ကမာၻမွာ ကိုဗစ္ကာကြယ္ေဆး စရလာခ်ိန္ ျမန္မာႏိုင္ငံမွာလည္း ေရွ႕ႏွစ္ ဧၿပီ၊ ေမ၊ ဇြန္လေလာက္ထက္ ပိုအေစာဆံုးရႏိုင္ေအာင္နဲ႔ ထိေရာက္ေအာင္ ႀကိဳးစားေနတယ္လို႔ အမ်ိဳးသားအဆင့္ ကာကြယ္ေဆးထိုးလုပ္ငန္းဆိုင္ရာ အႀကံေပးအဖြဲ႔ ဒုဥကၠ႒က ေျပာလိုက္ပါတယ္။ ကမာၻ႔က်န္းမာေရးအဖြဲ႔ အေရွ႕ေတာင္အာရွေဒသႀကီး ကာကြယ္ေဆးဆိုင္ရာ နည္းပညာအႀကံေပးအဖြဲ႔ရဲ႕ ျမန္မာႏုိင္ငံက တဦးတည္းေသာ အဖြဲ႔ဝင္လည္းျဖစ္တဲ့ အၿငိမ္းစားပါေမာကၡ ေဒါက္တာေစာဝင္းကို ဒီကာကြယ္ေဆး အေစာဆံုး ဘယ္ေတာ့ရႏိုင္မလဲလို႔ ကိုဝင္းမင္းက ေမးရာမွာ ခုလိုစရွင္းျပပါတယ္။
ေဒါက္တာေစာဝင္း – “အဲဒါကေတာ့ က်ေနာ္တုိ႔လည္း ေလာေလာဆယ္ေတာ့ မွန္းဆခ်က္ပဲရွိေသးတယ္။ ဘာလို႔လဲဆုိေတာ့ က်ေနာ္တုိ႔အေနနဲ႔ တခုကေတာ့ COVAX Facility လို႔ေခၚတာေပါ့၊ ဒီ ကမၻာ့က်န္းမာေရးအဖြဲ႔၊ ေနာက္ Gavi လို႔ေခၚတဲ့ ကာကြယ္ေရးဆုိင္ရာ မဟာမိတ္အဖြဲ႔ေပါ့၊ အဲဒီအဖြဲ႔ႀကီးေတြက ရဖို႔မွန္းဆထားတာေတာ့ ၂၀၂၁ ရဲ႕ ဒုတိယသုံးလပတ္ေလာက္မွာ က်ေနာ္တို႔လုိ ႏုိင္ငံေတြကို လူဦးေရရဲ႕ ၃ ရာခုိင္ႏႈန္း ေပးႏုိင္မယ္ေပါ့။
ႏွစ္မကုန္ခင္မွာ ေနာက္ထပ္ ၁၇ ရာခုိင္ႏႈန္း ေပးၿပီးေတာ့ ၂၀၂၁ အကုန္မွာေတာ့ ကမၻာ့လူဦးေရရဲ႕ ၂၀ ရာခုိင္ႏႈန္းက ကာကြယ္ေဆးထုိးၿပီးသား ျဖစ္ရမယ္လို႔ မွန္းဆထားပါတယ္။ ေနာက္နည္းတလမ္းကေတာ့ ႏုိင္ငံအခ်င္းခ်င္း ဆက္သြယ္ၿပီးေတာ့ သူတုိ႔ႏုိင္ငံကထုတ္တဲ့ ကာကြယ္ေဆးေတြ ဝယ္တာေပါ့။ ေနာက္တခုကေတာ့ ပုဂၢလိက ကုမၸဏီေတြက ကာကြယ္ေဆးေတြ သြင္းလာၿပီးေတာ့ ျဖန္႔ျဖဴးတာလည္း ရွိႏုိင္ပါတယ္။”
ကုိဝင္းမင္း – အဲဒီရမယ့္ ၃ ရာခုိင္ႏႈန္းနဲ႔ က်ေနာ္တုိ႔ႏုိင္ငံက တႏုိင္ငံခ်င္း ဝယ္တာေရာ၊ ေနာက္ ပုဂၢလိကက သြင္းတာေရာက ဘယ္ေလာက္ေလာက္ အေစာဆုံးထုိးႏုိင္မယ့္ကာလမွာ မွန္းလို႔ရမလဲ၊ ဧၿပီ၊ ေမ၊ ဇြန္ေပါ့။
ေဒါက္တာေစာဝင္း – “ခုန COVAX ကရမွာ ၂၀ ရာခုိင္ႏႈန္းေပါ့၊ အဲ့ေတာ့ က်ေနာ္တုိ႔က ေနာက္ထပ္ ၂၀ ရာခုိင္ႏႈန္း ထပ္ဝယ္ဖို႔ စိတ္ကူးထားပါတယ္။ ၂၀၂၁ ကုန္မွာ ၄၀ ရာခုိင္ႏႈန္းေပါ့။ ခုနေျပာတဲ့ Government to Government ဝယ္တာတုိ႔၊ ပုဂၢလိက သြင္းတာတုိ႔ေတာ့ ေလာေလာဆယ္ က်ေနာ္တို႔ မွန္းဆလို႔ မရေသးပါဘူး။ ႏုိင္ငံအမ်ားစုက လုိခ်င္တာကုိး။ သုိ႔ေသာ္ တတ္ႏုိင္သေလာက္ ေစာေအာင္ေတာ့ လုပ္ခ်င္ပါတယ္။”
ကိုဝင္းမင္း – ေရွ႕ႏွစ္ ဒုတိယသုံးလပတ္ ဧၿပီ၊ ေမ၊ ဇြန္မွာ ေသခ်ာသေလာက္ရွိတာက လူဦးေရရဲ႕ ၃ ရာခုိင္ႏႈန္းဆုိေတာ့ အဲဒါကို အထိေရာက္ဆုံးျဖစ္ေအာင္။
ေဒါက္တာေစာဝင္း – “ေသခ်ာသေလာက္ရွိပါတယ္။ က်ေနာ္တို႔က ဦးစားေပး အစီအစဥ္ေလးေတြ ဆြဲထားရပါတယ္။ ဦးစားေပးထားတာေတာ့ က်န္းမာေရးဝန္ထမ္းေတြေပါ့၊ အစုိးရဝန္ထမ္းေရာ၊ ပုဂၢလိကေတာ့ နည္းနည္းေလး ေနာက္က်မယ္။ ၿပီးေတာ့ ေစတနာ့ဝန္ထမ္းေတြ၊ ကုိဗစ္ကာကြယ္ေရးနဲ႔ ပတ္သက္လို႔ အဓိကလုပ္ေနရတဲ့ လူေတြေပါ့။ အႏၱရာယ္အရွိဆုံးလူေတြကုိ အရင္ထုိးမယ္။
အဲဒီေနာက္မွာေတာ့ ေရာဂါပုိးဝင္ရင္ ျပႆနာတက္ႏုိင္တဲ့ ၆၅ ႏွစ္အထက္ေတြကို စထုိးမယ္၊ ဒီ ပထမ ၃ ရာခုိင္ႏႈန္းက။ တကယ္လို႔ ဒီ ၃ ရာခုိင္ႏႈန္းက ၆၅ ႏွစ္အထက္ကလည္း ျမန္မာတျပည္လုံးဆုိရင္ေတာ့ ေတာ္ေတာ္ရွိတာကုိး။ အဲလို ဦးစားေပးအစီအစဥ္ ဆြဲရမယ္ဆုိရင္ေတာ့ အျဖစ္မ်ားတဲ့ ျပည္နယ္ တုိင္းေတြကို ဦးစားေပးရမွာေပါ့။ အခုအေျခအေနဆုိရင္ေတာ့ ရန္ကုန္တုိ႔ မႏၱေလးတုိ႔က ဦးစားေပးထဲမွာ ပါမွာေပါ့။
ေနာက္တဆင့္တဆင့္ဆီကေတာ့ အသက္ႀကီးၿပီးေတာ့ ဒီ့ထက္ အသက္ငယ္တဲ့ဆီ ဆင္းသြားမယ္။ ေနာက္ Comorbidity လုိ႔ေခၚတဲ့ ဆီးခ်ဳိ၊ ေသြးတုိးရွိတဲ့လူေတြ၊ ဒီ့ထက္ငယ္ေပမယ့္ အဲဒါမ်ဳိးရွိတဲ့လူေတြ၊ ေနာက္ အလုပ္သမားေတြ မလုပ္မျဖစ္ တာဝန္ယူရတဲ့လူေတြ၊ အမ်ားနဲ႔ ထိေတြ႔ဆက္ဆံရတဲ့လူေတြ၊ အဲဒီ အစီအစဥ္ ဆြဲထားၿပီးသား ရွိပါတယ္။”
ကိုဝင္းမင္း – ေရွ႕ႏွစ္အကုန္က်ရင္ ျဖစ္လာဖို႔မ်ားတဲ့ အဲဒီ ၄၀ ရာခုိင္ႏႈန္းကေရာ စုစုေပါင္း ထိေရာက္မႈအေနအထား။
ေဒါက္တာေစာဝင္း – “ထိေရာက္ပါတယ္။ ဘာလို႔လဲဆုိေတာ့ ၄၀ ရာခုိင္ႏႈန္းဆုိတာ ဒီလို က်ေနာ္တုိ႔ဆီမွာ ဒီေဆးေတြက ၁၈ ႏွစ္ေအာက္ေတြကို ထုိးဖို႔ Recommend မလုပ္ထားဘူး။ ၁၈ ႏွစ္ေအာက္က က်ေနာ္တုိ႔ဆီမွာ ၃၃ ရာခုိင္ႏႈန္းေလာက္ရွိတယ္။ အဲ့ေတာ့ က်န္တာ ၆၇ ရာခုိင္ႏႈန္းေပါ့။ က်ေနာ္တုိ႔က ၄၀ ဆိုတာ ခုန Government က သြင္းမယ္၊ ပုဂၢလိက သြင္းတာေတြ ရွိတယ္ဆုိရင္လည္း ဒီထက္ မ်ားလာၿပီးေတာ့ ၂၁ ခုႏွစ္အကုန္မွာ ၁၈ ႏွစ္ေအာက္မပါဘဲ က်န္တဲ့ ၆၇ ရာခုိင္ႏႈန္း ျပည့္သြားႏုိင္ပါတယ္။ ေတာ္ေတာ္မ်ားမ်ား အကာအကြယ္ရမွာပါ။ ဒီေရာဂါရဲ႕ သဘာဝက Herd Immunity လုိ႔ ေခၚတာေပါ့ေနာ္၊ လူဦးေရရဲ႕ ၇၀ ရာခုိင္ႏႈန္းေလာက္ ရလို႔ရွိရင္ ကူးစက္မႈကို ျဖတ္ေတာက္ႏုိင္မယ္လို႔ ေမွ်ာ္လင့္ထားတယ္။”
ကုိဝင္းမင္း – အေစာဆုံး အခုကေနစရင္ ၄ လကေန စထုိးႏုိင္ဖုိ႔။
ေဒါက္တာေစာဝင္း – “၄ လဆုိတာ ေနာက္အက်ဆုံးျဖစ္မယ္လို႔ထင္တယ္။ က်ေနာ့္အျမင္ေတာ့ COVAX ကလာတာက ေနာက္အက်ဆုံးေလာက္ ျဖစ္ႏုိင္ပါတယ္။ ၾကားထဲမွာေတာ့ ဒီ့ျပင္နည္းလမ္းေတြလည္း လာႏုိင္ပါတယ္။”
ကိုဝင္းမင္း – အဲ့ေတာ့ ကာကြယ္ေဆးထုိးဖို႔အတြက္ေရာ ျမန္မာႏုိင္ငံက အဆင္သင့္ျဖစ္ရဲ႕လား။
ေဒါက္တာေစာဝင္း – “ျဖစ္ပါတယ္။ က်ေနာ္တို႔ႏုိင္ငံက ကာကြယ္ေဆးနဲ႔ ပတ္သက္လို႔ေတာ့ ေနာက္မက်လွဘူးလို႔ ဆုိရမွာေပါ့။ လူဦးေရ သန္းေပါင္း ၁၃ သန္း၊ ၁၄ သန္း ထုိးထားတဲ့အေတြ႔အႀကဳံေတြ ရွိၿပီးသားျဖစ္ပါတယ္။ ေနာက္ကာကြယ္ေဆးဆုိင္ရာ အေအးလမ္းေၾကာင္းဆုိလည္း AstraZeneca ေအာက္စ္ဖုိ႔ဒ္တကၠသိုလ္ေဆးမ်ဳိး ဆုိရင္ ရွိၿပီးသား ကာကြယ္ေဆး အေအးလမ္းေၾကာင္းနဲ႔ အဆင္ေျပပါတယ္။
Pfizer လုိဟာမ်ဳိးက်ရင္ေတာ့ အေအးလမ္းေၾကာင္းအသစ္ကုိ Minus Degree ရတဲ့ဟာမ်ဳိး Ultra-Cold Chain လုိ စၿပီးေတာ့ တည္ေဆာက္ရမွာပါ။ အဲဒီအတြက္လည္း Technial Assistance, Financial Assistance ေတြကို တင္ထားၿပီးသား ရွိပါတယ္။ အဲ့ေတာ့ မွတ္တမ္းမွတ္ရာ ျပႆနာေပါ့ေနာ္၊ က်ေနာ္တုိ႔ဆီမွာလည္း Electronic Records ေတြ သုံးလာတာရွိပါတယ္။ သူနာျပဳဆရာမေတြ အကုန္လုံးကို Tablet ေတြေပးထားၿပီး Standardize Message ေတြ အကုန္လုံး ေပးထားၿပီးသားရွိတယ္။ အခုလည္း ႏုိင္ငံေတာ္ေတာ္မ်ားမ်ားမွာ သုံးေနတဲ့ ကာကြယ္ေဆးဆုိင္ရာ ေဆာ့ဖ္ဝဲေပါ့၊ ထိုးၿပီးတဲ့လူကို တခါတည္း မွတ္သားထားၿပီးေတာ့ အၿမဲတမ္း Track လုပ္လို႔ရတဲ့ ေဆာ့ဖ္ဝဲမ်ဳိး က်ေနာ္တုိ႔ လုပ္ဖုိ႔ရွိပါတယ္။”
ကုိဝင္းမင္း – ဟုတ္ကဲ့၊ ေက်းဇူးအမ်ားႀကီးတင္ပါတယ္ဆရာ။
Unicode
ကမ္ဘာမှာ ကိုဗစ်ကာကွယ်ဆေး စရလာချိန် မြန်မာနိုင်ငံမှာလည်း ရှေ့နှစ် ဧပြီ၊ မေ၊ ဇွန်လလောက်ထက် ပိုအစောဆုံးရနိုင်အောင်နဲ့ ထိရောက်အောင် ကြိုးစားနေတယ်လို့ အမျိုးသားအဆင့် ကာကွယ်ဆေးထိုးလုပ်ငန်းဆိုင်ရာ အကြံပေးအဖွဲ့ ဒုဥက္ကဋ္ဌက ပြောလိုက်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အရှေ့တောင်အာရှဒေသကြီး ကာကွယ်ဆေးဆိုင်ရာ နည်းပညာအကြံပေးအဖွဲ့ရဲ့ မြန်မာနိုင်ငံက တဦးတည်းသော အဖွဲ့ဝင်လည်းဖြစ်တဲ့ အငြိမ်းစားပါမောက္ခ ဒေါက်တာစောဝင်းကို ဒီကာကွယ်ဆေး အစောဆုံး ဘယ်တော့ရနိုင်မလဲလို့ ကိုဝင်းမင်းက မေးရာမှာ ခုလိုစရှင်းပြပါတယ်။
ဒေါက်တာစောဝင်း – “အဲဒါကတော့ ကျနော်တို့လည်း လောလောဆယ်တော့ မှန်းဆချက်ပဲရှိသေးတယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့အနေနဲ့ တခုကတော့ COVAX Facility လို့ခေါ်တာပေါ့၊ ဒီ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ နောက် Gavi လို့ခေါ်တဲ့ ကာကွယ်ရေးဆိုင်ရာ မဟာမိတ်အဖွဲ့ပေါ့၊ အဲဒီအဖွဲ့ကြီးတွေက ရဖို့မှန်းဆထားတာတော့ ၂၀၂၁ ရဲ့ ဒုတိယသုံးလပတ်လောက်မှာ ကျနော်တို့လို နိုင်ငံတွေကို လူဦးရေရဲ့ ၃ ရာခိုင်နှုန်း ပေးနိုင်မယ်ပေါ့။
နှစ်မကုန်ခင်မှာ နောက်ထပ် ၁၇ ရာခိုင်နှုန်း ပေးပြီးတော့ ၂၀၂၁ အကုန်မှာတော့ ကမ္ဘာ့လူဦးရေရဲ့ ၂၀ ရာခိုင်နှုန်းက ကာကွယ်ဆေးထိုးပြီးသား ဖြစ်ရမယ်လို့ မှန်းဆထားပါတယ်။ နောက်နည်းတလမ်းကတော့ နိုင်ငံအချင်းချင်း ဆက်သွယ်ပြီးတော့ သူတို့နိုင်ငံကထုတ်တဲ့ ကာကွယ်ဆေးတွေ ဝယ်တာပေါ့။ နောက်တခုကတော့ ပုဂ္ဂလိက ကုမ္ပဏီတွေက ကာကွယ်ဆေးတွေ သွင်းလာပြီးတော့ ဖြန့်ဖြူးတာလည်း ရှိနိုင်ပါတယ်။”
ကိုဝင်းမင်း – အဲဒီရမယ့် ၃ ရာခိုင်နှုန်းနဲ့ ကျနော်တို့နိုင်ငံက တနိုင်ငံချင်း ဝယ်တာရော၊ နောက် ပုဂ္ဂလိကက သွင်းတာရောက ဘယ်လောက်လောက် အစောဆုံးထိုးနိုင်မယ့်ကာလမှာ မှန်းလို့ရမလဲ၊ ဧပြီ၊ မေ၊ ဇွန်ပေါ့။
ဒေါက်တာစောဝင်း – “ခုန COVAX ကရမှာ ၂၀ ရာခိုင်နှုန်းပေါ့၊ အဲ့တော့ ကျနော်တို့က နောက်ထပ် ၂၀ ရာခိုင်နှုန်း ထပ်ဝယ်ဖို့ စိတ်ကူးထားပါတယ်။ ၂၀၂၁ ကုန်မှာ ၄၀ ရာခိုင်နှုန်းပေါ့။ ခုနပြောတဲ့ Government to Government ဝယ်တာတို့၊ ပုဂ္ဂလိက သွင်းတာတို့တော့ လောလောဆယ် ကျနော်တို့ မှန်းဆလို့ မရသေးပါဘူး။ နိုင်ငံအများစုက လိုချင်တာကိုး။ သို့သော် တတ်နိုင်သလောက် စောအောင်တော့ လုပ်ချင်ပါတယ်။”
ကိုဝင်းမင်း – ရှေ့နှစ် ဒုတိယသုံးလပတ် ဧပြီ၊ မေ၊ ဇွန်မှာ သေချာသလောက်ရှိတာက လူဦးရေရဲ့ ၃ ရာခိုင်နှုန်းဆိုတော့ အဲဒါကို အထိရောက်ဆုံးဖြစ်အောင်။
ဒေါက်တာစောဝင်း – “သေချာသလောက်ရှိပါတယ်။ ကျနော်တို့က ဦးစားပေး အစီအစဉ်လေးတွေ ဆွဲထားရပါတယ်။ ဦးစားပေးထားတာတော့ ကျန်းမာရေးဝန်ထမ်းတွေပေါ့၊ အစိုးရဝန်ထမ်းရော၊ ပုဂ္ဂလိကတော့ နည်းနည်းလေး နောက်ကျမယ်။ ပြီးတော့ စေတနာ့ဝန်ထမ်းတွေ၊ ကိုဗစ်ကာကွယ်ရေးနဲ့ ပတ်သက်လို့ အဓိကလုပ်နေရတဲ့ လူတွေပေါ့။ အန္တရာယ်အရှိဆုံးလူတွေကို အရင်ထိုးမယ်။
အဲဒီနောက်မှာတော့ ရောဂါပိုးဝင်ရင် ပြဿနာတက်နိုင်တဲ့ ၆၅ နှစ်အထက်တွေကို စထိုးမယ်၊ ဒီ ပထမ ၃ ရာခိုင်နှုန်းက။ တကယ်လို့ ဒီ ၃ ရာခိုင်နှုန်းက ၆၅ နှစ်အထက်ကလည်း မြန်မာတပြည်လုံးဆိုရင်တော့ တော်တော်ရှိတာကိုး။ အဲလို ဦးစားပေးအစီအစဉ် ဆွဲရမယ်ဆိုရင်တော့ အဖြစ်များတဲ့ ပြည်နယ် တိုင်းတွေကို ဦးစားပေးရမှာပေါ့။ အခုအခြေအနေဆိုရင်တော့ ရန်ကုန်တို့ မန္တလေးတို့က ဦးစားပေးထဲမှာ ပါမှာပေါ့။
နောက်တဆင့်တဆင့်ဆီကတော့ အသက်ကြီးပြီးတော့ ဒီ့ထက် အသက်ငယ်တဲ့ဆီ ဆင်းသွားမယ်။ နောက် Comorbidity လို့ခေါ်တဲ့ ဆီးချို၊ သွေးတိုးရှိတဲ့လူတွေ၊ ဒီ့ထက်ငယ်ပေမယ့် အဲဒါမျိုးရှိတဲ့လူတွေ၊ နောက် အလုပ်သမားတွေ မလုပ်မဖြစ် တာဝန်ယူရတဲ့လူတွေ၊ အများနဲ့ ထိတွေ့ဆက်ဆံရတဲ့လူတွေ၊ အဲဒီ အစီအစဉ် ဆွဲထားပြီးသား ရှိပါတယ်။”
ကိုဝင်းမင်း – ရှေ့နှစ်အကုန်ကျရင် ဖြစ်လာဖို့များတဲ့ အဲဒီ ၄၀ ရာခိုင်နှုန်းကရော စုစုပေါင်း ထိရောက်မှုအနေအထား။
ဒေါက်တာစောဝင်း – “ထိရောက်ပါတယ်။ ဘာလို့လဲဆိုတော့ ၄၀ ရာခိုင်နှုန်းဆိုတာ ဒီလို ကျနော်တို့ဆီမှာ ဒီဆေးတွေက ၁၈ နှစ်အောက်တွေကို ထိုးဖို့ Recommend မလုပ်ထားဘူး။ ၁၈ နှစ်အောက်က ကျနော်တို့ဆီမှာ ၃၃ ရာခိုင်နှုန်းလောက်ရှိတယ်။ အဲ့တော့ ကျန်တာ ၆၇ ရာခိုင်နှုန်းပေါ့။ ကျနော်တို့က ၄၀ ဆိုတာ ခုန Government က သွင်းမယ်၊ ပုဂ္ဂလိက သွင်းတာတွေ ရှိတယ်ဆိုရင်လည်း ဒီထက် များလာပြီးတော့ ၂၁ ခုနှစ်အကုန်မှာ ၁၈ နှစ်အောက်မပါဘဲ ကျန်တဲ့ ၆၇ ရာခိုင်နှုန်း ပြည့်သွားနိုင်ပါတယ်။ တော်တော်များများ အကာအကွယ်ရမှာပါ။ ဒီရောဂါရဲ့ သဘာဝက Herd Immunity လို့ ခေါ်တာပေါ့နော်၊ လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းလောက် ရလို့ရှိရင် ကူးစက်မှုကို ဖြတ်တောက်နိုင်မယ်လို့ မျှော်လင့်ထားတယ်။”
ကိုဝင်းမင်း – အစောဆုံး အခုကနေစရင် ၄ လကနေ စထိုးနိုင်ဖို့။
ဒေါက်တာစောဝင်း – “၄ လဆိုတာ နောက်အကျဆုံးဖြစ်မယ်လို့ထင်တယ်။ ကျနော့်အမြင်တော့ COVAX ကလာတာက နောက်အကျဆုံးလောက် ဖြစ်နိုင်ပါတယ်။ ကြားထဲမှာတော့ ဒီ့ပြင်နည်းလမ်းတွေလည်း လာနိုင်ပါတယ်။”
ကိုဝင်းမင်း – အဲ့တော့ ကာကွယ်ဆေးထိုးဖို့အတွက်ရော မြန်မာနိုင်ငံက အဆင်သင့်ဖြစ်ရဲ့လား။
ဒေါက်တာစောဝင်း – “ဖြစ်ပါတယ်။ ကျနော်တို့နိုင်ငံက ကာကွယ်ဆေးနဲ့ ပတ်သက်လို့တော့ နောက်မကျလှဘူးလို့ ဆိုရမှာပေါ့။ လူဦးရေ သန်းပေါင်း ၁၃ သန်း၊ ၁၄ သန်း ထိုးထားတဲ့အတွေ့အကြုံတွေ ရှိပြီးသားဖြစ်ပါတယ်။ နောက်ကာကွယ်ဆေးဆိုင်ရာ အအေးလမ်းကြောင်းဆိုလည်း AstraZeneca အောက်စ်ဖို့ဒ်တက္ကသိုလ်ဆေးမျိုး ဆိုရင် ရှိပြီးသား ကာကွယ်ဆေး အအေးလမ်းကြောင်းနဲ့ အဆင်ပြေပါတယ်။
Pfizer လိုဟာမျိုးကျရင်တော့ အအေးလမ်းကြောင်းအသစ်ကို Minus Degree ရတဲ့ဟာမျိုး Ultra-Cold Chain လို စပြီးတော့ တည်ဆောက်ရမှာပါ။ အဲဒီအတွက်လည်း Technial Assistance, Financial Assistance တွေကို တင်ထားပြီးသား ရှိပါတယ်။ အဲ့တော့ မှတ်တမ်းမှတ်ရာ ပြဿနာပေါ့နော်၊ ကျနော်တို့ဆီမှာလည်း Electronic Records တွေ သုံးလာတာရှိပါတယ်။ သူနာပြုဆရာမတွေ အကုန်လုံးကို Tablet တွေပေးထားပြီး Standardize Message တွေ အကုန်လုံး ပေးထားပြီးသားရှိတယ်။ အခုလည်း နိုင်ငံတော်တော်များများမှာ သုံးနေတဲ့ ကာကွယ်ဆေးဆိုင်ရာ ဆော့ဖ်ဝဲပေါ့၊ ထိုးပြီးတဲ့လူကို တခါတည်း မှတ်သားထားပြီးတော့ အမြဲတမ်း Track လုပ်လို့ရတဲ့ ဆော့ဖ်ဝဲမျိုး ကျနော်တို့ လုပ်ဖို့ရှိပါတယ်။”
ကိုဝင်းမင်း – ဟုတ်ကဲ့၊ ကျေးဇူးအများကြီးတင်ပါတယ်ဆရာ။
Be the first to comment on "ကိုဗစ်ကာကွယ်ဆေး အမြန်ဆုံးရဖို့ မြန်မာ ကြိုးပမ်းနေပြီ"