ဂျင်းထည့်မယ့် တရုတ်-မြန်မာ ရထားလမ်းအတွက် အဓိကကျတဲ့လိုဏ်ဂူကြီးပြီးပြီတဲ့

ဒါလီဘိုင် ကိုယ်ပိုင်အုပ်ချုပ်ရေး စီရင်စုနဲ့ ရွှေလီမြို့တို့အကြား ဆက်သွယ်တဲ့ ရထားလမ်းကို ယူနန်ပြည်နယ်မှာ ဖောက်လုပ်လျက် ရှိရာ အဓိကကျသည့် လိုဏ်ဂူတစ်ခုကို ဇူလိုင်လကုန်ပိုင်းတွင် တည်ဆောက်ပြီးစီးခဲ့ပါတယ်။

အဆိုပါ လိုဏ်ဂူသည် အလျား ၁၄.၆၆ ကီလိုမီတာ ရှည်ပြီး Dapoling Tunnel ဟု အမည်တွင်ပါတယ်။ တရုတ်-မြန်မာ နိုင်ငံတကာရထားလမ်း စင်္ကြံအတွက် အရေးပါတဲ့ရထားလမ်းပိုင်းဖြစ်တဲ့ ၃၃၀ ကီလိုမီတာ ရှည်လျားတဲ့ ဒါလီ-ရွှေလီ ရထားလမ်းပိုင်းအတွက် အခရာကျသည့် လိုဏ်ဂူဖြစ်ပြီး ဖြစ်ပါတယ်လို့ China Railway Kunming Group Co., Ltd. က ဆိုပါတယ်။

၁၄ နှစ်တိုင်တိုင် ကြိုးပမ်းခဲ့ပြီး လိုဏ်ဂူဆောက်လုပ်ရေးကို အခက်အခဲများ ကျော်လွှားပြီး ဆောက်လုပ်ပြီးစီးခဲ့ပါတယ်။

မြေသားပျော့တဲ့နေရာမှာ လိုဏ်ဂူဖောက်ရတဲ့အတွက် ပုံပျက်တာ ကြုံရတဲ့အပြင် မြေပြိုကျတာ ၉၇ ကြိမ်တိုင်တိုင် ကြုံခဲ့ရတယ်။

ငလျင်လှုပ်တာကိုလည်း ၉၇ ကြိမ် ကြုံခဲ့ရပြီး ငလျင်ပြင်းအားအဆင့် ၃ မှ ၆ အထိ ရှိခဲ့ပါတယ်။ မြေအောက် လိုဏ်ခေါင်းအတွင်းမှာ အပူချိန်က ၄၀ ဒီဂရီ စဲလ်စီးယပ်ကျော် အမြဲပူအိုက်နေတာကိုလည်း လုပ်သားတွေ ကြံ့ကြံ့ခံပြီး လုပ်ကိုင်ခဲ့ကြရပါတယ်။

ဒါလီ-ရူလီ ရထားလမ်းပိုင်း ပြီးစီးသွားတဲ့အခါ ယူနန်အနောက်ပိုင်း သယ်ယူပို့ဆောင်ရေးကို အကြီးအကျယ် တိုးတက်ကောင်းမွန်သွားစေမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

Be the first to comment on "ဂျင်းထည့်မယ့် တရုတ်-မြန်မာ ရထားလမ်းအတွက် အဓိကကျတဲ့လိုဏ်ဂူကြီးပြီးပြီတဲ့"

Leave a comment

Your email address will not be published.


*