မြန်မာအိုင်ဒေါစတား အဆိုတော် ဇော်မင်းဦး ကိုဗစ်-၁၉ ရောဂါဖြင့် ကွယ်လွန်

မြန်မာအိုင်ဒေါစတားအဆိုတော် တယောက်ဖြစ်တဲ့ ဇော်မင်းဦးဟာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီး ကွယ်လွန်သွားခဲ့တယ်လို့ သိရပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်ပြီး အဆိုတော် စောလားထော်ဝါးက ခုလိုရေးသားပြီး သူ့ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်ကတဆင့် မျှဝေထားခဲ့ပါတယ်။

“ကိုဇော်မင်းဦး ငါတို့ကိုထားခဲ့ပြီ… ဟျောင့်….နောက်ပြန်တွေ့မှပဲ သီချင်းတွေ ထပ် ပြိုင်ကြတာပေါ့ကွား… R.I.P”

သီချင်းတွေကို အသံပါဝါအားကောင်းကောင်းနဲ့ သီဆိုလေ့ရှိတဲ့ ဇော်မင်းဦးဟာ မြန် မာအိုင်ဒေါသီချင်းဆိုပြိုင်ပွဲ Season 1 မှာ မန္တလေးမြို့ကနေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပြီး Top 6 အဆင့်ထိ ရောက်ရှိခဲ့သူ ဖြစ်ပါတယ်။

တေးသံရှင် မေကြည်က သူ့ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်ကတဆင့် ခုလို ရေးသားထားခဲ့တာကို တွေ့ရပါတယ်။

“အေးချမ်းစွာ အနားယူပါတော့😭😭။ ညီမတို့ ရင်ထဲမှာ အမြဲအမှတ်ရနေမှာပါ။ ပွဲ ရှိတိုင်း ကိုယ့်ညီမကို အမြဲ သတိရတတ်တဲ့အစ်ကိုကြီး။ #RIP Ko ZMO”

လတ်တလောမှာတော့ သူ့ရဲ့ နာရေးသတင်းအပေါ် အနုပညာအသိုင်းအဝိုင်းက ရော၊ ပရိသတ်တွေကပါ ဝမ်းနည်းစိတ်မကောင်းဖြစ်ရကြောင်း လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ရေးသားမျှဝေနေကြပါတယ်။

————-

ျမန္မာအိုင္ေဒါစတားအဆိုေတာ္ တေယာက္ျဖစ္တဲ့ ေဇာ္မင္းဦးဟာ ကိုဗစ္-၁၉ ေရာဂါ ကူးစက္ခံရၿပီး ကြယ္လြန္သြားခဲ့တယ္လို႔ သိရပါတယ္။

ဒီအေၾကာင္းနဲ႔ ပတ္သက္ၿပီး အဆိုေတာ္ ေစာလားေထာ္ဝါးက ခုလိုေရးသားၿပီး သူ႔ရဲ႕ ေဖ့စ္ဘြတ္ခ္လူမႈကြန္ရက္ေပၚကတဆင့္ မွ်ေဝထားခဲ့ပါတယ္။

“ကိုေဇာ္မင္းဦး ငါတို႔ကိုထားခဲ့ၿပီ… ေဟ်ာင့္….ေနာက္ျပန္ေတြ႕မွပဲ သီခ်င္းေတြ ထပ္ ၿပိဳင္ၾကတာေပါ့ကြား… R.I.P”

သီခ်င္းေတြကို အသံပါဝါအားေကာင္းေကာင္းနဲ႔ သီဆိုေလ့ရွိတဲ့ ေဇာ္မင္းဦးဟာ ျမန္ မာအိုင္ေဒါသီခ်င္းဆိုၿပိဳင္ပြဲ Season 1 မွာ မႏၲေလးၿမိဳ႕ကေန ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့တာ ျဖစ္ၿပီး Top 6 အဆင့္ထိ ေရာက္ရွိခဲ့သူ ျဖစ္ပါတယ္။

ေတးသံရွင္ ေမၾကည္က သူ႔ရဲ႕ ေဖ့စ္ဘြတ္ခ္လူမႈကြန္ရက္ေပၚကတဆင့္ ခုလို ေရးသားထားခဲ့တာကို ေတြ႕ရပါတယ္။

“ေအးခ်မ္းစြာ အနားယူပါေတာ့😭😭။ ညီမတို႔ ရင္ထဲမွာ အၿမဲအမွတ္ရေနမွာပါ။ ပြဲ ရွိတိုင္း ကိုယ့္ညီမကို အၿမဲ သတိရတတ္တဲ့အစ္ကိုႀကီး။ #RIP Ko ZMO”

လတ္တေလာမွာေတာ့ သူ႔ရဲ႕ နာေရးသတင္းအေပၚ အႏုပညာအသိုင္းအဝိုင္းက ေရာ၊ ပရိသတ္ေတြကပါ ဝမ္းနည္းစိတ္မေကာင္းျဖစ္ရေၾကာင္း လူမႈကြန္ရက္စာမ်က္ႏွာေတြေပၚမွာ ေရးသားမွ်ေဝေနၾကပါတယ္။

Be the first to comment on "မြန်မာအိုင်ဒေါစတား အဆိုတော် ဇော်မင်းဦး ကိုဗစ်-၁၉ ရောဂါဖြင့် ကွယ်လွန်"

Leave a comment

Your email address will not be published.


*