People’s Liberation Army (PLA) Xinjiang Military Command နဲ့ Tibet Military Command တို့ ပူးပေါင်းပြီး ဗုဒ္ဓဟူးနေ့က ကုန်းပြင်မြင့်မှာ စစ်ရေး လေ့ကျင့်မှုအချို့ပြုလုပ်ခဲ့ပါတယ်။
အဆိုပါလက်နက်စနစ်တွေဟာ အမြောက်စနစ်တွေဖြစ်ပြီး ကုန်းပြင်မြင့်ဒေ သတိုက်ပွဲအတွက် ထိရောက်မှုရှိတယ်လို့ဆိုပါတယ်။ အဆိုပါကုန်းပြင်မြင့်ဟာ အမြင့်ပေ ၅၀၀၀ အထက်ရှိပြီး နှင်းကျလေ့လည်းရှိပါတယ်။
လေ့ကျင်ပစ်ခတ်ခဲ့တဲ့ အမြောက်လက်နက်စနစ်က PLZ-07 122-millimeter-caliber self-propelled howitzer အမျိုးအစားဖြစ်တယ်လို့ ရှန်ဟိုင်းအခြေ စိုက်သတင်းဌာနတစ်ခုက ဖော်ပြခဲ့ပါတယ်။
၎င်းအမြောက်စနစ်ဟာ တရုတ်ရဲ့ စွမ်းအားအပြင်းဆုံး ဟောင်ဝဇ္ဇာစနစ်ဖြစ်ပြီး အထူးတည်ဆောက်ထားတာဖြစ်တယ်လို့သိရှိရပါတယ်။
PHL-11 self-propelled multiple rocket launcher system နဲ့ဆင်တူမှုရှိပြီး စနစ်နှစ်ခုစလုံးဟာ ယာဉ်တင်ဖြစ်ကာ 122-millimeter-caliber rocket စနစ်တွေကို ထည့်ပစ်လို့ရပါတယ်။
အမြောက်စနစ်အသစ်က ပစ်ခတ်မှုပြောင်း အရေအတွက် ၂၀ ရှိပြီး ၄ ဘီးယက်ယာဉ်စနစ်အပေါ်မှာ အခြေခံတည်ဆောက်ထားခြင်းဖြစ်ကာ PHL-1 စနစ်ကတော့ ၆ ဘီးယက်စနစ်အပေါ်မှာ တပ်ဆင်ထားတာဖြစ်ပြီး ပစ်လွှတ်ပေါက် ၅၀ ပါရှိပါတယ်။
ကုန်းပြင်မြင့်ဒေသမှာ လက်နက်စနစ်တွေဟာ အောက်ဆီဂျင်နည်းပါးတာ ကြောင့် ထိရောက်မှုမရှိပါဘူး။ သို့သော်လည်း လက်နက်ကြီးစနစ်တွေက အခြားနေရာတွေထက် အဆိုပါနေရာတွေမှာ ပိုမိုစွမ်းဆောင်နိုင်ပါတယ်။
တရုတ်ကြည်းတပ်ဟာ PCL-181 155-millimeter caliber self-propelled howitzer နဲ့ PHL-03 long-range multiple rocket launcher system စနစ်တွေကို ကုန်းပြင်မြင့်ဒေသမှာ ဆက်လက်အသုံးပြုလျက်ရှိတယ်လို့ သိရှိရပါတယ်။
Be the first to comment on "တရုတ်က အိန္ဒိယဘက်ကတည်ပြီး အမြောက်စနစ်သစ်တွေထုတ်စမ်းပြ"