ဦးနေဝင်းနဲ့ဦးသန်းရွှေတို့ လှည့်ကွက်သမိုင်းလား

မြန်မာ့တပ်မတော်တွက် လက်နက်ကြီးငယ်တွေ ရရှိဖို့ ဘယ်လို ရုန်းကန်ခဲ့ကြရသလဲ ဆိုတာ ကြွားဝါခြင်း ကင်းတဲ့ သတင်းထုတ်ပြန်ချက်များ နဲ့ လျှို့ဝှက်အပ်သော အကြောင်းအရာတွေကြောင့် လူငယ်တွေ မသိခဲ့ကြသေးပါဘူး။

တခါက ရေးခဲ့ဖူးတဲ့ ဦးသန်းရွှေ ရဲ့ မြေအောက်လှိုင်ခေါင်း နဲ့ လက်နက်စက်ရုံများ ရယ် ညူကလီးယားတပ် ဒုံးပျံနည်ပညာများ ရယူရန် ကြိုးပမ်းမှုတွေရယ် အကြောင်း အတော်များများ သိပြီး ဖြစ်ပါတယ် ။

ယခု ရေးပြချင်တာက မြန်မာ့တပ်မတော် ( ကြည်းတပ် )အတွက် အသက်သွေးကြော ဖြစ်တဲ့ လက်နက်ငယ်များ အတွက်ပင်လျှင် ခဲရာခက်ဆစ် ကြိုးပမ်းခဲ့ပုံတွေကို တင်ပြချင်ပါတယ် ။


အင်္ဂလိပ်တွေဟာ မြန်မာပြည်ကို သိမ်းပိုက်ပြီးနောက် ၁၀ နှစ်ကြာ အပြင်းအထန် နှိမ်နင်းယူခဲ့ရတဲ့ တော်လှန်ရေးသမားများကြောင့် မြန်မာများကို စစ်ပညာ လက်နက် ခဲယမ်း များနဲ့ ပါတ်သက်ပြီး သင်းသတ်ခဲ့ပါတယ် ။

ဗိုလ်ချုပ်အောင်ဆန်းတို့ လက်ထက်ရောက်လာချိန်မှာတော့ တချိန်က အရှေ့တောင်အာရှရဲ့ လျှမ်းလျှမ်းတောက် မြန်မာ့တပ်မတော် မျိုးဆက်များဟာ ဘယ်ညာဘယ်ညာတောင် မှန်အောင် မနင်းတတ်တော့ပါဘူး။

ဒါကြောင့် ဂျပန်ကို ဆရာတင်ပြီး စစ်ပညာကို မူလတန်းအဆင့်ကနေ ပြန်သင်ခဲ့ပြရပါတယ် ။

ဒီလိုနဲ့ ဂျပန်ခေါ်ပြီး အင်္ဂလိပ်ကို တိုက် တယ် နောက်တော့ အင်္ဂလိပ်ခေါ်ပြီး ဂျပန်ကို ပြန်တိုက်ရင်း အတွေ့အကြုံလေး ရလာပါပြီ ။

၁၉၄၈ မှာ လွတ်လပ်ရေး ပေးတော့ အင်္ဂလိပ်တွေ ပေးခဲ့တဲ့ မီးကျိုးမောင်းပျက် လက်နက်အစုတ်လေးတွေရယ် အစုတ်ထဲက အကောင်းတွေက ကရင်လူမျိုးတွေ လက်ထဲမှာ ရောက်နေတာရယ် ကြုံရပါပြီ ။

နိုင်ငံရေး သမားတွေ စားခွက်လုရင်း ပြဿနာပေါင်းစုံ တက်လာပြီး ဗကပ နဲ့ ကရင် အပါအဝင် တက်မတော် တပ်ရင်းတွေပါ တောခို ကုန်ကြပါတယ် ။
ဦးနေဝင်းဟာ လက်ကျန်တပ်ရင်း ၁၀ ရင်းလောက်နဲ့ ဆက်လက်တိုက်ပွဲဝင်ခဲ့ရပါတယ် ။

လက်နက်ခဲယမ်းအတွက် အနောက်နိုင်ငံတွေက ရောင်းချမပေးခဲ့သလို တရုတ်ကတော့ ဗကပကို မြေတောင်မြောက်ပံ့နေလို့ မြန်မာ့ တပ်မတော်ဟာ ယိုင်နဲ့နဲ့ပဲ ရှိပါတော့တယ် ။

ငွေပေးဝယ်တာတောင် မရောင်းကြလို့ အထီးကျန်နေတဲ့ မြန်မာ့တပ်မတော်ကို အိန္ဒိယကနေ လက်နက်ခဲယမ်း ကူညီခဲ့လို့ အသက်ရှူပေါက် ချောင်ခဲ့ရပါပြီ ။

ရလာတဲ့ လက်နက်ခဲယမ်းတွေ နဲ့ ပြည်တွင်းသူပုန်သာမက ပြည်ပက တရုတ်ဖြူတွေကိုပါ ထိရောက်အောင် ခက်ခဲစွာ တိုက်ခိုက်ခဲ့ရပါတယ် ။

လက်နက်ခဲယမ်းကို သူတပါးအား မှီခိုနေရင် တနေ့ ငါးပါးမှောက်မှာပဲလို့ ဦးနေဝင်းက ရှင်းရှင်းပြတ်ပြတ် စဉ်းစားပြီး ကိုယ်တိုင် ထုတ်လုပ်နိုင်အောင် ကြိုးစားပါတော့တယ် ။

ပထမဆုံး အီတလီထုတ် 9 mm 1245 ဆပ်မရှင်းဂန်းတွေကို BA 52 (နေဝင်းစတင်း) ဆိုပြီး စက်ရုံလိုက်ဝယ်ပြီး ရန်ကုန်အင်းယားကန်အနီးမှာ ထုတ်လုပ်ခဲ့ပါတယ် ။

အဲဒီနောက် ယိုယွင်းနေတဲ့ ပြည်တွင်း နိုင်ငံရေး စီးပွါးရေး လူမျိုးရေး ကိစ္စတွေကို ရှင်းလင်းဆောင်ရွက်ပြီး အခြေကျပြီ ဆိုတာ နဲ့ ဦးနေဝင်းဟာ ၁၉၇၀ မှာ သူရဲ့ လက်နက်စီမံကိန်း ပြန်စခဲ့ပါတယ် ။

ဦးနေဝင်းဟာ အီတလီထက်ကောင်းတဲ့ အစီအစဉ်တွေကို ကြိတ်ပြီး ဆောင်ရွက်ခဲ့ပါတယ် ။ သူဟာ အနောက်ဂျာမဏီကို လူသူမသိအောင် ၁၉၇၀ မှာ သွားပြီး အစိုးရနဲ့ ညှိနှိုင်းပါတယ် ။

ဒုတိယကမ္ဘာစစ်ကြောင့် အမေရိကန်နဲ့ ဥရောပကို အခဲမကျေသေးတဲ့ ဂျာမဏီကလည်း ဦးနေဝင်းကို ကူညီခဲ့ပါတယ် ။

ဂျာမဏီအစိုးရဟာ သူ့နိုင်ရဲ့ ကမ္ဘာကျော် လက်နက်ကုမ္ပဏီ Heckler & Koch နဲ့ ဆက်သွယ်ပြီး စာချုပ် ချုပ်ဆိုပေးခဲ့ပါတယ် ။

လက်နက်စက်ရုံများအား လှို့ဝှက်စွာ တည်ဆောက်ပေးရန် ဒေါ်လာ 419 သန်းတန် စာချုပ် ချုပ်ဆိုခဲ့ပါတယ် ။

77•4 သန်းကို လက်ငင်းပေးချေပြီး 342•3 သန်းကိုတော့ ဂျာမန်အစိုးရထံမှ ချေးယူပြီး ချုပ်ဆိုနိုင်ခဲ့ပါတယ် ။ ဦးနေဝင်းရဲ့ သံတမန်စွမ်းရည်ကြောင့် ဆိုရင် ငြင်းစရာ လိုမယ် မထင်ပါဘူး ။

Heckler & Koch ကုမ္ပဏီကြီးဟာ နာမည်ကျော် M 16 ၊ M 203 grenage Lanche များနဲ့ အခြားနာမည်ကျော် ရိုင်ဖယ်များ ၊ ဆပ်မရှင်းဂန်းများ ၊ အတွဲလိုက်ပစ်လောင်ချာများ နဲ့ မြန်မာ့တပ်မတော်ရဲ့ လက်စွဲတော် G2 G3 G4 တွေ ထုတ်လုပ်တဲ့ ကုမ္ပဏီကြီးဖြစ်ပါတယ် ။

ဦးနေဝင်းဟာ GDP ကျဆင်းနေတဲ့ ကြားထဲက ယခုလို လက်နက်တွေ မဖြစ်မနေဝယ်ခဲ့တဲ့ အကြောင်းတွေကတော့ အိမ်နီးခြင်းဖြစ်တဲ့ ဘင်္ဂလားကတောင် တရုတ်ထုတ် M 21 M23 အသစ်တွေ ဝယ်သုံးနေလို့ ဖြစ်ပါတယ် ။

(ဦးနေဝင်းဟာ တိုင်းပြည်ရဲ့ နိုင်ငံရေး လှုပ်ခတ်စပြုလာတဲ့ ၁၉၈၇ တနှစ်တည်းမှာပဲ သွင်းကုန်တန်ဖိုး ဒေါ်လာသန်းပေါင်း 54022 သန်းရှိရာမှာ အများစုက စစ်လက်နက်စက်ရုံတွေအတွက် ဖြစ်နေပါတယ် ။)

၁၉၇၀ ခုနှစ်က ဂျမဏီမှာ ချုပ်ဆိုခဲ့တဲ့ စာချုပ်အရ Heckler & Koch မှ စေလွတ်လိုက်တဲ့ Fritz Werner ကနေ ပထမဆုံး စက်ရုံအဖြစ် နာမည်ကျော် G3 စက်ရုံ လာတည်ပါတော့တယ် ။

နောက် ဒုတိယစက်ရုံအဖြစ် F 62 ကျည်သုံးရိုင်ဖယ်စက်ရုံ နဲ့ 9mm သုံး စက်ရုံတွေကို ပြည်မြို့မှာ တည်ဆောက်ခဲ့ပါတယ် ။

ဆက်တိုက်ဆိုသလိုပဲ ၁၉၇၀ မှ ၁၉၈၀ အတွင်း TNT အကြီးစားပေါက်ကွဲမှု စက်ရုံအပါအဝင် ကပစ ပိုင် စက်ရုံပေါင်း ၁၂ ရုံကို Fritz Werner ကနေ လှို့ဝှက် ဆောပ်လုပ်ပေးခဲ့ပါတယ် ။

ပြည် ၊ ဆင်တဲ ၊ ထုံးဘို ၊ ပန်းတောင်း ၊ ညောင်ခြေထောက် ၊ မကွေး စတဲ့ နေရာတွေမှာ တပ်မတော်ရဲ့ လက်နက်ငယ် စက်ရုံတွေ အများအပြားကို ကမ္ဘာက လုံးဝ မသိအောင် တည်ဆောက်နိုင်ခဲ့ပါတယ် ။

ဂျာမဏီပညာရှင်တွေ ဒီလေါက်ဝင်ထွက်နေပြီး လှုပ်ရှားနေကြတာကို ကမ္ဘာက မသိအောင် မြန်မာအစိုးရကရော Fritz Werner ကရော ပိရိသေသပ်စွာ လှည့်စားဆောင်ရွက်ခဲ့တာ တွေ့ရပါတယ် ။

ကြောင်လက်ဝှက်လိုလူစားလို့ တင်စားခဲ့ကြရတဲ့ ဥာဏ်ကြီးရှင် ဦးသန်းရွှေရဲ့ ဆရာ ဦးနေဝင်းရဲ့ လှည့်စားပုံကလဲ အလွန်လှပ သေသပ်ပြီး လောင်းကစားသမားလို ပြောရမယ်ဆိုရင် ၂ ကျပ်ကွက် နင်းနိုင်ခဲ့တယ်လို့ ပြောရမှာပါပဲ ။

ဦးနေဝင်းက Fritz Werner ကုမ္ပဏီကို ဒီလို လှည့်စားခိုင်းလိုက်ပါတယ် ။ Fritz Werner ကုမ္ပဏီသည် မြန်မာပြည်အတွက် အရေးတကြီး လိုအပ်နေသောသော လုပ်ငန်းများဖြစ်တဲ့ အုတ်လုပ်ငန်း ၊ အရက်ချက်လုပ်ငန်း ၊ မောင်ဗမာစက်ဘီးစက်ရုံ ၊ တာယာစက်ရုံ ၊

ဘော့ပင်စက်ရုံ စတဲ့ လုပ်ငန်းတွေကို ဗန်းပြအနေနဲ့ လုပ်ပေးပါဆိုပြီး တောင်းဆိုပါတယ် ။

ကုမ္ပဏီကလည်း သဘောတူပြီး လုပ်ပေးတော့ တိုင်းပြည်အတွက် အဲဒီခေတ်အခါက များစွာအထောက်အကူပြုခဲ့ပါတယ် ။ မြန်မာအစိုးရနဲ့ Fritz Werner တို့ဟာ စီးပွါးဖက် အဆင့်ထက် ကျော်လွန်တဲ့ ခင်မင်ရင်းနှီးမှုများ တည်ဆောက်နိုင်ခဲ့ပါတယ် ။

မြန်မာအစိုးရကလည်း ကုမ္ပဏီကို သူတိူ့ တသက်တာ ဂုဏ်ယူစေရမယ့် လက်ဆောင်တခု ပြန်လည်ပေးအပ်လိုက်ပါတယ် ။ အဲဒီ အထူးလက်ဆောင်ကတော့ ,……..?

ကိုရွှေမျိုးဝင်း

Be the first to comment on "ဦးနေဝင်းနဲ့ဦးသန်းရွှေတို့ လှည့်ကွက်သမိုင်းလား"

Leave a comment

Your email address will not be published.


*