ယုံပါလို့မတိုက်တွန်းချင်ပါ သို့သော် ယုံအောင်တော့ ယုတ္တိသာဓကနှင့်တကွ ပြောပြပါ့မယ်
ဗုဒ္ဓဘာသာဝင် စစ်စစ်ဆိုလျှင် လက်တွေ့အသုံးချကြဖို့ တိုက်တွန်းလိုပါတယ်။
ဘာမှမပင်ပန်းသလို ငွေကုန်ကြေးကြလဲမရှိပါဘူး တစ်ခုပါပဲ..ယုံကြည်မှုရှိရုံလေးဆိုရပါတယ် ..လောကီဘက်မှာတောင်မှ ကိုယ့်ခေါင်းဆောင်ပြောတဲ့ ..
စကားကို အသက်နဲ့လဲပြီးယုံကြည်သူတွေကို အများ ..အပြားရှိတာကို အားလုံး တွေ့ဘူးကြမယ်ထင်ပါတယ်
မသေချာတဲ့ ပုထုဇဉ် ပြောတဲ့စကားကိုတောင်မှ အသက်ပေးပြီး ယုံကြည်ရင် ..သေချာတဲ့ ကိလေသာလုံးဝ ကင်းစင်တဲ့ အတုမရှိတဲ့
ဗုဒ္ဓဂေါတမတည်းဟူသော ခေါင်းဆောင်ကြီးပြောခဲ့တဲ့ ဟောခဲ့တဲ့ ပေးခဲ့တဲ့ ..
လမ်းညွှန်ခဲ့တဲ့ စကားကို ရင်ထဲမှာ နှစ်နှစ်ကာကာလေးလေ းစားစား အသက်တမျှ ယုံကြည်လိုက်ပါအရှုံးမရှိပါဘူး
ဗုဒ္ဓဘာသာမှာ မည်သည့်အခက်အခဲပင်ဖြစ်စေကာမူ ကျော်လွားနိုင်အောင်လမ်းညွှန်မှုပေးထားတဲ့ နည်းလမ်း တွေအများကြီးရှိပါတယ်
နောက်ဆုံး မီးနေခန်းထဲကအခက်အခဲကိုတောင်မှ ဖြေရှင်းပုံ ဖြေရှင်းနည်းကို ပေးခဲ့တဲ့ဘာသာပါ ..မသုံးတတ်လို့ မသိကြလို့သာ တန်ဖိုးထားရမှန်းမသိ တာပါ..
(၃၈) ဖြာ မင်္ဂလာတရားနဲ့တင် မြတ်ဗုဒ္ဓဟာ အတုမရှိ ပုဂ္ဂိုလ်မြတ်ကြီးဆိုတာ နက်နက်တွေးလေ လက်ခံလေလေပါပဲ ..
ခုလဲ မြန်မာပြည်မှာသာမက တစ်ကမ္ဘာလုံးမှာပါ ကပ်ရောဂါကြီးဖြစ်နေပါတယ် ကမ္ဘာ့နိုင်ငံတွေတော့ထားပါ
သူတို့က လောကီဖြေဆေး နောက်ကို အားသွန်ခွန်စိုက် လိုက်နေကြတာဆိုတော့ ဗုဒ္ဓဘာသာတို့အတွက်ကတော့ ကိုယ့်ခေါင်းဆောင်ကြီးပြောတဲ့ သစ္စာစကားကို သုံးကြဖို့ တိုက်တွန်းပါတယ်
ယုံကြည်ကြဖို့ ပြောလိုပါတယ်..အားလုံးသိကြပြီးဖြစ်တဲ့အတိုင်း ဝေသာလီပြည်မှာ ဒီလို ကပ်ရောဂါကြီးဖြစ်တော့
အဲ့ဒီကပ်ရောဂါကြီးကိုငြိမ်း အောင် မြတ်ဗုဒ္ဓဟာ တပည့်သား အရှင်အာနန္ဒာကို ဒီလိုသစ္စာဆိုကွ ဆိုပြီး သင်ပေးခဲ့ဘူးပါတယ်
အမှန်တကယ်လဲ ပျောက်ကင်းခဲ့ဘူးပါတယ်
ဘုရားရှင်သင်ပေးတဲ့ သစ္စာစကားကလွယ်လွယ်လေးပါ သို့သော် မယုံကြည်ရင်မစမ်းပါနဲ့ သစ္စာစူးမှာစိုးလို့ပါ
တရားရုံးတွေမှာကျမ်းကျိမ်တဲ့အခါမှာ မမှန်တာပြောက ကျမ်းစူးပါစေဆိုပြီး ကျိန်ပြောခိုင်းတာကိုသတိထားပါခုလဲ မယုံရင်မရွတ်ပါနဲ့ သစ္စာစူးပါလိမ့်မယ် ခြောက်တာမဟုတ်ပါဘူး .
မြတ်ဗုဒ္ဓရဲ့နှုတ်ထွက်စကားမို့ အပြစ်ထိမှာစိုးလို့ပါ..တချို့က မယုံကြည်ရုံတင်မဟုတ်ဘူး ..ဟုတ်မှဟုတ်ပါ့မလား ပျောင်မှပျောက်မှမလားဆိုတဲ့ ..
သံသယနဲ့ တွေးတတ်ဖြစ်တတ်ကြလို့ပါသံသယရှိရင်တော့ လုံးဝမပျောက်ပါဘူး သံဓိဋ္ဌာန်ချပြီး ပျောက်ကိုပျောက်ရစေမယ်ဆိုတဲ့စိတ်ထားနဲ့သာလုပ်ပါ ..
ဘုရားစကား လွဲတယ်ဆိုတာမရှိပါဘူး..ရတနသုတ်မှာလာပါတယ် ဒီသစ္စာစကားက..ဘုရားရှင်သင်ပေးပုံကဒီလိုပါ အာနန္ဒာရေ ခု ငါဘုရားသင်ပေးမယ့်သစ္စာတရားကို မင်းရွတ်ကွ
လက်ထဲမှာလဲ ဗလာမထားနဲ့ ငါ့သပိတ်ကိုယူသွားပရိတ်ရေအဆောင်အဖြစ်သုံး မင်းစိတ်ထဲမှာ ဒီရေက ..သစ္စာတရားရေ ဘုရားရှင်ရဲ့အာဏာတည်နေတဲ့ရေ
ဒါ့ကြောင့် ဒီသစ္စာရေနဲ့ထိတဲ့သူတိုင်း မကောင်းတဲ့ နာနာဘာဝ ဝိနာဘာဝတွေဆိုပြေးလော့ သူတို့လဲမနေ နိုင်ပါဘူး..ကောင်းတဲ့သူတော်စဉ်တွေဆို ဒီသစ္စာရေနဲ့ထိက .
သောက်သုံးက ငြိမ်းအေးစေသတည်း အရံအတားလဲ ဖြစ်စေသတည်း.. ဖြစ်လဲဖြစ်မှာအာနန္ဒာရေ..ဘာ့ကြောင့်လဲဆိုတော့ ငါဘုရားသစ္စာစကားကိုးကွ..
အဲ့လိုစိတ်ထားလေးနဲ့မင်းရွတ်ကွာ ငါသင်ပေးလိုက်မယ်
(ဟောဒီလူ့ပြည် ဟိုးနတ်ပြည် နဂါးပြည် ဂဠုန်ပြည် ဗြဟ္မာပြည် စကြာဝဠာတစ်ခုလုံးမှာကွာ ဂေါတမမြတ်စွာဘုရားနဲ့တူတဲ့
ရတနာဆိုတာမရှိဘူး တစ်ဆူထဲသာရှိတဲ့ဘုရား ဂေါတမမြတ်စွာဘုရား ဟောကြားတဲ့ ပိဋကတ်သုံးပုံ ဆိုတဲ့ တရားနဲ့တူတဲ့ရတနာမရှိဘူးဂေါတမမြတ်စွာဘုရားရဲ့ တပည့်ပရိသတ်ဖြစ်တဲ့
ရှင်မဟာကဿပ ရှင်သာရိပုတ္တရာ ရှင်မဟာမေဂ္ဂလာန် စတဲ့ ရဟန္တာအပေါင်း သီလဝန္တပုထုဇဉ်အပေါင်း စတဲ့ အရိယာသံဃာ အရိယာအနွယ်ဝင်သံဃာ ဒီသံဃာတွေ နဲ့တူတဲ့ ရတနာ မရှိဘူး)
ဒါသစ္စာစကားပဲ ဒါသစ္စာတရားပဲ ဒီသစ္စာစကား သစ္စာ တရားကို အာနန္ဒာရေ မင်းရွတ်ဆိုကွာ သပိတ်တော်ထဲ က ပရိတ်ရေလဲဖျန်းပေး
ဒီလိုဆိုရင် ဘာရောဂါကြီးပဲဖြစ်ဖြစ် ပျောက်လိမ့်မယ်.တဲ့.. ဒါက ဒါက ဘုရားဟောပါ အစစ်ပါ စမ်းကြည့်ပါ ယုံကြည်ရင်ပေါ့ ..
သစ္စာစကားဆိုကြည့်ပါ ရိုရိုသေသေ နက်နက်ရှိုင်းရှိုင်း ပေါ့
ဗုဒ္ဓဘာသာမှာ ဘုရားကယ်တယ်ဆိုတာလုံးဝမရှိပါဘူး ဘုရားရှင် လမ်းညွှန်မှုပေးတာပဲရှိပါတယ် ..ခု..ဘုရားရှင်ရဲ့လမ်းညွှန်မှုကို အားလုံးဗုဒ္ဓဘာသာဝင် ..
သူတော်စဉ်တွေသိအောင် ဦးဇင်းရေးပြလိုက်ပါပြီ ..ဘုရားရှင်ရဲ့ လမ်းညွှန်မှုအတိုင်း စမ်းကြည့်ကြပါလား.ဓမ္မရံသီအရှင်ကဝိန္ဒ (မိုးကုတ်) : Credit
Be the first to comment on "ကပ်ရောဂါဆိုးကြီးမှ ကင်းလွတ်အောင် ဘုရားရှင် သင်ပေးတော်မူခဲ့သော သစ္စာစကား"