ပေါလောပေါ် ကားဂိုဒေါင်တဲ့ ရေကြီးတဲ့ဒေသကလူတွေအတွက်ကွက်တိ

ရေတက်လို့ ကားမြှုပ်တဲ့ဘေးမှ လွတ်ကင်းဖို့ ကြံဆလုပ်ကိုင်ကြတာမှာ ဖိလစ်ပိုင်မှ ကားပိုင်ရှင်တစ်ဦးက သူ့ရဲ့ကား Mitsubishi Xpander ကို တိုင်ဖုန်းမုန်တိုင်း Ulysses တိုက်နေချိန်မှာ ရေလုံတဲ့ မိုးရေကာဖျင်နဲ့ ထုတ်ပေးထားလိုက်တယ်။

ရေတက်လာချိန်မှာ အထုပ် ထုပ်ထားတဲ့ ကားလည်း ရေမြင့်တာနဲ့အမျှ မြင့်တက်ပြီး ရေမြှုပ်မယ့် ဘေးမှ လွတ်ကင်းခဲ့ပုံကို သူက Youtube မှာ တင်ပြခဲ့ပါတယ်။

ဖိလစ်ပိုင်မှာပဲ နောက်ထပ်ကားပိုင်ရှင်တစ်ဦးကတော့ တိုင်ဖုန်းမုန်တိုင်း Ulysses တိုက်နေချိန်မှာ ပေါလော်ပေါ် ကားဂိုဒေါင်ကို အသုံးပြုပြီး ရေထဲ ကားမြှုပ်မယ့်အရေးမှ လွတ်ကင်းခဲ့ပါတယ်။


ပေါလောပေါ် ကားဂိုဒေါင်က တိုင်ဖုန်းကျရောက်ရင် ရေဘေးကင်းကင်းဖြင့် နေထိုင်နိုင်ဖို့အတွက် ကြံဆပြီး ဒီဇိုင်းထုတ်ထားတဲ့ Project Smart Home အိမ်ပုံစံရဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်မှာ တိုက်ခဲ့တဲ့ တိုင်ဖုန်းမုန်တိုင်း Ondoy တုန်းက တွေ့ကြုံခဲ့ကြရတဲ့ အတွေ့အကြုံတွေအရ အိမ်ကို ဒီဇိုင်းထုတ်ထားတာ ဖြစ်ပါတယ်။

ပေါလော်ပေါ် ကားဂိုဒေါင်အကြောင်းကို Realty TV Podcast episode 3 အစီအစဉ်မှာ Flood Adaptive Smart Home with Floating Garage Survives Typhoon Ulysses အမည်ဖြင့် ထုတ်လွှင့်တင်ပြခဲ့ပါတယ်။

ဗိသုကာ လုပ်ငန်း Buensalido Architects က သုံးထပ်အိမ်ကို ရေကြီးတဲ့အခါ ရင်ဆိုင်ကျော်လွှားနိုင်မယ့် အချက်တွေနဲ့ ဒီဇိုင်း ထုတ်ပေးခဲ့တယ်။
အိမ်အောက်ထပ် ကြမ်းခင်းက လမ်းသားမျက်နှာပြင်ထက် တစ်မီတာခွဲ ပိုမြင့်ပေးထားတယ်။

မိုးရွာရင် အိမ်ထဲ ရေဝင်တာမှာ လမ်းသားမျက်နှာပြင်က အိမ်အောက်ထပ်ကြမ်းပြင်ထက် ပိုမြင့်နေတာကြောင့် ဖြစ်နေတတ်ပါတယ်။ ကုလားမခြေထောက်နဲ့ မတ်တတ်ရပ်သလိုမျိုး ခြေတံရှည်အိမ်ပုံစံကို အခြေခံထားပြီး အောက်ဆုံးထပ်ကို နေ့စဉ်သုံး အဓိကကျတာတွေ နေရာမချထားဘူး။


အိမ်ရဲ့ ချက်ရေးပြုတ်ရေး၊ စားရေးသောက်ရေး၊ နားနားနေနေ ထိုင်ရေးတို့ကို မြေညီထပ်မှာ မစီစဉ်ထားဘဲ ပထမထပ်နဲ့ ဒုတိယထပ်တို့မှာ နေရာချပေးထားတယ်။ မြေညီထပ် ရေဝင်လာရင် ချက်ရေးပြုတ်ရေး စားရေးသောက်ရေး အခက်အခဲ မရှိတော့ဘူး။


ကျောထောက်နောက်ခံ စွမ်းအင် ရရှိဖို့ ခေါင်းမိုးပေါ်မှာ ဆိုလာပြားတွေ တပ်ဆင်ပေးထားတယ်။ မုန်တိုင်း လေထန်လို့ မီးပြတ်ခဲ့ရင် ဆိုလာပါဝါဖြင့် ဓာတ်အား ရရှိနေမှာ ဖြစ်ပါတယ်

Be the first to comment on "ပေါလောပေါ် ကားဂိုဒေါင်တဲ့ ရေကြီးတဲ့ဒေသကလူတွေအတွက်ကွက်တိ"

Leave a comment

Your email address will not be published.


*