ပွဲကြီးကြီးဖြစ်နေတဲ့ “တို့..သတိရနေမှာပါ” သီချင်းလေးရဲ့ နောက်ကွယ်က ရင်နင့်စရာကောင်းတဲ့ လျှို့ဝှက်ချက်

တကၠသိုလ္ေက်ာင္းသီခ်င္းေတြထဲမွာ ေရပန္းအစားဆုံးျဖစ္တဲ့

“တို႔..သတိရေနမွာပါ” သီခ်င္းဟာ ေတးေရး လူေမာင္ (ေဆး- ၁) ရဲ႕ေျပာင္ေျမာက္တဲ့

လက္ရာေတြထဲက တပုဒ္ပါ။မူရင္းသီခ်င္းေခါင္းစဥ္ “သတိရေနမွာပါ” ကိုေရွ႕က “တို႔” တပ္လိုက္တဲ့ “တို႔…သတိရေနမွာပါ”

သီခ်င္းဟာ ရန္ကုန္တကၠသိုလ္ စိန္ရတုသဘင္က်င္းပတဲ့ ၁၉၉၅ ခုႏွစ္ကေန စတင္ေက်ာ္ၾကားလာခဲ့တာျဖစ္ၿပီး ယေန႔ထိတိုင္ ေတးသံရွင္ေပါင္းမ်ားစြာရဲ႕ ျပန္လည္သီဆိုျခင္းနဲ႔အတူ ေရပန္းစားေနဆဲျဖစ္ပါတယ္။

“တို႔..သတိရေနမွာပါ” သီခ်င္းကို နားေထာင္ဖူးသူတိုင္းရဲ႕ ႏႈတ္ဖ်ားမွာ”Library ေလးလဲတို႔နဲ႔ေဝး၊ R.Cေလးလည္းသတိရမိတယ္။ ရင္မွာလြမ္းလို႔က်တဲ့မ်က္ရည္ဂ်ပ္ဆင္အိုေလး ဘယ္မေမ့ဘူး” စတဲ့စာသားေတြဟာ

စြဲက်န္ရစ္ခဲ့ဖူးမွာျဖစ္ၿပီး သီခ်င္းစစခ်င္းထြက္လာတဲ့ ေလးပင္လြမ္းေမာစဖြယ္ သံစဥ္ေလးကေနစလို႔ သီခ်င္းတပုဒ္လုံးဟာ သင့္ကို အေတြးထဲမွာ ရန္ကုန္တကၠသိုလ္ရွိရာ အဓိပဓိလမ္းမဆီကို ေဆြးေဆြးေျမ့ေျမ့ ေခၚေဆာင္သြားမွာပါ။

ဒါေပမဲ့ “တို႔..သတိရေနမွာပါ” သီခ်င္းဟာအမ်ားထင္မွတ္ထားၾကသလို ခ်စ္သူေကာင္ေလးနဲ႔ေကာင္မေလး

ေက်ာင္းေတြပိတ္လို႔ေဝးရတဲ့ သာမန္တကၠသိုလ္အခ်စ္သီခ်င္းတခု သက္သက္မဟုတ္ဘဲ ေနာက္ကြယ္မွာရင္နင့္စရာေကာင္းတဲ့ လွ်ိဳ႕ဝွက္ခ်က္ေတြ ရွိခဲ့တာကိုေတာ့ အႏွစ္ႏွစ္အလလၾကာသည့္တိုင္ ေရးစပ္သူ ေတးေရးဆရာ လူေမာင္ (ေဆး- ၁) ကလြဲရင္ ဘယ္သူ႔မွသိရွိျခင္းခဲ့ပါဘူး။

တကယ္တမ္း “တို႔..သတိရေနမွာပါ” သီခ်င္းရဲ႕ ေက်ာ႐ိုးေနာက္ခံအျဖစ္အပ်က္ကေတာ့

၁၉၈၈ အေရးခင္းကာလျဖစ္ၿပီး ၿငိမ္းခ်မ္းစြာ ဆႏၵျပေနတဲ့ေက်ာင္းသားေတြရွိ႐ုာ ရန္ကုန္တကၠသိုလ္ကို တပ္က လုံထိန္းေတြနဲ႔ အင္အားသုံးၿပီး မိုက္႐ူးရဲဆန္ဆန္ ပစ္ခတ္ၿဖိဳခြင္းေနတဲ့ အခ်ိန္ပါ။ ရန္ကုန္တကၠသိုလ္ရင္ျပင္တခုလုံးမွာ ေသနတ္သံေတြ တဒိုင္းဒိုင္း တေျဖာက္ေျဖာက္ျမည္ေနခဲ့ၿပီး လက္နက္မပါတဲ့ ဆႏၵျပေက်ာင္းသား၊ေက်ာင္းသူေလးေတြဟာ အသက္ေဘးက လြတ္ရာကို ႐ုန္းရင္းဆန္ခတ္ေျပးလႊားေနခဲ့ပါတယ္။

အဲ့ဒီအခ်ိန္မွာ စုံတြဲျဖစ္ဟန္ရွိတဲ့ ေကာင္ေလးနဲ႔ေကာင္မေလးတို႔ ႏွစ္ဦးဟာလည္း အမ်ားနည္းတူ ျပာျပာသလဲ ေျပးလႊားေနခဲ့ၾကၿပီး R.C ေရွ႕အေရာက္မွာေတာ့ ေသနတ္သံနဲ႔အတူ ေကာင္ေလးက ဘိုင္းခနဲ လဲက်သြားပါေတာ့တယ္။

လက္တြဲျပဳတ္သြားတဲ့ ေကာင္မေလးဟာကိုယ္လြတ္႐ုန္းမေျပးဘဲ ေဘးလူေတြတားတဲ့ၾကားက ေသနတ္ထိသြားတဲ့ သူ႔ခ်စ္သူေကာင္ေလးရွိရာဆီ ျပန္လွည့္လာၿပီး ေသြးအိုင္ထဲမွာ မ်က္ရည္ေတြနဲ႔အတူ ေပြ႕ဖက္ထားခဲ့ပါတယ္။

သီခ်င္းထဲက “ရင္မွာသံမႈိစြဲ၊ ႏွလုံးအိမ္ထဲ တို႔ေတာ့ သတိရေနမွာပါ… ” ဆိုတဲ့ စာသားဟာ ခ်စ္သူေကာင္မေလးရဲ႕လက္ထဲမွာ မေသမရွင္ျဖစ္ေနတဲ့ ေကာင္ေလးရဲ႕ ရင္ဝတည့္တည့္ကို လုံထိန္းေတြက ဘက္နက္နဲ႔ ေဆာင့္ခနဲထိုးခ် အေသသတ္လိုက္တာကို ေရးဖြဲ႕ထားတာျဖစ္ၿပီး”ေျခရာထင္က်န္ဆဲအဓိပဓိလမ္း” ဆိုတဲ့ စာသားကေတာ့ အမ်ားစိတ္ကူးယဥ္ထားသလို အတူေလွ်ာက္ခဲ့ဖူးတဲ့ ခ်စ္သူႏွစ္ဦးရဲ႕ ေျခရာေတြဆိုတာထက္ ေကာင္ေလးရဲ႕ ေသြးကြက္ေပၚကို ဗိုင္းခနဲ နင္းေလွ်ာက္သြားတဲ့ စစ္ဖိနပ္ကို ရည္ၫြန္းထားပါ။

အလူးအလဲေအာ္ဟစ္ငိုယိုေနတဲ့ ေကာင္မေလးကိုလည္း ဆႏၵျပပြဲၿဖိဳခြင္းတဲ့ လုံထိန္းေတြဟာ ႏွမသားျခင္းမစာမနာ ေခၚေဆာင္သြားခဲ့ၾကတယ္လို႔လည္းR.C နဲ႔ မလွမ္းမကမ္းေျမာင္းထဲမွာ ဝင္ေရာက္ေရွာင္ပုန္းေနတဲ့ (ေနာင္တခ်ိန္မွာ “တို႔..သတိရေနမွာပါ” သီခ်င္းကိုေရးဖြဲ႕မယ့္) ေက်ာင္းသားေလး လူေမာင္က မ်က္ဝါးထင္ထင္မွတ္တမ္းတင္ႏိုင္ခဲ့ပါတယ္။ ဒါ့အျပင္ သီခ်င္းထဲက”စိန္ပန္းပြင့္ေလးမ်ားပြင့္ခ်ိန္ တို႔မခြဲစဖူး ခြဲရေတာ့မယ္။

ရင္မွာလြမ္းလို႔က်တဲ့ မ်က္ရည္၊ ပင္လယ္ျပင္ႀကီး ေဝေနတယ္” ဆိုတဲ့ သီခ်င္းစာသားကလည္း ေတးေရး လူေမာင္ရဲ႕ေျပာၾကားခ်က္အရ အဆိုပါစုံတြဲ အပါအဝင္ ၈၈ အေရးအခင္းကာလ၊ ရန္ကုန္တကၠသိုလ္ ဆႏၵျပၿဖိဳခြင္းမႈႀကီးေအာက္မွာ

ေသြးခ်င္းခ်င္းနီေႂကြလြင့္ခဲ့ရတဲ့ ေက်ာင္းသားေတြရဲ႕ အျဖစ္အပ်က္ေတြကို စိန္ပန္းပြင့္ အနီေတြနဲ႔ ခိုင္းႏႈိင္းတင္စားခဲ့တာျဖစ္တယ္လို႔ ဆိုပါတယ္။

ဒါ့အျပင္ “ပင္လယ္ျပင္ႀကီး” ေဝေနတယ္ဆိုတဲ့စာေၾကာင္းကလည္း အေရးခင္းကာလမွာေသကြဲ၊ရွင္ကြဲ ခြဲခြာခဲ့ရတဲ့ ေက်ာင္းသားလူငယ္ေလးေတြရဲ႕ တကယ့္ျဖစ္ရပ္ကို “ေသာကပင္လယ္ေဝ” ဆိုတဲ့စာခ်ိဳးအတိုင္း အလြန္အက်ဴးဖြဲ႕ဆိုထားတာကိုေတြ႕ရမွာပါ။

အခ်စ္ထက္ပိုတဲ့ ေလးနက္မႈေတြပါတဲ့ အေရးခင္းေနာက္ခံ “တို႔..သတိရေနမွာပါ” သီခ်င္းဟာ အဲ့ဒီလို သံသယျဖစ္ဖြယ္ ႏွစ္ဖက္လွ အခ်ိဳးအဖြဲ႕ေတြေၾကာင့္ အာဏာရွင္လက္ကိုင္တုတ္ျဖစ္ခဲ့တဲ့ ယခင္စာေပစီစစ္ေရးအဖြဲ႕ရဲ႕ ႏိုင္ငံေရးကင္းစင္ေၾကာင္း ဝန္ခံလက္မွတ္ထိုးခဲ့ရတဲ့အျပင္ သီခ်င္းစာသားအပိုဒ္ႏွစ္ပိုဒ္ကိုလည္း ပယ္ဖ်က္ခဲ့ရပါတယ္။

မူရင္းသီဆိုသူ ၿဖိဳးသီတာသိန္းတန္အပါအဝင္၊မီမီဝင္းေဖ၊ ၿဖိဳးျပည့္စုံ + ဂ်ဴဝယ္တို႔ရဲ႕ဗားရွင္းဟာပယ္ဖ်က္ခံထားရတဲ့ ဗားရွင္းျဖစ္ၿပီး အယ္လ္လြန္းဝါနဲ႔ သြန္းတို႔ တဖန္ျပန္လည္သီဆိုတဲ့”တို႔..သတိရေနမွာပါ” သီခ်င္းမွာမွ မူရင္းအပိုဒ္ႏွစ္ပိုဒ္ကို ျပန္လည္နားဆင္ရမွာပါ။

Unicode

တက္ကသိုလ်ကျောင်းသီချင်းတွေထဲမှာ ရေပန်းအစားဆုံးဖြစ်တဲ့

“တို့..သတိရနေမှာပါ” သီချင်းဟာ တေးရေး လူမောင် (ဆေး- ၁) ရဲ့ပြောင်မြောက်တဲ့

လက်ရာတွေထဲက တပုဒ်ပါ။မူရင်းသီချင်းခေါင်းစဉ် “သတိရနေမှာပါ” ကိုရှေ့က “တို့” တပ်လိုက်တဲ့ “တို့…သတိရနေမှာပါ”

သီချင်းဟာ ရန်ကုန်တက္ကသိုလ် စိန်ရတုသဘင်ကျင်းပတဲ့ ၁၉၉၅ ခုနှစ်ကနေ စတင်ကျော်ကြားလာခဲ့တာဖြစ်ပြီး ယနေ့ထိတိုင် တေးသံရှင်ပေါင်းများစွာရဲ့ ပြန်လည်သီဆိုခြင်းနဲ့အတူ ရေပန်းစားနေဆဲဖြစ်ပါတယ်။

“တို့..သတိရနေမှာပါ” သီချင်းကို နားထောင်ဖူးသူတိုင်းရဲ့ နှုတ်ဖျားမှာ”Library လေးလဲတို့နဲ့ဝေး၊ R.Cလေးလည်းသတိရမိတယ်။ ရင်မှာလွမ်းလို့ကျတဲ့မျက်ရည်ဂျပ်ဆင်အိုလေး ဘယ်မမေ့ဘူး” စတဲ့စာသားတွေဟာ

စွဲကျန်ရစ်ခဲ့ဖူးမှာဖြစ်ပြီး သီချင်းစစချင်းထွက်လာတဲ့ လေးပင်လွမ်းမောစဖွယ် သံစဉ်လေးကနေစလို့ သီချင်းတပုဒ်လုံးဟာ သင့်ကို အတွေးထဲမှာ ရန်ကုန်တက္ကသိုလ်ရှိရာ အဓိပဓိလမ်းမဆီကို ဆွေးဆွေးမြေ့မြေ့ ခေါ်ဆောင်သွားမှာပါ။

ဒါပေမဲ့ “တို့..သတိရနေမှာပါ” သီချင်းဟာအများထင်မှတ်ထားကြသလို ချစ်သူကောင်လေးနဲ့ကောင်မလေး

ကျောင်းတွေပိတ်လို့ဝေးရတဲ့ သာမန်တက္ကသိုလ်အချစ်သီချင်းတခု သက်သက်မဟုတ်ဘဲ နောက်ကွယ်မှာရင်နင့်စရာကောင်းတဲ့ လျှို့ဝှက်ချက်တွေ ရှိခဲ့တာကိုတော့ အနှစ်နှစ်အလလကြာသည့်တိုင် ရေးစပ်သူ တေးရေးဆရာ လူမောင် (ဆေး- ၁) ကလွဲရင် ဘယ်သူ့မှသိရှိခြင်းခဲ့ပါဘူး။

တကယ်တမ်း “တို့..သတိရနေမှာပါ” သီချင်းရဲ့ ကျောရိုးနောက်ခံအဖြစ်အပျက်ကတော့

၁၉၈၈ အရေးခင်းကာလဖြစ်ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ကျောင်းသားတွေရှိရုာ ရန်ကုန်တက္ကသိုလ်ကို တပ်က လုံထိန်းတွေနဲ့ အင်အားသုံးပြီး မိုက်ရူးရဲဆန်ဆန် ပစ်ခတ်ဖြိုခွင်းနေတဲ့ အချိန်ပါ။ ရန်ကုန်တက္ကသိုလ်ရင်ပြင်တခုလုံးမှာ သေနတ်သံတွေ တဒိုင်းဒိုင်း တဖြောက်ဖြောက်မြည်နေခဲ့ပြီး လက်နက်မပါတဲ့ ဆန္ဒပြကျောင်းသား၊ကျောင်းသူလေးတွေဟာ အသက်ဘေးက လွတ်ရာကို ရုန်းရင်းဆန်ခတ်ပြေးလွှားနေခဲ့ပါတယ်။

အဲ့ဒီအချိန်မှာ စုံတွဲဖြစ်ဟန်ရှိတဲ့ ကောင်လေးနဲ့ကောင်မလေးတို့ နှစ်ဦးဟာလည်း အများနည်းတူ ပြာပြာသလဲ ပြေးလွှားနေခဲ့ကြပြီး R.C ရှေ့အရောက်မှာတော့ သေနတ်သံနဲ့အတူ ကောင်လေးက ဘိုင်းခနဲ လဲကျသွားပါတော့တယ်။

လက်တွဲပြုတ်သွားတဲ့ ကောင်မလေးဟာကိုယ်လွတ်ရုန်းမပြေးဘဲ ဘေးလူတွေတားတဲ့ကြားက သေနတ်ထိသွားတဲ့ သူ့ချစ်သူကောင်လေးရှိရာဆီ ပြန်လှည့်လာပြီး သွေးအိုင်ထဲမှာ မျက်ရည်တွေနဲ့အတူ ပွေ့ဖက်ထားခဲ့ပါတယ်။

သီချင်းထဲက “ရင်မှာသံမှိုစွဲ၊ နှလုံးအိမ်ထဲ တို့တော့ သတိရနေမှာပါ… ” ဆိုတဲ့ စာသားဟာ ချစ်သူကောင်မလေးရဲ့လက်ထဲမှာ မသေမရှင်ဖြစ်နေတဲ့ ကောင်လေးရဲ့ ရင်ဝတည့်တည့်ကို လုံထိန်းတွေက ဘက်နက်နဲ့ ဆောင့်ခနဲထိုးချ အသေသတ်လိုက်တာကို ရေးဖွဲ့ထားတာဖြစ်ပြီး”ခြေရာထင်ကျန်ဆဲအဓိပဓိလမ်း” ဆိုတဲ့ စာသားကတော့ အများစိတ်ကူးယဉ်ထားသလို အတူလျှောက်ခဲ့ဖူးတဲ့ ချစ်သူနှစ်ဦးရဲ့ ခြေရာတွေဆိုတာထက် ကောင်လေးရဲ့ သွေးကွက်ပေါ်ကို ဗိုင်းခနဲ နင်းလျှောက်သွားတဲ့ စစ်ဖိနပ်ကို ရည်ညွန်းထားပါ။

အလူးအလဲအော်ဟစ်ငိုယိုနေတဲ့ ကောင်မလေးကိုလည်း ဆန္ဒပြပွဲဖြိုခွင်းတဲ့ လုံထိန်းတွေဟာ နှမသားခြင်းမစာမနာ ခေါ်ဆောင်သွားခဲ့ကြတယ်လို့လည်းR.C နဲ့ မလှမ်းမကမ်းမြောင်းထဲမှာ ဝင်ရောက်ရှောင်ပုန်းနေတဲ့ (နောင်တချိန်မှာ “တို့..သတိရနေမှာပါ” သီချင်းကိုရေးဖွဲ့မယ့်) ကျောင်းသားလေး လူမောင်က မျက်ဝါးထင်ထင်မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် သီချင်းထဲက”စိန်ပန်းပွင့်လေးများပွင့်ချိန် တို့မခွဲစဖူး ခွဲရတော့မယ်။

ရင်မှာလွမ်းလို့ကျတဲ့ မျက်ရည်၊ ပင်လယ်ပြင်ကြီး ဝေနေတယ်” ဆိုတဲ့ သီချင်းစာသားကလည်း တေးရေး လူမောင်ရဲ့ပြောကြားချက်အရ အဆိုပါစုံတွဲ အပါအဝင် ၈၈ အရေးအခင်းကာလ၊ ရန်ကုန်တက္ကသိုလ် ဆန္ဒပြဖြိုခွင်းမှုကြီးအောက်မှာ

သွေးချင်းချင်းနီကြွေလွင့်ခဲ့ရတဲ့ ကျောင်းသားတွေရဲ့ အဖြစ်အပျက်တွေကို စိန်ပန်းပွင့် အနီတွေနဲ့ ခိုင်းနှိုင်းတင်စားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် “ပင်လယ်ပြင်ကြီး” ဝေနေတယ်ဆိုတဲ့စာကြောင်းကလည်း အရေးခင်းကာလမှာသေကွဲ၊ရှင်ကွဲ ခွဲခွာခဲ့ရတဲ့ ကျောင်းသားလူငယ်လေးတွေရဲ့ တကယ့်ဖြစ်ရပ်ကို “သောကပင်လယ်ဝေ” ဆိုတဲ့စာချိုးအတိုင်း အလွန်အကျူးဖွဲ့ဆိုထားတာကိုတွေ့ရမှာပါ။

အချစ်ထက်ပိုတဲ့ လေးနက်မှုတွေပါတဲ့ အရေးခင်းနောက်ခံ “တို့..သတိရနေမှာပါ” သီချင်းဟာ အဲ့ဒီလို သံသယဖြစ်ဖွယ် နှစ်ဖက်လှ အချိုးအဖွဲ့တွေကြောင့် အာဏာရှင်လက်ကိုင်တုတ်ဖြစ်ခဲ့တဲ့ ယခင်စာပေစီစစ်ရေးအဖွဲ့ရဲ့ နိုင်ငံရေးကင်းစင်ကြောင်း ဝန်ခံလက်မှတ်ထိုးခဲ့ရတဲ့အပြင် သီချင်းစာသားအပိုဒ်နှစ်ပိုဒ်ကိုလည်း ပယ်ဖျက်ခဲ့ရပါတယ်။

မူရင်းသီဆိုသူ ဖြိုးသီတာသိန်းတန်အပါအဝင်၊မီမီဝင်းဖေ၊ ဖြိုးပြည့်စုံ + ဂျူဝယ်တို့ရဲ့ဗားရှင်းဟာပယ်ဖျက်ခံထားရတဲ့ ဗားရှင်းဖြစ်ပြီး အယ်လ်လွန်းဝါနဲ့ သွန်းတို့ တဖန်ပြန်လည်သီဆိုတဲ့”တို့..သတိရနေမှာပါ” သီချင်းမှာမှ မူရင်းအပိုဒ်နှစ်ပိုဒ်ကို ပြန်လည်နားဆင်ရမှာပါ။

Be the first to comment on "ပွဲကြီးကြီးဖြစ်နေတဲ့ “တို့..သတိရနေမှာပါ” သီချင်းလေးရဲ့ နောက်ကွယ်က ရင်နင့်စရာကောင်းတဲ့ လျှို့ဝှက်ချက်"

Leave a comment

Your email address will not be published.


*