ဆီးရီးယားကို ဂျင်းထည့်ဖို့ တရုတ်ကြီးကြံစည်နေပြီ

တရုတ်အစိုးရသည် မြန်ဆန်စွာ ပြိုလဲကျနေသည့် ဆီးရီးယားနိုင်ငံ၏ စီးပွားရေးပိုင်းတွင် အခွင့်အလမ်းတစ်ချို့ ရှာဖွေရန် ကြိုးပမ်းလျက် ရှိသည်။

မကြာသေးခင်က ဆီးရီးယားသမ္မတ ဘာရှာ အယ်လ် အာဆတ်က ၎င်းသာလျင် ဆီးရီးယားနိုင်ငံကို ပြန်လည်တည်ဆောက်နိုင်သည့် တစ်ခုတည်းသော ပုဂ္ဂိုလ်ဖြစ်ကြောင်း ထုတ်ဖော်ကြေညာခဲ့သည်။

၎င်း၏ ပထမဆုံးသော ပြည်ပဧည့်သည်ဖြစ်သည့် တရုတ်နိုင်ငံခြားရေး၀န်ကြီး ၀မ်ယီကိုလည်း ဖိတ်ခေါ်ခဲ့ပါတယ်။

စစ်ပွဲအလွန် ဆီးရီးယားတွင် တရုတ်၏ ထင်သာမြင်သာမှု အဖြစ်ဆုံး ရင်းနှီးမြှုပ်နှံမှုက အရှေ့အလယ်ပိုင်း၊ အာရှ နှင့် အာဖရိက ဒေသတို့ရှိ ယင်း၏ နည်းဗျူဟာစာအုပ်ကနေ ဖြောင့်ဖြောင့်တန်းတန်း သွားနေခဲ့ပြီး ဒေသ၀င်လမ်းနှင့် ကမ္ဘာလုံးဆိုင်ရာ ကာဗာတစ်ခုအတွက် အပြန်အလှန်အားဖြင့် ပွပေါက်တိုးနိုင်သည့် ရင်းနှီးမြှုပ်နှံမှုများ လုပ်ဆောင်ရန်ပင် ဖြစ်သည်ဟု သတင်းစာက ဖော်ပြသည်။

ဆီးရီးယား ပြန်လည် တည်ဆောက်ရေးမှာ ယင်းနိုင်ငံ၏ မဟာမိတ်များဖြစ်သော ရုရှားနှင့် အီရန်တို့၏ အစီအစဥ်များအပေါ် အဓိကကျထားခဲ့ပြီး

ယခုအခါ တရုတ်အပေါ်တွင်လည်း အဓိကကျလာပြီး ယင်းနိုင်ငံသည် တိုက်ခိုက်မှုများကနေတဆင့် ပါ၀င်ပတ်သက်မှုနည်းပါးပြီး အခွင့်အလမ်းများကိုသာ ရှာဖွေဖော်ထုတ်သည့် မူ၀ါဒတစ်ခုကိုသာ ဆက်လက်ကိုင်ဆွဲထားသည်။

အရှေ့အလယ်ပိုင်းသို့ တရုတ်၏ ၀င်ရောက်လွှမ်းမိုးလုပ်ကိုင်မှုများက ဖြေးဖြေးပုံမှန်ဖြင့် သတိဖြင့် ရှိနေခဲ့ပြီး အီရတ်၏ ရေနံမြေများတွင် ရင်းနှီးမြှုပ်နှံမှုများ လုပ်ဆောင်ခြင်း၊ ယူအေအီး၏ အရေးပါသော အခြေခံအဆောက်အအုံများတွင် ရင်းနှီးမြှုပ်နှံခြင်းတို့ကို လုပ်ဆောင်ထားကြောင်း သတင်းစာက ဖော်ပြသည်။

သို့သော် ဆီးရီးယားနှင့်ပတ်သက်ပြီး တရုတ်၏ လုပ်ဆောင်ချက် အရွေ့သည် ညံ့ဖျင်းသော ရင်းနှီးမြှုပ်နှံမှုတစ်ခု ဖြစ်ကောင်းဖြစ်လာနိုင်ဟု ကျွမ်းကျင်ပညာရှင်တစ်ဦးက ပြောသည်။

Be the first to comment on "ဆီးရီးယားကို ဂျင်းထည့်ဖို့ တရုတ်ကြီးကြံစည်နေပြီ"

Leave a comment

Your email address will not be published.


*