စ စ်ကောင်စီ ဓါတ်ငွေ့ပိုက်လိုင်းကို ပီဒီအက်ဖ် က ဖျက်ဆီး (ရုပ်/သံ)

စစ်​ကောင်စီ ဓါတ်​ငွေ့ပိုက်လိုင်းကို PDF က ဖျက်ဆီး (ရုပ်/သံ)

ရန်ကုန်၊ ဇူလိုင် ၂၈

အောက်ဆုံးတွင် ဗီဒီယိုဖိုင်ကိုတင်ပေထားပါသည်။

မွန်ပြည်နယ် သထုံမြို့နယ် ဝင်းစိန်ရွာနဲ့စခန်းကြီးရွာကြား

ယိုးဒယားကိုသွယ်တန်းထားတဲ့ စစ်​ကောင်စီ ဓာတ်ငွေ့လိုင်းကို

ဇူလိုင် ၂၇ရက်​နေ့ ည၈နာရီ ခန့်က ဒေသခံ PDF တွေက ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သိရပါတယ်။

Crd – Khit Thit Media

Zawgyi


ရန်ကုန်၊ ဇူလိုင် ၂၈




Crd – Khit Thit Media

————

ဂန့်ဂေါ-ထီးလင်းလမ်းတွင် အကြမ်းဖက် စစ်တပ် ယာဉ်တန်း မိုင်းခွဲခံရပြီး ၂ဝ ဦးသေဆုံး

ရန်ကုန်၊ ဇူလိုင် ၂၈

မကွေးတိုင်း ဂန့်ဂေါ-ထီးလင်းလမ်းပိုင်းတွင် ယနေ့ ဇူလိုင်လ ၂၈ ရက်နေ့ နံနက် ၇ နာရီခန့်တွင် အကြမ်းဖက် စစ်တပ် ယာဉ်တန်းအား ယောဒေသကာကွယ်ရေးတပ်ဖွဲ့ (YDF) က မိုင်းခွဲတိုက်ခိုက်ခြင်းကြောင်း အကြမ်းဖက် စစ်သား ၂ဝဦး သေဆုံးပြီး အများအပြား ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း ယောဒေသကာကွယ်ရေးတပ်ဖွဲ့ (YDF)၏ သတင်းနှင့် ပြန်ကြားရေးက ထုတ်ပြန်ထားသည်။

———-

စစ်ကောင်စီယာဉ်တန်းကို မိုးညှင်းမြို့နယ်အတွင်းကေအိုင်အေကြားဖြတ်တိုက်

၂၀၂၁ ခုနှစ်၊ ဇူလိုင် ၂၈ ရက်။

ယနေ့ ဇူလိုင်လ ၂၈ ရက်နေ့တွင် ကချင်ပြည်နယ် မိုးညှင်းမြို့နယ် မော်ဟန်နှင့် နန့်စီးအောင်ကျေးရွာကြားတွင် ကချင်ပြည်နယ်တို့ တက်လာသော စစ်ကောင်စီတပ်၏ ယာဉ်တန်းကို KIA တပ်မဟာ ၈၊ အမှတ် ၃၅ တပ်ရင်းက စောင့်ကြိုကြားဖြတ်တိုက်ခိုက်ရာမှ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်ဒဏ်ရာ ရရှိမှုသတင်းကိုတော့ မသိရှိရသေးပါ။ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်ကောင်စီတပ်များ စစ်ရေးလှုပ်ရှားမှုများပြုလုပ်လာသောကြောင့် KIA နှင့် တိုက်ပွဲများ မကြာခဏဖြစ်ပွားလျှက်ရှိသည်။
ယမန်နေ့ ဇူလိုင်လ ၂၇ ရက် နံနက် ၇ နာရီခွဲခန့်ကလည်း မော်ဟန်နှင့် နန့်စီးအောင်ကျေးရွာကြားရှိ နန့်စီးအောင် စစ်ဆေးရေးဂိတ်အနီးတွင် မိုင်းကွဲပြီး အဝေးပြေးယာဉ်တစ်စီးထိမှန်ပျက်စီးခဲ့သော်လည်း လူထိခိုက်မှုမရှိခဲ့ပေ။ အဆိုပါ တိုက်ခိုက်မှုသည် မည်သည့်အဖွဲ့အစည်း၏ လက်ချက်ဖြစ်ကြောင်း ယခုအထိ မသိရသေးပါ။

Media9

Be the first to comment on "စ စ်ကောင်စီ ဓါတ်ငွေ့ပိုက်လိုင်းကို ပီဒီအက်ဖ် က ဖျက်ဆီး (ရုပ်/သံ)"

Leave a comment

Your email address will not be published.


*