လက်ရှိဖြစ်ပျက်နေတဲ့ မြန်မာနိုင်ငံရဲ့ အကြောင်း ကို ထောက်ပြလာရင်း စိတ်ပျက်နေတဲ့ ဖွေးဖွေး

လက်ရှိဖြစ်ပျက်နေတဲ့ မြန်မာနိုင်ငံရဲ့အကြောင်း ကို ထောက်ပြလာရင်း စိတ်ပျက်နေတဲ့ ဖွေးဖွေး

သရုပ်ဆောင်ဖွေးဖွေးကတော့ ဖေဖော်ဝါရီလကတည်းက စတင်ခဲ့တဲ့တော်လှန်ရေးကြီးမှာ ပြည်သုတွေနဲ့အတူအမှန်တရားဘက်က ပါဝင်ပြီးလမ်းထွက်ကာ လူထုလှုပ်ရှားမှုတွေမှာလဲအားတက်သရောပါဝင်ခဲ့ပါတယ်၊

ဒီလိုပါဝင်ခဲ့ရတဲ့အတွက်ကြောင့်လဲပုဒ်မ၅၀၅ကနဲ့မတရားအမှုဖွင့်ကာအရေးယူထားခြင်းခံရပါတယ်။ဒါကြောင့်ဘေးလွှတ်ရာကိုတိမ်းရှောင်နေရပါတယ်၊

တိမ်းရှောင်နေစဉ်အတောအတွင်းမှာလဲသူမကလူမှုကွန်ယက်ကနေတစ်ဆင့်မိသားစုလိုက်ပြေးနေရကြောင်း၊ပရိတ်သတ်တွေကိုပစ်ထားတာမဟုတ်ကြောင်းကိုလဲပြောကြားထားပါသေးတယ်။

လက်ရှိမှာဖြစ်နေတဲ့ကိုဗစ်ရောဂါတတိယလှိုင်းနဲ့ပတ်သတ်ပြီးတော့လဲအောက်ဆီဂျင်မလုံလောက်မှုတွေကြောင့်အသက်ဆုံးရှုံးခဲ့ရတဲ့ပြည်သူတွေများစွာရှိနေပါတယ်။

ကိုဗစ်ကိုအကြောင်းပြပြီးတော့ကုန်ပစ္စည်းဈေးတွေတင်ရောင်းကြတဲ့အပေါ်ကိုလဲဖွေးဖွေးကပြောကြားထားပါသေးတယ်၊

အခုတစ်ခါမှာဆိုရင်လဲဖွေးဖွေးကအတော်စိတ်ပျက်ဖို့ကောင်းတဲ့နိုင်ငံအကြောင်းကိုလဲ ပြောကြားလာပါသေးတယ်။

ဖွေးဖွေးကကိုယ့်တိုင်းကိုယ့်ပြည်မို့လို့သာ နှစ်ပြီးချစ်နေရတာ၊အတော်စိတ်ပျက်ဖို့ကောင်းတဲ့နိုင်ငံဆိုပြီးအာဏာသိမ်းစစ်ကောင်စီရဲ့မတရားအုပ်ချုပ်နေပြီး

ဒီရောဂါကြီးနဲ့ပတ်သတ်ပြီးတော့လဲမထိန်းချုပ်နိုင်ကြောင်းကိုလဲအခုလိုပဲပြောကြားထားပါတယ်၊ဖွေးဖွေးတစ်ယောက်လဲဘေးရန်ကင်းအန္တာရယ်ရှင်းပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နော်။

————-










celeupdatenews

Be the first to comment on "လက်ရှိဖြစ်ပျက်နေတဲ့ မြန်မာနိုင်ငံရဲ့ အကြောင်း ကို ထောက်ပြလာရင်း စိတ်ပျက်နေတဲ့ ဖွေးဖွေး"

Leave a comment

Your email address will not be published.


*