့် ၁၀၇ မီတာနှင့်အရှည် ၅၅၀ မီတာ ရှိသည်…….

အာဖဂန်-အိန္ဒိယချစ်ကြည်ရေးဆည်သည် အာဖဂန်နစ္စတန်ပြည်သူများ အတွက်ရေရရှိရေး နှင့်အခြားအကျိုးကျေးဇူးများအပြင် ၄၂ မဂ္ဂါဝပ်
ထုတ်လုပ်ရန်စီစဉ်ထားသောဘက်စုံသုံးစီမံကိန်းဖြစ်သည်ဟု သိရသည်

Be the first to comment on "တာလီဘန်တွေက ဆည်ကိုပစ်ဖောက်ပြီး ရေမြုပ်ပစ်ဖို့ကြံစည်"

Leave a comment

Your email address will not be published.


*