ဒေါ်လာ ၁၆၈ သန်းရင်းနှီးမြှုပ်နှံပြီး ရာသီဥတုကိုထိန်းချုပ်ဖို့ ကြိုးပမ်းနေတဲ့ တရုတ်နိုင်ငံ

တရုတ်နိုင်ငံဟာ ရာသီဥတုကိုထိန်းချုပ်ဖို့ ဒေါ်လာ ၁၆၈ သန်းရင်းနှီးမြှုပ်နှံလျက်ရှိပါတယ်။တရုတ်နိုင်ငံဟာ မိုးတိမ်ဖန်တီးမှုနည်းပညာဖြင့် မိုးရွာရန်ကြိုးစားလျက်ရှိပါတယ်။

ရေခဲခြောက်နှင့်ငွေရောင်အိုင်အိုဒိုက်များအား ဖြန်းကျဲခြင်းဖြင့်အလုပ်လုပ်တဲ့ နည်းပညာဖြစ်ပါတယ်။၎င်းဟာ မိုး(သို့မဟုတ်)နှင်းများကို တိုးပွားလာစေပါတယ်။

တရုတ်နိုင်ငံဟာ တန်ချိန် ၅၅ ဘီလီယံခန့်ရှိသော ရွာသွန်းမိုးကို နှစ်စဉ်ဖန်တီးလျက်ရှိပါတယ်။၂၀၁၂ ခုနှစ်တွင် တရုတ်နိုင်ငံဟာ တန်ချိန် ၂၈၀ ဘီလီယံကို ထပ်မံမြှင့်တင်မည့်အစီအစဉ်များကိုကြေငြာခဲ့ပါတယ်။

သို့သော်အချို့သောသိပ္ပံပညာရှင်များသည် မိုးတိမ်ဖန်တီးမှုနည်းပညာ လုပ်မလုပ်မသေချာပါဘူး။ထို့အပြင် ဤမျှကြီးမားသောအတိုင်းအတာဖြင့်လုပ်ဆောင်နိုင်ခြင်းရှိ မရှိနှင့်ပတ်သက်၍လည်း သံသယရှိဖွယ်ရာပါ။

တရုတ်နိုင်ငံ၏ရာသီဥတုပြောင်းလဲခြင်းဌာနဟာ နိုင်ငံတစ်ဝှမ်းမှာ လူပေါင်း ၃၅၀၀၀ ကိုအလုပ်ခန့်ထားလျက်ရှိပါတယ်။

—————- 







Credit

Be the first to comment on "ဒေါ်လာ ၁၆၈ သန်းရင်းနှီးမြှုပ်နှံပြီး ရာသီဥတုကိုထိန်းချုပ်ဖို့ ကြိုးပမ်းနေတဲ့ တရုတ်နိုင်ငံ"

Leave a comment

Your email address will not be published.

*