တစ်ပတ်စာ ၇ရက်သားသမီးဟောစာတမ်း – 5.8.2021 မှ 11.8.2021 အထိ

တနင်္ဂနွေ

မိမိအတွက်တွေဝေဒွိဟဖြစ်စရာများ ၊ဆုံးဖြတ်ရခက်စရာများကြုံရတတ်ပါတယ်။ ခရီးတွေလဲသွားရတတ် ပါတယ်။ မိမိကို လုပ်ဖော်ကိုင်ဖက်တွေက အထင်လွဲနေပါလိမ့်မယ်။ မိမိလုပ်စရာရှိတာ ရဲရဲရှေ့တိုးဆောင်ရွက်ပါ။ သားသမီးရှိရင်လဲ ဆိုဆုံးမရခက်နေပါလိမ့်မယ်။ မိမိအနေနဲ့ အေးအေးဆေးဆေးပဲပြောဆိုဆုံးမပေးပါ။စိတ်လိုက် မာန်ပါမလုပ်ပါနဲ့။ အိမ်တွင်းရေးအနေနဲ့က အမွေကိစ္စနဲ့ပတ်သက်ပြီး ပြဿနာပေါ်ရတတ်ပါတယ်။ ဝေးကွာနေတဲ့ မိတ်ဆွေတွေနဲ့ လဲ ပြန်လည်ဆုံဆည်းရမှာပါ။

တရားဘာဝနာအားထုတ်နေတဲ့သူတွေအနေနဲ့လဲ တရားထူးရလာပါ လိမ့် မယ်။ လူမှုရေးကံအထူးကောင်းမွန်နေမဲ့အချိန်ပါပဲ။ ကိုယ်စိတ်နှစ်ပါး ပင်ပန်းနေမည်။ အခက်အခဲပြဿနာများ ရင်ဆိုင်ဖြေရှင်းရမည်။ သူများငွေကြောင့်ဒုက္ခရောက်တတ်သည်။ ကြားကအာမခံပေးတာမျိုးမလုပ်ပါနဲ့။ သူများငွေ ခဏ သိမ်းခိုင်းတာမျိုး ၊အဖွဲ့အစည်းကငွေတွေခဏသိမ်းခိုင်းတာမျိုးတွေ လက်မခံပါနှင့် ။အလုပ်ပြောင်း၊နေရာ ပြောင်း၊ ဌာနပြောင်း ၊အိမ်ပြောင်းဆိုတာမျိုးတွေလဲကြုံရတတ်ပါတယ်။

ဒီကာလထဲ ရွှေဝယ်တာမျိုး မလုပ်ပါနဲ့။ လာဘ်ပိတ်သွားတတ်လို့ပါ။သားသမီးကိစ္စအထူးပူပန်ရတတ်တယ်။ လူငယ်တွေချစ်သူရဲ့ဥပက္ခာပြုခြင်းခံရတတ်ပါ တယ်။ ကျန်မားရေးအနေနဲ့ ကိုယ်လက်မအီမသာဖြစ်တာ ၊သွေးတိုးတာလေးလံထိုင်းမှိုင်းနေတာမျိုး ကြုံရပါလိမ့် မယ်။

အကျိုးပေးဂဏန်း -ဝ၊၇၊၆ အထူးဟော -မလုပ်ချင်မကိုင်ချင်ဖြစ်နေမည်။ ယတြာ -ပေါင်မုန်ဝယ်ပြီး ငါးစာကျွေးလိုက်ပါ။

တနင်္လာ

ကံကောင်းခြင်းတွေ အလှည့်ကျလာတဲ့ ၇ရက်တာအချိန်အခါလေးပါပဲ။ လုပ်သမျှအဆင်ပြေခြင်း၊ ကြံစည် သမျှ အောင် မြင်ခြင်း၊ ပြောသမျှသြဇာညောင်းခြင်းမျိုးတွေ ကြုံရမှာပါ။အနာဂတ်အတွက် targetသစ်တွေစတင် ချမှတ်လို့ကောင်းပါပြီ။ ရေရှည်စီမံလုပ်ကိုင်ရမဲ့ အလုပ်တွေကို ယခုအချိန်စတင်ခြင်းဖြင့် ခိုင်မာတဲ့ လုပ်ငန်းတစ်ခု အနေနဲ့ အခြေတည်လာပါလိမ့်မယ်။

အလှူအတန်းကိစ္စများ ဘာသာရေးနဲ့ ပတ်သက်သော ကိစ္စများတွင် ဝင်ရောက် လုပ်ကိုင်ပေးရတတ်တဲ့အချိန်ပါပဲ။ ရွှေငွေလက်ဝတ်ရတနာတွေလဲဝင်လာတတ်ပါတယ်။ သားသမီးရှိရင် သားသမီး ကြောင့် မိဘတွေဂုဏ်တတ်မဲ့အချိန်ပါ။လုပ်ငန်းစီးပွား အထူးကောင်းမဲ့ကာလပါ။ လုပ်ငန်းသစ်စတင်ခြင်း၊ လုပ်ငန်းချဲ့ ထွင် ခြင်းပြုလုပ်လို့ကောင်းတဲ့အချိန်ပါပဲ။ အလုပ်မှာနေရာကောင်းရလွယ်တယ်။

ရာထူးတိုးပြီး အလုပ်နေရာပြောင်း ပြီး တာဝန်ထမ်းဆောင်ရတတ်တယ်။ မိမိအားကူညီမဲ့သူတွေအနားမှာရှိမဲ့ကာလပါ။ မိမိသြဇာညောင်းမဲ့အချိန်တွေ ပေါ့။ ကောင်းသောခရီးတွေသွားရတတ်တယ်။ ကုသိုလ်တရားတွေလဲ စိတ်ပါလက်ပါလုပ်ဖြစ်နေလိမ့်မယ်။ လူငယ် တွေ ကတော့ ချစ်သူအချင်းချင်းအထင်လွဲမဲ့ကာလပါ။ အိမ်ထောင်သည်တွေကတော့ စုတ်ရော ၊လာဘ်ရောဝင်တတ် တဲ့အတွက် သတိထားပါ။အိမ်တွင်းမှာငွေကုန်ကြေးကျများမဲ့ ကာလတစ်ခုပါ။ကျနးမာရေးအညံ့ရှိပေမဲ့ အရမ်းစိုးရိမ် ဖို့မလိုသေးပါ။

အကျိုးပေးဂဏန်း-၆၊၃၊ဝ /အထူးဟော -ကံကောင်းနေမည်။ ယတြာ -ပုစွန်ဟင်းချက်ပြီး ဘုရားရှင်ကိုဆွမ်းကပ်ပါ

အင်္ဂါ

ဒီကာလဟာ ဇာတာရှင်အတွက်အကောင်းဘက်ကို အလေးသာတဲ့ ကာလပါပဲ။ စိတ်ကူးထဲမှာရောလက်တွေ့ မှာ ရော မျော်လင့်ထားတာလေးတွေ ဖြစ်လာပါလိမ့်မယ်။ မိမိနဲ့အတူတူ လုပ်ကိုင်နေတဲ့လုပ်ဖော်ကိုင်ဖက်တွေက မိမိကိုအချစ်ပိုလာတတ်ပါတယ်။ အလုပ်မှာ ရာထူးတိုးခြင်း ၊နေရာကောင်းရခြင်းမျိုးကြုံ ရပါလိမ့်မယ်။ ပုဂ္ဂိုလ်ထူး တွေရဲ့ အိပ်မက်မက်ပေးခြင်းမျိုးကြုံ ရပါက ထီထိုးလိုက်ပါ။

ငွေအစုလိုက်ဝင်မဲ့ နိမိတ်မို့ပါ။စူးစမ်းလေ့လာရမဲ့ အလုပ်များ၊ဖောက်ထွက်ပြီးလမ်းသစ်ထွင်ရမဲ့အလုပ်များအထူးကောင်းမွန်ချိန်ပါပဲ။ဘာကိစ္စကိုမှအလောတကြီးမလုပ် ဘဲ ဖြေးဖြေးမှန်မှန်လုပ်ခြင်းဖြင့် အောင်မြင်မှုတွေရယူနိုင်ပါလိမ့်မယ်။အထည်၊ထီး၊ဖိနပ်ဝင်မဲ့ကာလပါ။ အချစ်ရေး မှာစန်းပွင့်နေတဲ့အတွက် ယုန်ကမတိုး ပိုက်ကတိုးတဲ့အခြေအနေမျိုးကြုံရနိုင်ပါတယ်။ ကံကောင်းနေတာတစ်ခုက ချစ်သူကစိတ်ကောက်နေတာ၊ အထင်လွဲနေတာမျိုး ရှိရင်တော့ ဖြေရှင်းနိုင်ပါလိမ့်မယ်။

လက်စမသတ်ရသေးသော ကိစ္စများ၊ အလုပ်ကြွေးများ ဒီအချိန်မှာ ပြီးဆုံးအောင်လုပ်နိုင်မဲ့ကာလပါပဲ။ ကိုယ်ပိုင်အလုပ်လုပ်နေတဲ့သူများအဖို့ အလုပ် ထဲငွေထပ်မထည့်သင့်သေးတဲ့ကာလပါ။ လင်မယားချင်း အလုပ်ကိစ္စနဲ့ပတ်သက်ပြီးစကားများရမည်။ ကျန်းမာရေးကတော့ ဒီကာလထဲမှာ အနည်းငယ်ညံ့နေတယ်လို့မြင်ပါတယ်။ အိမ်ရေးမပျက်စေနဲ့။ ကိုယ်ခံအားမကျ ပါစေနဲ့။

အကျိုးပေးဂဏန်း -၃၊၂၊ဝ အထူးဟော- ပုံမှန်အတိုင်းရှေ့တိုးဆောင်ရွက်ပါ။ ယတြာ -မျက်နှာသစ်ပြီးတိုင်း အရပ်ဆယ်မျက်နှာရည်မှန်းမေတ္တာပို့ပါ

ဗုဒ္ဓဟူး၊ရာဟု

အလုပ်သစ်စတင်ခြင်း ၊ဆိုင်အသစ်စဖွင့်ခြင်း၊အိမ်အသစ်စတင်ဆောက်ခြင်းတွေ မလုပ်သင့်သေးတဲ့ကာလ ပါပဲ။ အလုပ်ထဲမှာ ရန်ပေါ်တတ်တယ်။အထက်လူကြီး ငြိုငြင်မယ်။ကိုယ်ကစေတနာနဲ့ လုပ်လိုက်ပေမဲ့ ဝေဒနာ ဖြစ် သွားတတ်တဲ့ကာလပါပဲ။ ဘာကြောင့်မှန်းမသိ အလိုလိုနေရင်းစိတ်ညစ်နေရတတ်ပါတယ်။ ဘာလုပ်ရမှန်းမသိဘဲ စိတ်လေနေတာမျိုးလဲဖြစ်တတ်တယ်နော်။

ဒီကာလမှာ အနေအထိုင်မဆင်ခြင်တာနဲ့ ကျန်းမာရေး ခြူ ခြာတော့ တာ ပါပဲ။ မိုးမိတာမျိုး အရမ်းပင်ပန်းအောင်အလုပ်လုပ်လိုက်တာမျိုးရှောင်စေချင်ပါတယ်။ အိပ်ရေးလဲအပျက်မခံပါ နဲ့။ မိမိမှာရှိတဲ့ စက်ပစ္စည်းတွေခဏခဏပျက်နေရလိမ့်မယ်။ စက်ပစ္စည်းအသစ်တွေလဲမဝယ်ပါနဲ့။ ဒီကာလဟာ ဘာသာတရားကို လေးလေးနက်နက်လုပ်ခြင်းဖြင့်ကံကောင်းမှုတွေရှိလာမှာပါ။ အနီးကပ်လူရင်းတွေက ဒုက္ခပေးတတ်ပါ တယ်။

အရမ်းရင်းနှီးတဲ့မိတ်ဆွေတွေနဲ့ခွဲခွာရ တတ်ပါ တယ်။ခရီးကိစ္စကြုံလာပါက သွားလိုက်ပါ။ ကံတွေမြင့်လာ ပါလိမ့် မယ်။ကျန်းမာရေးအနေနဲ့ ခေါင်းကိုက် ၊ခေါင်းမူး၊အာရုံကြောအားနည်းခြင်းတွေဖြစ်လိမ့်မယ်။ အချစ်ရေးမှာ မတင်မကျနဲ့ ဆုံးဖြတ်ရခက်ရတာမျိုးကြုံလိမ့်မယ်။ အိမ်ထောင်ရေးကတော့တစ်ယောက်ကိုတစ်ယောက် ဖေးဖေး မမနဲ့ သာယာတဲ့အိမ်ထောင်ရေးဖြစ်ပါလိမ့်မယ်။

အကျိုးပေးဂဏန်း -၃၊၆၊၅ အထူးဟော -ကံအညံ့ထဲရောက်နေသည်။ ယတြာ -ကလေးတစ်ယောက်အား ကစားစရာ အရုပ်တစ်ခုဝယ်ပေးလိုက်ပါ။

ကြာသပတေး

ဒီကာလဟာ ငွေအထွက်များနေတတ်တဲ့ကာလပါပဲ။ အိမ်အတွက် ဝယ်စရာတွေရှိတဲ့အတွက် ငွေကုန်ရခြင်း မျိုးပါပဲ။ အိမ်ထောင်ရေး အိမ်တွင်းရေးတော့ အထူးသတိထားရပါလိမ့်မည်။ လင်မယားချင်း စကားများရတတ်တဲ့ ကာလမို့ပါပဲ။ မိသားစုအတွင်းအောက်လက်ငယ်သားတွေကြောင့် စိတ်ညစ်စိတ်ရှုပ်ရတတ်ပါတယ်။ ခရီးရှည်သွား ဖို့ကိစ္စများ ရှိရင်ပျက်သွားတတ်ပါတယ်။ မိမိရဲ့ အဖိုးတန်ပစ္စည်းအသုံးအဆောင်များကို လွယ်လင့်တကူမထားပါနဲ့ ။

သူခိုးခိုးခံရတတ်လို့ပါပဲ။ခရီးသွားအလုပ်တွေ၊ စပ်တူအလုပ်တွေ၊ အုပ်စုဖွဲ့လုပ်ကိုင်ရတဲ့အလုပ်တွေနဲ့ပတ်သက်ပြီး သောကရောက်ရတတ်တယ်။ သားသမီးကြောင့်စိတ်ဆင်းရဲရလိမ့်မယ်။ဒီကာလအတွင်းအထူးသတိပြုရမှာကတော့ ကျန်းမာရေးပါ။ ဝမ်းပျက်စာတွေလုံးဝမစားပါနဲ့။အစားမှားတာနဲ့ ဝမ်းပျက် ဝမ်းလျောဖြစ်မယ်။ဗိုက်အောက် ၊ဗိုက်နာ ဖြစ်မည်။အချစ်ရေးကိစ္စတော့အဆင်ပြေချောမွေ့နေမဲ့ကာလပါ။ချစ်သူမရှိသေးသူများချစ်သူသစ်ရလိမ့်မယ်။

ကိုယ် ရည်မှန်းထားသူက ကိုယ့်ကိုဖွင့်ပြောလာတတ်ပါတယ်။အထူးသဖြင့်ဒီကာလမှာလုံးဝငွေမချေးပါနဲ့။ဆုံး တတ် ပါ တယ်။ ကြီးမားတဲ့ငွေကြေးမြုပ်နှံမှုတွေမလုပ်ပါနဲ့အုံး။ ငွေမြုပ်ရင်ဖော်ရခက်ခဲကာလပါပဲ။ ကိုယ့်ငွေနဲ့ ကိုယ် စိတ်ဆင်း ရဲရတတ်ပါတယ်။

အကျိုးပေးဂဏန်း -၅၊၄၊၈ အထူးဟော -ငွေကြေးကိုသေချာစီမံခန့်ခွဲပါ။ ယတြာ -အားတဲ့တစ်ရက်မှာအိမ်ကဘုရားကိုရေသပ္ပါယ်ခြင်း၊ဘုရားဆောင်သန့်ရှင်းရေးလုပ်ပါ

သောကြာ

မိမိကို ဒုက္ခပေးနဲ့သူတွေရှိသလို မိမိကိုကူညီမဲ့သူတွေလဲရှိမဲ့ကာလပါ။ မိမိဘက်ကမှန်အောင်နေပါ။အရာ အားလုံးဖြေရှင်းပြီးသားဖြစ်သွားမှာပါ။ ဖခင်ရဲ့ ကူညီထောက်ပံ့ခြင်းတွေလဲ ရလာမဲ့အချိန်ပါပဲ။ အလုပ်ထဲမှာ လူကြီး တွေရဲ့ အရေးပေးခြင်းမျိုးခံရပါလိမ့်မယ်။ ကိုယ်ပိုင်စီးပွားရေးသမားများ ဖောက်သည်သစ်တိုးခြင်း လုပ်ငန်းချဲ့ထွင်နိုင် ခြင်းမျိုးရှိပါလိမ့်မယ်။ ဝန်ထမ်းများ အနေနဲ့လဲ အလုပ်ထဲမှာ မိမိပြောစကားများအောင်မြင်မဲ့အချိန် ပါ။

ကံကြမ္မာ ကောင်း နိမိတ်ကောင်းတွေရမဲ့နေ့ပါပဲ။ ရေရှည်စီမံကိန်းတွေချမှတ်သင့်တဲ့နေ့ဖြစ်သလို ၊အဓိဌာန်စတင်ဝင်ရောက် မဲ့သူ တွေအတွက် အကောင်းဆုံးကာလပါပဲ။စတင်တရားအားထုတ်မဲ့သူတွေအတွက် တရားရဖို့ အထောက်အပံ့ ကောင်းရ စေတဲ့အချိန်ပါပဲ။ စီးပွားရေး လူမှုရေးအထူးကောင်းမယ်။ လုပ်သမျှအဆင်ပြေနေမယ်။ စိတ်ချမ်းသာရ မယ်။အရမ်းရင်းနှီသူတွေရဲ့ခွဲခွာရလိမ့်မယ်။အိမ်ထောင်ရေးသာယာမှုနည်းတဲ့အချိန်ပါပဲ။

ဖခင်ကျန်းမာရေးအထူးဂရုစိုက်ရလိမ့်မယ်။ အလုပ်ထွက်ချင်စိတ်ဖြစ်နေတဲ့ဝန်ထမ်းများအဖို့ မထွက်ပါနဲ့အုံး။ ပိုဆိုးသွားတတ်ပါတယ်။အချစ်ရေး မှာတော့ချစ်သူထံကအကူအညီတွေအထူးရလာတတ်ပါတယ်။ ကျန်းမာရေးအနည်းငယ်အားနည်းတတ်ပါတယ်။ ဦးနှောက်၊အာရုံကြောနှင့်နှလုံးအားနည်းတတ်ချိန်ပါ။

အကျိုးပေးဂဏန်း -၆၊၃၊၂ အထူးဟော အလုပ်ကံမြင့်နေသည်။ ယတြာ ကန်စွန်းဥပြုတ် ဘုရားကပ်ပါ

စနေ

လုပ်သမျှတွေဟာ အထစ်အငေါ့လေးတွေဖြစ်ပြီးမှအဆင်ပြေရတတ်ပါတယ်။ ကြံစည်လိုက်တဲ့ကိစ္စတိုင်း လုပ်ကိုင်ဆောင်ရွက်လိုက်တဲ့ ကိစ္စတိုင်း အတားအဆီးကြုံရတတ်ပါတယ်။ မိတ်ဆွေတွေ လုပ်ဖော်ကိုင်ဖက်တွေရဲ့ မနာလိုချောက်ချခြင်းကို ခံရမဲ့အချိန်ပါပဲ။ ဘယ်သူစကားပြောပြော သတိလေးကပ်ထားပါ။စကားအမှားတွေကြောင့် ပြဿ နာအကြီးအကျယ်တတ်ရပါလိမ့်မယ်။

အသံကြောင့်ဖားသေဆိုတာမျိုးပေါ့။ ခရီးရှည်သွားဖို့ရှိရင် ရက်ရွှေ့ လိုက်ပါ။ အထူးသဖြင့် ရေလမ်းခရီးဆို မသွားတာအကောင်းဆုံးပါပဲ။ အုပ်စုဖွဲ့ ပြဿ နာရှာခြင်းကြုံရတတ်သည်။ မိသားစုအတွင်းသဘောထားကွဲလွဲမည်။ အိမ်ထောင်ရေးသောက ကြီးကျယ်စွာကြုံရမည်။ အိုးအိမ်နေရာထိုင်ခင်း ကိစ္စကြောင့် စိတ်ညစ်ရမည်။ အမွေကိစ္စ မြေကိစ္စနဲ့ပတ်သက်ပြီးစကားပြောရမည်။ အထက်လူကြီးငြိုငြင်တာခံရ မည်။

အဖေ့ဘက်ကအမျိုးတွေဒုက္ခပေးလိမ့်မည်။ ပညာရေးကိစ္စ ညံ့နေသည်။ စာမေးပွဲကိစ္စ ၊အင်တာဗျူးကိစ္စ အဆင် မပြေကြုံမည်။ မိမိအကျိုးစီးပွားမလုပ်ရဘဲ သူတစ်ပါးကိစ္စ လူမှုရေးကိစ္စတွေနဲ့အချိန်ကုန်နေတတ်သည်။ ကျန်းမာ ရေး ကတော့ကောင်းနေမှာပါ။ ချစ်သူနဲ့ဝေးဝေးနေသင့်တဲ့ကာလပါ။တွေ့တာနဲ့စကားများရတတ်တယ်။

အကျိုးပေးဂဏန်း- ၁၊၂၊၆ အထူးဟော -ဗျာများရမည် ယတြာ -မိမိအိမ်ရှေ့လမ်းမှာ ငွေ ၅၀၀ခန့်ပံ့သကူပစ်ပါ

၇ရက်သားသမီးအပေါင်း ရန်သူမျိုးငါးပါးဘေးနှင့် ကပ်၃ပါးဘေးမှ ကင်းဝေးနိုင်ကြပါစေ

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ) 0977 5555 695 09 44 5555 695

Be the first to comment on "တစ်ပတ်စာ ၇ရက်သားသမီးဟောစာတမ်း – 5.8.2021 မှ 11.8.2021 အထိ"

Leave a comment

Your email address will not be published.


*