မြန်မာ့တိုင်းရင်း ဆေးဖက်ဝင်အပင်တွေနဲ့ ကိုဗစ်ကာကွယ်ဆေး စမ်းသပ်ထုတ်ကြဖို့ စစ်ခေါင်းဆောင် တိုက်တွန်း

မြန်မာ့တိုင်းရင်း ဆေးဖက်ဝင်အပင်တွေနဲ့ ကိုဗစ်ကာကွယ်ဆေး စမ်းသပ်ထုတ်ကြဖို့ စစ်ခေါင်းဆောင် တိုက်တွန်း

မြန်မာ့တိုင်းရင်း ဆေးဖက်ဝင် အပင်တွေ၊ သစ်ဥ၊ သစ်ဖုတွေနဲ့ တိုင်းရင်းဆေးတွေကို အသုံးပြု သုတေသနလုပ် စမ်းသပ်ပြီး ကိုဗစ်ကာကွယ်ဆေးကို ထုတ်လုပ်ကြဖို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အကြုံပြု တိုက်တွန်း လိုက်ပါတယ်။

မနေ့က ဩဂုတ်လ ၂ ရက်နေ့ နေပြည်တော်မှာ ကျင်းပပြုလုပ်တဲ့ ကိုဗစ် ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ခြောက်ကြိမ်မြောက် အစည်းအဝေးမှာ စစ်ခေါင်းမင်းအောင်လှိုင်က အဲဒီလိုပြောကြားခဲ့ကြောင်း စစ်ကောင်စီထုတ် သတင်းစာမှာ ဒီကနေ့ ဖော်ပြထားတာ ဖြစ်ပါတယ်။

ကိုဗစ်ရောဂါ ကာကွယ်ဆေးတွေကို ပြည်ပက တင်သွင်းမှာယူထားတဲ့အပြင် မြန်မာနိုင်ငံအတွင်း မှာလည်း ကိုဗစ်ကာကွယ်ဆေး ထုတ်လုပ်ဖို့ ကြိုးပမ်းနေတာ ဖြစ်တယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားခဲ့ပါတယ်။

အဲဒီလို ကိုဗစ်ကာကွယ်ဆေး ထုတ်လုပ်နိုင်ဖို့အတွက် မြန်မာ့တိုင်းရင်း ဆေးပညာရှင်တွေနဲ့ ပေါင်းစပ်ညှိနှိုင်း တိုင်ပင်ပြီး စနစ်တကျ ပြုလုပ်ကြဖို့ လိုအပ်ကြောင်းလည်း ဆိုပါတယ်။
ကိုဗစ်တတိယလှိုင်းအတွင်း ထိန်းချုပ်ရေး လုပ်ငန်းတွေကို အရှိန်အဟုန်နဲ့ လုပ်နိုင်တဲ့အတွက် ကိုဗစ်နဲ့ ပတ်သက်ရင် အတိုင်းအတာတစ်ခုထိ ထိန်းချုပ်ထားနိုင်ပြီလို့လည်း အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ထပ်မံကြုံတွေ့လာရတဲ့ ကိုဗစ် ၁၉ တတိယလှိုင်းအတွင်း ဩဂုတ်လ ၂ ရက်နေ့အထိ ကိုဗစ်ရောဂါ ပိုးကူးစက်ခံရသူ ၃၀၆၃၅၄ ဦးနဲ့ သေဆုံးသူ ၁၀၀၆၁ ဦး ရှိတယ်လို့ စစ်ကောင်စီ လက်အောက်ခံ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

———–

ျမန္မာ့တိုင္းရင္း ေဆးဖက္ဝင္အပင္ေတြနဲ႔ ကိုဗစ္ကာကြယ္ေဆး စမ္းသပ္ထုတ္ၾကဖို႔ စစ္ေခါင္းေဆာင္ တိုက္တြန္း

ျမန္မာ့တိုင္းရင္း ေဆးဖက္ဝင္ အပင္ေတြ၊ သစ္ဥ၊ သစ္ဖုေတြနဲ႔ တိုင္းရင္းေဆးေတြကို အသုံးျပဳ သုေတသနလုပ္ စမ္းသပ္ၿပီး ကိုဗစ္ကာကြယ္ေဆးကို ထုတ္လုပ္ၾကဖို႔ အာဏာသိမ္း စစ္ေခါင္းေဆာင္ မင္းေအာင္လႈိင္က အႀကဳံျပဳ တိုက္တြန္း လိုက္ပါတယ္။

မေန႔က ဩဂုတ္လ ၂ ရက္ေန႔ ေနျပည္ေတာ္မွာ က်င္းပျပဳလုပ္တဲ့ ကိုဗစ္ ၁၉ ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ေရး ေျခာက္ႀကိမ္ေျမာက္ အစည္းအေဝးမွာ စစ္ေခါင္းမင္းေအာင္လႈိင္က အဲဒီလိုေျပာၾကားခဲ့ေၾကာင္း စစ္ေကာင္စီထုတ္ သတင္းစာမွာ ဒီကေန႔ ေဖာ္ျပထားတာ ျဖစ္ပါတယ္။

ကိုဗစ္ေရာဂါ ကာကြယ္ေဆးေတြကို ျပည္ပက တင္သြင္းမွာယူထားတဲ့အျပင္ ျမန္မာႏိုင္ငံအတြင္း မွာလည္း ကိုဗစ္ကာကြယ္ေဆး ထုတ္လုပ္ဖို႔ ႀကိဳးပမ္းေနတာ ျဖစ္တယ္လို႔ စစ္ေခါင္းေဆာင္ မင္းေအာင္လႈိင္က ေျပာၾကားခဲ့ပါတယ္။

အဲဒီလို ကိုဗစ္ကာကြယ္ေဆး ထုတ္လုပ္ႏိုင္ဖို႔အတြက္ ျမန္မာ့တိုင္းရင္း ေဆးပညာရွင္ေတြနဲ႔ ေပါင္းစပ္ညႇိႏႈိင္း တိုင္ပင္ၿပီး စနစ္တက် ျပဳလုပ္ၾကဖို႔ လိုအပ္ေၾကာင္းလည္း ဆိုပါတယ္။

ကိုဗစ္တတိယလႈိင္းအတြင္း ထိန္းခ်ဳပ္ေရး လုပ္ငန္းေတြကို အရွိန္အဟုန္နဲ႔ လုပ္ႏိုင္တဲ့အတြက္ ကိုဗစ္နဲ႔ ပတ္သက္ရင္ အတိုင္းအတာတစ္ခုထိ ထိန္းခ်ဳပ္ထားႏိုင္ၿပီလို႔လည္း အာဏာသိမ္း စစ္ေခါင္းေဆာင္ မင္းေအာင္လႈိင္က ေျပာပါတယ္။

ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္း ထပ္မံႀကဳံေတြ႕လာရတဲ့ ကိုဗစ္ ၁၉ တတိယလႈိင္းအတြင္း ဩဂုတ္လ ၂ ရက္ေန႔အထိ ကိုဗစ္ေရာဂါ ပိုးကူးစက္ခံရသူ ၃၀၆၃၅၄ ဦးနဲ႔ ေသဆုံးသူ ၁၀၀၆၁ ဦး ရွိတယ္လို႔ စစ္ေကာင္စီ လက္ေအာက္ခံ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ထုတ္ျပန္ထားပါတယ္။

Be the first to comment on "မြန်မာ့တိုင်းရင်း ဆေးဖက်ဝင်အပင်တွေနဲ့ ကိုဗစ်ကာကွယ်ဆေး စမ်းသပ်ထုတ်ကြဖို့ စစ်ခေါင်းဆောင် တိုက်တွန်း"

Leave a comment

Your email address will not be published.


*