သင်္ဘောတိုက်ခိုက်မှုမှာ အစ္စရေးကိုကြောက်လို့အီရန်ဖင်ပိတ်ငြင်းနေ

အိုမန်ကမ်းလွန်မှာ အစ္စရေးတို့ထိန်းချုပ်ထားတဲ့ ရေနံတင်သင်္ဘော တိုက်ခိုက်ခံရမှုမှာ မိမိတို့ပတ်သက်မှုမရှိကြောင်း အီရန်က ငြင်းဆိုလိုက်ပါတယ်။

အစ္စရေးကတော့ အီရန်အပေါ် အပြစ်တင်ထားပြီး အဆိုပါတိုက်ခိုက်မှုကြောင့် လူ ၂ ဦးသေဆုံးခဲ့ရပါတယ်။

အစ္စရေးဝန်ကြီးချုပ် Naftali Bennett ကတော့ အတော်ဒေါသဖြစ်နေပြီး အတော်သူရဲဘောကြောင်တဲ့လုပ်ရပ်လို့ ရှုံ့ချထားပါတယ်။

အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရှိသူ Saeed Khatibzadeh က အစ္စရေးကတော့ ဒေသတွင်း ပြဿနာတက်အောင် အမှုရှာနေတယ်လို့ ပြန်လည်တုံ့ပြန်ထားပါတယ်။

ဒရုန်းနဲ့တိုက်ခိုက်မှုကြောင့် ဗြိတိန်နဲ့ ရိုမေနီးယားနိုင်ငံသားတစ်ဦးတို့ သေဆုံးခဲ့ကြပါတယ်။

ဒါဟာ အီရန်လက်ချက်ပဲဆိုတာ ပြောရဲတယ်လို့ အစ္စရေးဝန်ကြီးချုပ် ပြတ်ပြတ်သားသားပြောကြားထားသလို အီရန်ဘက်ကလည်း ပြတ်ပြတ် သားသားငြင်းဆိုထားပါတယ်။
သေချာတာကတော့ တိုက်ခိုက်မှုက တကယ်ဖြစ်ခဲ့ပြီး လူပေါင်း ၂ ဦးလည်း သေဆုံးခဲ့ရပါပြီ။

Be the first to comment on "သင်္ဘောတိုက်ခိုက်မှုမှာ အစ္စရေးကိုကြောက်လို့အီရန်ဖင်ပိတ်ငြင်းနေ"

Leave a comment

Your email address will not be published.


*