တောင်တရုတ်ပင်လယ်ထဲကို အိန္ဒိယကပါစစ်ရေယာဉ်တွေစေလွှတ်

စစ်ရေးတင်းမာနေတဲ့ တောင်တရုတ်ပင်လယ်ဒေသနဲ့ပတ်သက်လို့ ဗြိတိန်လေယာဉ်တင်သင်္ဘောဦးဆောင်တဲ့ စစ်ရေယာဉ်အုပ်စု ဝင်ရောက်လာပြီး မကြာသေးသည့်အချိန်မှာပဲ အိန္ဒိယဘက်က စစ်ရေယာဉ်တွေကို စေလွှတ်လိုက်ပါတယ်။

အိန္ဒိယရေတပ်ရဲ့ အရှေ့ပိုင်းတပ်ဖွဲ့က စစ်ရေယာဉ်တွေကိုစေလွှတ် လိုက်တာဖြစ်ပြီး အဆိုပါစစ်ရေယာဉ်တွေဟာ Royal Malaysian Navy (Samudra Laxmana)၊

Vietnamese Peoples’ Navy၊ Republic of Philippines Navy၊ Republic of Singapore Navy (SIMBEX)၊ Indonesian Navy (Samudra Shakti) နဲ့

Royal Australian Navy (AUS-INDEX) အစရှိတဲ့ ရေတပ်တွေနဲ့ ပူးပေါင်းပြီး စစ်ရေးလေ့ကျင့်မှာဖြစ်တယ်လို့ သိရှိရပါတယ်။

Be the first to comment on "တောင်တရုတ်ပင်လယ်ထဲကို အိန္ဒိယကပါစစ်ရေယာဉ်တွေစေလွှတ်"

Leave a comment

Your email address will not be published.


*