အမျိုးသားအင်္ဂါနဲ့တူတဲ့ အကောင်ကြီးတဲ့၊ လုပ်ကြဦး

မိုင်ယာမီ အင်တာနေရှင်နယ်လေဆိပ်မှာ အခုပြောမယ့်အကောင်ကို တွေ့လိုက်ချိန်မှာ အမေရိကန်အမျိုးသမီးထုကြီးအတွက် စိတ်ဝင်စားစရာဖြစ်လာပါတယ်။ မကြာသေးခင်ကမှ ကိုလံဘီယာ၊ ဗင်နီဇွဲလားမှာတွေ့ခဲ့လို့ အမျိုးသမီးတွေ စိတ်ဝင်စားနေတဲ့အကောင်ဟာ အမေရိကားကိုရောက်လာခဲ့ပါပြီ။

လောလောဆယ်ဘာအကောင်လဲမပြောခင်မှာ ပုံစံကမြွေနဲ့ဆင်ပြီး၊ အမျိုးသား အင်္ဂါနဲ့တူလို့ လွယ်လွယ်ကူကူပဲ Penis Snake လို့ သတ်မှတ်လိုက်ကြပါတယ်။ မြန်မာလိုလှအောင်ပြန်ရင် ရွှေပန်းမြွေလို့ဆိုနိုင်ပါတယ်။ တကယ်က ဘိုင်အိုအခေါ်အရ ကေစီလီရန် (caecilian) လို့ခေါ်ပါတယ်။

အကောင်အရွယ်အစားက တပေမပြည့်တပြည့်ကနေ ၅ပေအထိရှိပြီး၊ မျက်စိအမြင်က မရှိသလောက်ပါပဲ။ ကေစီလီရန်လို့ခေါ်တာက မျက်စိအမြင်အာရုံနည်းတဲ့အတွက် လက်တင်ဘာသာစကားနဲ့ မျက်ကန်းလေးလို့ဆိုတာဖြစ်ပါတယ်။ ပုံစံအရတော့ ရွှေပန်းမြွေဆန်ဆန်ပါ။

တကယ်ကမြွေမဟုတ်ပါဘူး။ အန်ဖီဘီရန် (Amphibian) အမျိုးအစားဖြစ်တဲ့အတွက် ဖား၊ ကင်းလိပ်ရှောတို့လို အကောင်တွေနဲ့မျိုးနွယ်ဝင်ဖြစ်ပါတယ်။ အစာရှာရင် မျက်လုံးနဲ့နှာခေါင်းကြားက အာရုံခံလေးတွေနဲ့ရှာပြီး၊ အစာမှန်းသိတာနဲ့ကြိတ်ပါတယ်။ သွားတွေက အပ်ချောင်းလေးတွေလိုမျိုးပုံစံရှိပါတယ်။

ရေချိုနဲ့ကုန်ပေါ်နှစ်ခုလုံးမှာအသက်ရှင်နိုင်သလို တီကောင်၊ပိုးကောင်နဲ့ ဖားသေးသေးလေးတွေ၊ မြွေသေးသေးလေးတွေကို စားပါတယ်။ ထူးဆန်းအကောင်အမျိုးအစားထဲပါတဲ့အတွက် အမေရိကန်မှာတွေ့တာနဲ့ ပြတိုက်တွေထဲမှာ သီးသန့်ထည့်ထားပါတယ်။ လူတွေကလည်းစိတ်ဝင်စားကြပါတယ်။

ရှားပါးတဲ့အတွက် အိမ်မွေးအဖြစ်လည်းမွေးစားကြချိန်မှာ ဈေးကွက်တခုလည်းရှိလာပါတယ်။ ဒါပေမဲ့ ကေစီလီရန် တနည်း ရွှေပန်းမြွေက သဘာဝအတိုင်းရှင်သန်ရမယ့်မျိုးစိတ်ပါ။ ဗမာ့စပါးအုံလို အမေရိကားမှာ အိမ်မွေးတိရစ္ဆာန်လုပ်ရင်းကနေ မလိုလားအပ်တဲ့ ပြဿနာတွေရှိလာနိုင်ပေမဲ့ လက်ရှိမှာတော့ လူတွေကိုအန္တရာယ်ပေးတာမျိုး လုံးဝမရှိသေးပါဘူး။ အမျိုးသမီးတွေကတော့ ပုံစံနဲ့တင် လန့်နေကြတယ်လို့သိရပါတယ်။

 

Be the first to comment on "အမျိုးသားအင်္ဂါနဲ့တူတဲ့ အကောင်ကြီးတဲ့၊ လုပ်ကြဦး"

Leave a comment

Your email address will not be published.


*