Pfizer နဲ႔ ဂ်ာမန္ကုမၸဏီ BioNTech တို႔ ပူးတြဲထုတ္လုပ္တဲ့ COVID-19 ကာကြယ္ေဆးကို အေမရိကန္ျပည္ေထာင္စုမွာ အသုံးျပဳဖို႔အတြက္ ပထမဆုံးအႀကိမ္အျဖစ္ ခြင့္ျပဳလိုက္ပါၿပီ။
ဒီကာကြယ္ေဆးဟာ ေဘးရန္ကင္းၿပီး ဗိုင္းရပ္စ္ကူးစက္မႈကို အခိုင္အမာ ကာကြယ္ႏိုင္တယ္လို႔ အစားအစာနဲ႔ ေဆးဝါးကြပ္ကဲေရးဌာန (FDA) က ေသာၾကာေန႔မွာေျပာၿပီး အတည္ျပဳေပးလိုက္တာပါ။
အခုလို ပထမဆုံး ကာကြယ္ေဆးကို သုံးစြဲဖို႔ အတည္ျပဳေပးလိုက္တဲ့အေပၚ သမၼတ Donald Trump က ဂုဏ္ယူေျပာဆိုခဲ့ပါတယ္။
“ဒီကေန႔မွာ က်ေနာ္တို႔ႏိုင္ငံဟာ ေဆးဘက္ဆိုင္ရာ အံ့မခန္းအေျခအေနတခု ေအာင္ျမင္ရရွိခဲ့ပါၿပီ။ ေဘးကင္းၿပီး ထိေရာက္တဲ့ ကာကြယ္ေဆးတခုကို ၉ လအတြင္းမွာ က်ေနာ္တို႔ ထုတ္ႏိုင္ခဲ့ပါၿပီ။ ဒါဟာ သမိုင္းမွာ အႀကီးမားဆုံး သိပၸံပညာရပ္ဆိုင္ရာ ေအာင္ျမင္မႈႀကီးတခုပါ။ ဒီေဆးဟာ လူသန္းေပါင္းမ်ားစြာရဲ႕ အသက္ကို ကယ္တင္မွာျဖစ္ၿပီး ကပ္ေရာဂါကို သိပ္မၾကာခင္မွာပဲ လုံးဝခ်ဳပ္ၿငိမ္းသြားေစမွာ ျဖစ္ပါတယ္။” လို႔ သမၼတ Trump က ဗြီဒီယို႐ိုက္ကူးေျပာဆိုၿပီး တြစ္တာေပၚမွာ တင္ခဲ့ပါတယ္။
အေရးေပၚအေျခအေနအျဖစ္ အသုံးျပဳဖို႔ FDA က အတည္ျပဳေပးလိုက္တဲ့ ကာကြယ္ေဆးကို ၂၄ နာရီအတြင္း ထိုးေပးမွာျဖစ္ၿပီး အေမရိကန္ႏိုင္ငံသား အားလုံးအတြက္ အခမဲ့ထိုးေပးမွာျဖစ္တယ္လို႔ သမၼတက ဆိုပါတယ္။
သမၼတ Trump ရဲ႕ အခုေျပာဆိုခ်က္က က်န္းမာေရးတာဝန္ရွိသူေတြ ေျပာဆိုထားတာနဲ႔ေတာ့ ဆန႔္က်င္ေနပါတယ္။ အေမရိကန္ႏိုင္ငံသား အမ်ားအျပား ကာကြယ္ေဆး ထိုးရဖို႔အတြက္က ေနာက္ထပ္ လေပါင္းမ်ားစြာၾကာႏိုင္ၿပီး ကိုဗစ္ ခ်ဳပ္ၿငိမ္းသြားဖို႔ ဆိုတာကေတာ့ အေဝးႀကီး လိုေသးတယ္လို႔ က်န္းမာေရးပညာရွင္ေတြ၊ တာဝန္ရွိသူေတြက ေျပာထားတာပါ။
ေ႐ြးေကာက္ခံသမၼတ Joe Biden က သူ႔အစိုးရအဖြဲ႕ ပထမရက္ေပါင္း ၁၀၀ အတြင္းမွာ ကာကြယ္ေဆး သန္း ၁၀၀ ထက္မနည္း ထိုးေပးမယ္လို႔ ဒီသီတင္းပတ္အေစာပိုင္းက ကတိေပးခဲ့ၿပီး အခုကာကြယ္ေဆးကို အတည္ျပဳလိုက္တာနဲ႔ ပတ္သက္လို႔ေတာ့ ဘာမွေျပာဆိုတာ မရွိေသးပါဘူး။
———
Pfizer နဲ့ ဂျာမန်ကုမ္ပဏီ BioNTech တို့ ပူးတွဲထုတ်လုပ်တဲ့ COVID-19 ကာကွယ်ဆေးကို အမေရိကန်ပြည်ထောင်စုမှာ အသုံးပြုဖို့အတွက် ပထမဆုံးအကြိမ်အဖြစ် ခွင့်ပြုလိုက်ပါပြီ။
ဒီကာကွယ်ဆေးဟာ ဘေးရန်ကင်းပြီး ဗိုင်းရပ်စ်ကူးစက်မှုကို အခိုင်အမာ ကာကွယ်နိုင်တယ်လို့ အစားအစာနဲ့ ဆေးဝါးကွပ်ကဲရေးဌာန (FDA) က သောကြာနေ့မှာပြောပြီး အတည်ပြုပေးလိုက်တာပါ။
အခုလို ပထမဆုံး ကာကွယ်ဆေးကို သုံးစွဲဖို့ အတည်ပြုပေးလိုက်တဲ့အပေါ် သမ္မတ Donald Trump က ဂုဏ်ယူပြောဆိုခဲ့ပါတယ်။
“ဒီကနေ့မှာ ကျနော်တို့နိုင်ငံဟာ ဆေးဘက်ဆိုင်ရာ အံ့မခန်းအခြေအနေတခု အောင်မြင်ရရှိခဲ့ပါပြီ။ ဘေးကင်းပြီး ထိရောက်တဲ့ ကာကွယ်ဆေးတခုကို ၉ လအတွင်းမှာ ကျနော်တို့ ထုတ်နိုင်ခဲ့ပါပြီ။ ဒါဟာ သမိုင်းမှာ အကြီးမားဆုံး သိပ္ပံပညာရပ်ဆိုင်ရာ အောင်မြင်မှုကြီးတခုပါ။ ဒီဆေးဟာ လူသန်းပေါင်းများစွာရဲ့ အသက်ကို ကယ်တင်မှာဖြစ်ပြီး ကပ်ရောဂါကို သိပ်မကြာခင်မှာပဲ လုံးဝချုပ်ငြိမ်းသွားစေမှာ ဖြစ်ပါတယ်။” လို့ သမ္မတ Trump က ဗွီဒီယိုရိုက်ကူးပြောဆိုပြီး တွစ်တာပေါ်မှာ တင်ခဲ့ပါတယ်။
အရေးပေါ်အခြေအနေအဖြစ် အသုံးပြုဖို့ FDA က အတည်ပြုပေးလိုက်တဲ့ ကာကွယ်ဆေးကို ၂၄ နာရီအတွင်း ထိုးပေးမှာဖြစ်ပြီး အမေရိကန်နိုင်ငံသား အားလုံးအတွက် အခမဲ့ထိုးပေးမှာဖြစ်တယ်လို့ သမ္မတက ဆိုပါတယ်။
သမ္မတ Trump ရဲ့ အခုပြောဆိုချက်က ကျန်းမာရေးတာဝန်ရှိသူတွေ ပြောဆိုထားတာနဲ့တော့ ဆန့်ကျင်နေပါတယ်။ အမေရိကန်နိုင်ငံသား အများအပြား ကာကွယ်ဆေး ထိုးရဖို့အတွက်က နောက်ထပ် လပေါင်းများစွာကြာနိုင်ပြီး ကိုဗစ် ချုပ်ငြိမ်းသွားဖို့ ဆိုတာကတော့ အဝေးကြီး လိုသေးတယ်လို့ ကျန်းမာရေးပညာရှင်တွေ၊ တာဝန်ရှိသူတွေက ပြောထားတာပါ။
ရွေးကောက်ခံသမ္မတ Joe Biden က သူ့အစိုးရအဖွဲ့ ပထမရက်ပေါင်း ၁၀၀ အတွင်းမှာ ကာကွယ်ဆေး သန်း ၁၀၀ ထက်မနည်း ထိုးပေးမယ်လို့ ဒီသီတင်းပတ်အစောပိုင်းက ကတိပေးခဲ့ပြီး အခုကာကွယ်ဆေးကို အတည်ပြုလိုက်တာနဲ့ ပတ်သက်လို့တော့ ဘာမှပြောဆိုတာ မရှိသေးပါဘူး။
Be the first to comment on "အေမရိကန္ရဲ႕ ပထမဆံုး ကိုဗစ္ကာကြယ္ေဆး FDA အတည္ျပဳၿပီ"