အိမ်ထောင်ဦးစီးတစ်ယောက်ကို မျက်ရည်လည်စေခဲ့တဲ့ ပါရာစီတမော တစ်ကဒ် နှင့် တစ်ထောင်တန် (၄)ရွက်

😭😭😭ဒီလိုလူတွေ တကယ်ရှိနေပါပြီ ဝိုင်းဝန်းကူညီပေးကြပါစို့😭😭😭

၁၀၀၀ကျပ်တန်လေး၄ရွက်

မနေ့…ညနေ၄နာရီခန့်က အိမ်မှာနေရတာ…ပျင်းလာလို့ဆေးခန်းအတွက် ဆေးနည်းနည်းလိုတာရှိလို့ ကိုယ်တိုင်ထွက်ဝယ်လိုက်တယ်။(အရင်ကဆေးဝယ်.. တာဝန်ခံက အမျိုးသမီးသူမရှိတော့. ခုမှကိုယ်တိုင်ဝယ်ရတာ။)…

ကိုယ့်အတွက်..လိုတဲ့ဆေးတွေယူပြီး ..ကျသင့်စာရင်းတွက်နေတုန်း… ဆေးဝယ်သူတွေရောက်လာတော့ ဆိုင်ရှင်ကို….

“ကျွန်တော်ကအားပါတယ်။ဘာအလုပ်မှမရှိဘူး။သူတို့အရင်ရောင်းလိုက်ပါ”….ဆိုပြီး ..လာဝယ်သူတွေကို..ခပ်လှမ်းလှမ်းကငေးနေမိပါတယ်။

အဲဒီအချိန်…မျက်စိလွှဲလို့မရတဲ့လူတစ်ယောက် ဆိုင်ရှေ့ရောက်လာတယ်။သူ့ပုံစံက… ဗလကောင်းကောင်းအ သက် ၃၅-၄၀လောက်….လုံခြည်ကိုတိုတိုဝတ်ထားတယ်။သူ့လက်နှင့် လုံခြည်မှာ…..

ဘိလပ်မြေ အစအနတွေတွေ့တော့ပန်းရံအလုပ်လုပ်တာလို့ထင်ပါတယ်။ သူ့ကြည့်ရတာ….အလုပ်ပြန် အိမ်အတွက်ဆေးလာဝယ်တယ်ထင်ပါရဲ့။ကျွန်တော်ပြောချင်တာ…ခုမှစပါ့မယ်။…

သူက.. ဆိုင်က…ကလေးမလေးကို …’ပါရာစီတေမာ တစ်ကပ်ပေးပါ”…ဆိုပြီး ခါးကြားလုံခြည်နှင့်လိပ်ထားတဲ့… တစ်ထောင်တန်တစ်ရွက်ပေးပြီး..ပြောပါတယ်။…

ဆိုင်က….ခလေးမက.. ..တစ်ကာဒ်၃၀၀၀လို့ပြောလိုက်တော့ အံသြထိပ်လန့်သွားတဲ့ …သူ့မျက်နှာက …အပြောင်းအလဲကို….ကျွန်တော့်..တစ်သက်ဘယ်တော့မှ …မေ့တော့မည်မဟုတ်ပါ။…

လှမ်းထားတဲ့သူ့လက်ကိုပြန်ရုပ်။တစ်ဖက် ခါးပုံကြားထဲက လိပ်ထားတဲ့ ပိုက်ဆံကိုထုပ်ကြည့်နေတယ်။ကျွန် တော်မသိမသာလှမ်း….ကြည့်နေမိတယ်။အားလုံး… တစ်ထောင်တန်လေးရွက်။…

ဒါတစ်နေ့တာ…. သူ့လုပ်အားခလားမသိ။အိမ်ကအမျိုးသမီး ဒါမှမဟုတ်…. ကလေးတစ်ယောက်ယောက်ဖျားလို့ ပါရာစီတမောမှာလိုက်လို့….ဝယ်တယ်ထင်ပါတယ်။ပါရာကို….တစ်ထောင်ထား…ကျန်တာက…

ဟင်းဘိုးထင်ပါရဲ့။တစ်ထောင်တန်လေးရွက်…လက်ထဲကိုင်ပြီးသူ့ခေါင်းငုံ့စဉ်းစားနေတယ်။ကျွန်တော်လဲ..သူ့ကိုဘယ်လိုပြောပြီးကူညီရမလဲ..စဉ်းစားနေတယ်။ခဏနေ့တော့…သူ့ပါးစပ်ကအသံတိုးတိုးလေးထွက်လာတယ်။…

တစ်ကာဒ်ပေးပါတဲ့။ကျွန်တော်လည်း ..အရဲစွန့်ပြီး ကူညီဘို့ဆုံးဖြတ်လိုက်တယ်။သူ့သိက္ခာကို …ထိခိုက်မှာစိုးတာပါ။ကျွန်တော့်ဝယ်ထားတဲ့… ဆေးအိပ်ထဲက paracetamol၂ကာဒ်ယူပြီး… သူ့ကိုပေးလိုက်တယ်။…

“ဒီမယ်ခင်ဗျ ကျွန်တော်က.ဒီဆေးတွေက ကျွန်တော့်ရွာကလူတွေကို ဝေဘို့ လှူဘို့”ဝယ်ထားတာပါ။ဒီထဲက နှစ်ကဒ် လှူလိုက်မယ်နော်..ဆိုပြီး…ပေးလိုက်တော့မျက် ရည်လည်ပြီး ကျေးဇူးတင်ပါတယ်ဆိုပြောလက် လေး တုန်တုန်နှင့် ယူသွားရှာတယ်။…

ဆေးဆိုင်ကထွက်ပြီး နှစ်ဆိုင်ကျော်က ကုန်စုံဆိုင်ဝင်ပြီး ကျန်တဲ့ ၄၀၀၀ဘိုးဘာတွေဝယ်သွားတယ်မသိပါဘူး။ကြွပ်ကြွပ် အိပ်.လေး ဆွဲပြီး ထွက်သွားပါတော့တယ်။(အသနားခံချင်တာကတော့….ဆင်းရဲသားတွေအပေါ် ဆေးတွေကိုတော့ …အဆမတန်ဈေးမတင်ကြပါနဲ့ )…

( မှတ်ချက် ။ ပုံထဲက၁၀၀၀…လေးရွက်က.. ကုန်စုံဆိုင်ကမိတ်ဆွေ ကိုမေတ္တာရပ်ခံပြီးလဲလာတာပါ။)Wai Lin Tun…

———–

😭😭😭ဒီလိုလူေတြ တကယ္ရွိေနပါၿပီ ဝိုင္းဝန္းကူညီေပးၾကပါစို႔😭😭😭

၁၀၀၀က်ပ္တန္ေလး၄႐ြက္

မေန႔…ညေန၄နာရီခန႔္က အိမ္မွာေနရတာ…ပ်င္းလာလို႔ေဆးခန္းအတြက္ ေဆးနည္းနည္းလိုတာရွိလို႔ ကိုယ္တိုင္ထြက္ဝယ္လိုက္တယ္။(အရင္ကေဆးဝယ္.. တာဝန္ခံက အမ်ိဳးသမီးသူမရွိေတာ့. ခုမွကိုယ္တိုင္ဝယ္ရတာ။)…

ကိုယ့္အတြက္..လိုတဲ့ေဆးေတြယူၿပီး ..က်သင့္စာရင္းတြက္ေနတုန္း… ေဆးဝယ္သူေတြေရာက္လာေတာ့ ဆိုင္ရွင္ကို….

“ကြၽန္ေတာ္ကအားပါတယ္။ဘာအလုပ္မွမရွိဘူး။သူတို႔အရင္ေရာင္းလိုက္ပါ”….ဆိုၿပီး ..လာဝယ္သူေတြကို..ခပ္လွမ္းလွမ္းကေငးေနမိပါတယ္။

အဲဒီအခ်ိန္…မ်က္စိလႊဲလို႔မရတဲ့လူတစ္ေယာက္ ဆိုင္ေရွ႕ေရာက္လာတယ္။သူ႔ပုံစံက… ဗလေကာင္းေကာင္းအ သက္ ၃၅-၄၀ေလာက္….လုံျခည္ကိုတိုတိုဝတ္ထားတယ္။သူ႔လက္ႏွင့္ လုံျခည္မွာ…..

ဘိလပ္ေျမ အစအနေတြေတြ႕ေတာ့ပန္းရံအလုပ္လုပ္တာလို႔ထင္ပါတယ္။ သူ႔ၾကည့္ရတာ….အလုပ္ျပန္ အိမ္အတြက္ေဆးလာဝယ္တယ္ထင္ပါရဲ႕။ကြၽန္ေတာ္ေျပာခ်င္တာ…ခုမွစပါ့မယ္။…

သူက.. ဆိုင္က…ကေလးမေလးကို …’ပါရာစီေတမာ တစ္ကပ္ေပးပါ”…ဆိုၿပီး ခါးၾကားလုံျခည္ႏွင့္လိပ္ထားတဲ့… တစ္ေထာင္တန္တစ္႐ြက္ေပးၿပီး..ေျပာပါတယ္။…

ဆိုင္က….ခေလးမက.. ..တစ္ကာဒ္၃၀၀၀လို႔ေျပာလိုက္ေတာ့ အံၾသထိပ္လန႔္သြားတဲ့ …သူ႔မ်က္ႏွာက …အေျပာင္းအလဲကို….ကြၽန္ေတာ့္..တစ္သက္ဘယ္ေတာ့မွ …ေမ့ေတာ့မည္မဟုတ္ပါ။…

လွမ္းထားတဲ့သူ႔လက္ကိုျပန္႐ုပ္။တစ္ဖက္ ခါးပုံၾကားထဲက လိပ္ထားတဲ့ ပိုက္ဆံကိုထုပ္ၾကည့္ေနတယ္။ကြၽန္ ေတာ္မသိမသာလွမ္း….ၾကည့္ေနမိတယ္။အားလုံး… တစ္ေထာင္တန္ေလး႐ြက္။…

ဒါတစ္ေန႔တာ…. သူ႔လုပ္အားခလားမသိ။အိမ္ကအမ်ိဳးသမီး ဒါမွမဟုတ္…. ကေလးတစ္ေယာက္ေယာက္ဖ်ားလို႔ ပါရာစီတေမာမွာလိုက္လို႔….ဝယ္တယ္ထင္ပါတယ္။ပါရာကို….တစ္ေထာင္ထား…က်န္တာက…

ဟင္းဘိုးထင္ပါရဲ႕။တစ္ေထာင္တန္ေလး႐ြက္…လက္ထဲကိုင္ၿပီးသူ႔ေခါင္းငုံ႔စဥ္းစားေနတယ္။ကြၽန္ေတာ္လဲ..သူ႔ကိုဘယ္လိုေျပာၿပီးကူညီရမလဲ..စဥ္းစားေနတယ္။ခဏေန႔ေတာ့…သူ႔ပါးစပ္ကအသံတိုးတိုးေလးထြက္လာတယ္။…

တစ္ကာဒ္ေပးပါတဲ့။ကြၽန္ေတာ္လည္း ..အရဲစြန႔္ၿပီး ကူညီဘို႔ဆုံးျဖတ္လိုက္တယ္။သူ႔သိကၡာကို …ထိခိုက္မွာစိုးတာပါ။ကြၽန္ေတာ့္ဝယ္ထားတဲ့… ေဆးအိပ္ထဲက paracetamol၂ကာဒ္ယူၿပီး… သူ႔ကိုေပးလိုက္တယ္။…

“ဒီမယ္ခင္ဗ် ကြၽန္ေတာ္က.ဒီေဆးေတြက ကြၽန္ေတာ့္႐ြာကလူေတြကို ေဝဘို႔ လႉဘို႔”ဝယ္ထားတာပါ။ဒီထဲက ႏွစ္ကဒ္ လႉလိုက္မယ္ေနာ္..ဆိုၿပီး…ေပးလိုက္ေတာ့မ်က္ ရည္လည္ၿပီး ေက်းဇူးတင္ပါတယ္ဆိုေျပာလက္ ေလး တုန္တုန္ႏွင့္ ယူသြားရွာတယ္။…

ေဆးဆိုင္ကထြက္ၿပီး ႏွစ္ဆိုင္ေက်ာ္က ကုန္စုံဆိုင္ဝင္ၿပီး က်န္တဲ့ ၄၀၀၀ဘိုးဘာေတြဝယ္သြားတယ္မသိပါဘူး။ႂကြပ္ႂကြပ္ အိပ္.ေလး ဆြဲၿပီး ထြက္သြားပါေတာ့တယ္။(အသနားခံခ်င္တာကေတာ့….ဆင္းရဲသားေတြအေပၚ ေဆးေတြကိုေတာ့ …အဆမတန္ေဈးမတင္ၾကပါနဲ႔ )…

( မွတ္ခ်က္ ။ ပုံထဲက၁၀၀၀…ေလး႐ြက္က.. ကုန္စုံဆိုင္ကမိတ္ေဆြ ကိုေမတၱာရပ္ခံၿပီးလဲလာတာပါ။)Wai Lin Tun…

Be the first to comment on "အိမ်ထောင်ဦးစီးတစ်ယောက်ကို မျက်ရည်လည်စေခဲ့တဲ့ ပါရာစီတမော တစ်ကဒ် နှင့် တစ်ထောင်တန် (၄)ရွက်"

Leave a comment

Your email address will not be published.


*